နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကင်မစ်ချ်ရဲ့ နောက်ကျဂိုးနဲ့ ဒေါ့မန်ကို အနိုင်ယူပြီး ဇယား ထိပ်ကနေ ၁၁ မှတ် ဖြတ်လိုက်တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါရဲ့ အကြီးကျယ်ဆုံး ထိပ်တိုက် တွေ့ဆုံမှုဖြစ်တဲ့ “ Der Klassiker” ပွဲစဉ် မှာတော့ ဘေယန်မြူးနစ်က ဒေါ့မန်ကို အကြိတ်အနယ် ကစားပြီး အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ပွဲပြီးခါနီး ၈၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂျော်ရွှာ ကင်မစ်ချ် ရဲ့ အဆုံးအဖြတ်ဂိုးနဲ့ ဒေါ့မန်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု အတွက် ၁၁ မှတ် အထိ ဖြတ်ကာ အသာစီးရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစပိုင်းမှာ ဘေယန်မြူးနစ်တို့ ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး ကိုတော့ ဒေါ့မန်က ၂၆ မိနစ်မှာ စတင်ရရှိခဲ့ပြီး ဆဗန်ဆန်ရဲ့ ပြစ်ဒဏ်ဘော ပေးပို့မှု ကနေ ရှလော့တ်တာဘက်ခ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ရှလော့တ်တာဘက်ခ်ဟာ ဒီဂိုး မသွင်းခင် မိနစ်ပိုင်းကတင် ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် VAR နဲ့ အနီကတ် စစ်ဆေးခံခဲ့ရပေမယ့် ကံကောင်းစွာနဲ့ ကွင်းထဲမှာ ဆက်ရှိနေခဲ့ပါတယ်။

ဒေါ့မန်ဟာ လာမယ့် မတ်လ ၈ ရက်နေ့မှာ ကိုလုံးနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ မိုချင်ဂလာဘတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်နိုင်ခြေ နည်းပါးသွားတဲ့ ဒေါ့မန်

ဒုတိယပိုင်း မှာတော့ ဘေယန်မြူးနစ်တို့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ဆက်တိုက် သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ် မှာတော့ ဆာ့ဂျ် ဂနာဘရီရဲ့ ခေါင်းတိုက်ချပေးမှု ကနေ ဟယ်ရီကိန်းက ဂိုးအောက်ထောင့်ထဲကို ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့ပါတယ်။ အဲဒီနောက် မိနစ် ၇၀ မှာတော့ ရှလော့တ်တာဘက်ခ်က စတန်နီဆစ်ကို ဧရိယာထဲမှာ ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ ရရှိတဲ့ ပင်နယ်တီကို ဟယ်ရီကိန်း ကပဲ အမှားအယွင်းမရှိ အဆုံးသတ်ပြီး ၂-၁ နဲ့ ဦးဆောင်စေခဲ့ပါတယ်။

ပွဲပြီးခါနီး ၈၃ မိနစ် မှာတော့ ဒေါ့မန် အတွက် ဆဗန်ဆန်က အပိုင် ကန်သွင်းပြီး ၂-၂ ဖြစ်အောင် လုပ်နိုင်ခဲ့လို့ ပွဲက သရေကျတော့မယ်လို့ ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ၈၇ မိနစ်မှာ ဒေါ့မန် ကစားသမား ဂျုပ်ဘ် ဘယ်လင်ဟမ် ဖျက်ထုတ်လိုက်တဲ့ ဘောလုံးဟာ ဂျော်ရွှာ ကင်မစ်ချ် ဆီကို ရောက်သွားပြီး ကင်မစ်ချ်က အဝေး ကနေ Volley ကန်ချက်နဲ့ ကန်သွင်းကာ ဘေယန် အတွက် အဖိုးတန် နိုင်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဟယ်ရီကိန်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ဂိုး ၃၀ ပြည့်သွားပြီ ဖြစ်ပြီး ဒုတိယနေရာက ကစားသမားထက် ၁၇ ဂိုး အထိ သာလွန်နေပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါ ၄ ပွဲ ဆက်တိုက် တစ်ပွဲကို ၂ ဂိုးနဲ့ အထက် သွင်းနိုင်တဲ့ လိဂ်စံချိန်ဟောင်းကိုလည်း လိုက်မီသွားခဲ့ပါတယ်။ နီကို ကိုဗက်ရဲ့ ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၆ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန် တင်ထားခဲ့ပေမယ့် အခုပွဲ မှာတော့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဘေယန်မြူးနစ်ဟာ ဒီပွဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ် မျှော်မှန်းဂိုး (xG) ၂.၀၅ အထိ ရှိခဲ့ပြီး ဒေါ့မန်က ၁၀ ကြိမ် မျှော်မှန်းဂိုး (xG) ၁၀၄ ရှိခဲ့တာကြောင့် ဘေယန်မြူးနစ်ရဲ့ နိုင်ပွဲဟာ ထိုက်တန်တယ်လို့ ဆိုရမှာပါ။ ဒေါ့မန်ဟာ ဒီရာသီ ပထမဆုံး ၂၄ ပွဲလုံးမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း သူတို့ သွင်းယူခဲ့တဲ့ ၂၄ ဂိုးမှာ ၁၂ ဂိုး (၅၀ ရာခိုင်နှုန်ုး) ဟာ Set-pieces (တည်ကန်ဘော) တွေ ကနေ ရရှိခဲ့တာဖြစ်ပြီး ဒါဟာ လိဂ်မှာ အကောင်းဆုံး မှတ်တမ်း ဖြစ်ပါတယ်။

ဒေါ့မန်ဟာ လာမယ့် မတ်လ ၈ ရက်နေ့မှာ ကိုလုံးနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ မိုချင်ဂလာဘတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်