နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါဘရီရယ် အတွက် ရီးရဲလ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တဲ့ အာဆင်နယ်၊ ကာမာဗင်ဂါကို ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ဒီကနေ့ မနက်ပိုင်း အထိ သိရှိရသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

နောက်ခံလူ ဂါဘရီယဲလ် မက်ဂါဟေးစ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ စုံစမ်း ကမ်းလှမ်းမှုတွေကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဘက်က ပယ်ချလိုက်ပါတယ်။ စပိန်ကလပ်က သူတို့ရဲ့ ခံစစ်တန်းကို အားဖြည့်ဖို့ ဘရာဇီးလ် နောက်ခံလူကို မျက်စိကျနေတာ ဖြစ်ပေမယ့် အာဆင်နယ် ကတော့ ဂါဘရီယဲလ်ဟာ ရောင်းရန် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဗီလာရီးရဲလ် ကွင်းလယ်လူ ပတ်ပီ ဂူရီကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ယူနိုက်တက်က ဒီဆီနီဂေါ လက်ရွေးစင် ကစားသမားကို ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အကောင်းဆုံးသူ အဖြစ် သတ်မှတ်ထားပါတယ်။

ပက် ဂွါဒီယိုလာရဲ့ မန်စီးတီး အနာဂတ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေချိန်မှာ သူကစားသမား ဘဝက ၂ နှစ်ကြာ ကစားခဲ့ဖူးတဲ့ ကာတာ ကလပ် အဲလ်အာလီက သူ့ကို အက်တီဟတ်ကွင်း ကနေ ခေါ်ယူဖို့ အလေးအနက် ကြိုးပမ်းလာပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါ အတွက် ယူရို သန်း ၁၀၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ဒီလောက် များပြားတဲ့ ပမာဏကို ငြင်းပယ်ဖို့ ခက်ခဲလိမ့်မယ်လို့ ယူဆနေကြပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ နွေရာသီ ပထမဦးစားပေး အစီအစဉ် ကတော့ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုကို မြောက်လန်ဒန်ဆီ ပြန်ခေါ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုဟာ လက်ရှိမှာ အမေရိကန် လက်ရွေးစင် အသင်းနဲ့ စာချုပ်ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့က ရှုပ်ထွေးနိုင်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါ အတွက် ယူရို သန်း ၁၀၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ကာမာဗင်ဂါ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် လက်လွှတ်သွားမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုသာ အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် ချဲလ်ဆီးက ချက်ချင်း ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။ သူ့ကို အာဆင်နယ်၊ စပါး၊ အဲလ်ဟီလာနဲ့ အင်တာမီလန် တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

နည်းပြသစ် မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ခြေစွမ်းပြနေတဲ့ ကိုဘီ မိန်နူးကို ယူနိုက်တက်က စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှု မစတင်ရသေးပေမယ့် အင်္ဂလန် လက်ရွေးစင်လေးကို ရေရှည် စာချုပ် ချုပ်ဆိုထားဖို့ အပြည့်အဝ ရည်ရွယ်ထားပါတယ်။

ဝုဗ် အသင်းရဲ့ လူငယ်ကြယ်ပွင့် မာတီးယပ်စ် မာနေး ကို လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စိတ်ဝင်စားနေပေမဲ့ ဝုဗ်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ဒေါ်လာ ၆၇.၅ သန်း (ပေါင် သန်း ၅၀) ကိုတော့ ပေးချေဖို့ ဆန္ဒမရှိကြပါဘူး။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီ အတွက် ခံစစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်ဟာ ဝုဗ် အသင်းရဲ့ ဘယ်နောက်ခံလူ ဟူဂို ဘူနိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီကစားသမား အတွက် စပါးနဲ့လည်း ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ အင်တာမီလန် ကွင်းလယ်လူ ဒေးဗစ်ဒီ ဖရာတက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် အခုတစ်ခေါက် မှာတော့ ငွေကြေး အမြောက်အမြားနဲ့ ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ပွဲပယ်ခံခဲ့ရတဲ့ မော်ရင်ညို တစ်ယောက် ကွင်းအတွင်း လိုက်ပါလာခြင်း မရှိခဲ့ပဲ အသင်း ဘတ်စ်ကား အတွင်း ပွဲစဉ်ကို ကြည့်ရှုနေခဲ့ကြောင်း သတင်းရရှိပါတယ်။ ကမ္ဘာ့မီဒီယာတွေရဲ့ မျက်လုံးတွေကို ရှောင်လွှဲလိုနေခဲ့တဲ့ မော်ရင်ညိုဟာ ပထမအကျော့ အနီကဒ်ကြောင့် ယခု ဒုတိယအကျော့ ကွင်း အတွင်း လိုက်ပါ ကြီးကြပ်ခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပြီး အသင်းဟောင်း အိမ်ကွင်းမှာ ရက်ပေါင်း ၄၆၅၂ ရက်အကြာ ပြန်လည် ခြေချခွင့်ရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။ မော်ရင်ညိုဟာ အသင်းရဲ့ အရံခုံမှာ ထိုင်ကြည့်ခွင့် မရခဲ့သလို ကစားသမားတွေရဲ့ အနီးအနားမှာတောင် နေခွင့်မရခဲ့တာ ဖြစ်ပြီး အဆိုပါ ပြစ်ဒဏ်ကို ပညာပြတဲ့ အနေနဲ့ ကွင်းထဲတောင် မလာတော့ပဲ ဘတ်စ်ကားထဲ မှာသာ ထိုင်ကျန်ရစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်