နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ်ရဲ့ လက်စားချေ အနိုင်ဂိုးနဲ့ အတူ နောက်တစ်ဆင့် တက်လှမ်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ်

ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် နောက်ထပ် ပွဲစဉ် တပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က ဘင်ဖီကာကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အဲလ်ဗာရို အာဘီလိုအာရဲ့ အသင်းက နှစ်ကျော့ပေါင်း ၃-၁ နဲ့ ဘင်ဖီကာကို ကျော်ဖြတ်ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗင်နီးစီးယပ်စ် ဂျူနီယာ ခြေစွမ်းပြခဲ့ကာ ရီးရဲလ်မက်ဒရစ်တို့ နောက်တစ်ဆင့် မှာတော့ မန်စီးတီး (သို့မဟုတ်) စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပထမအကျော့ ကလည်း ဗင်နီးစီးယပ်စ်ရဲ့ သွင်းဂိုးကြောင့် အသာစီးရထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အခု ဒုတိယအကျော့ မှာလည်း ဗီနီစီးယပ်စ်ကပဲ ပွဲချိန် မိနစ် ၈၀ မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်း ပွဲစပြီး ၁၄ မိနစ် အကြာ မှာတင် အမိုးပိတ်ထားတဲ့ ဘာနေဗျူးကွင်းကြီး တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရပါတယ်။ ဘင်ဖီကာ တိုက်စစ်မှူး ပက်ဗလီဒစ်ရဲ့ ဖြတ်တင်ဘောကို ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရာအူးလ် အဆန်စီယိုက ကိုယ့်ဂိုးကိုယ် သွင်းမိမလို ဖြစ်ခဲ့ရာမှာ ဂိုးသမား ကော့တွာစ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ရာဖာ ဆေးလ်ဗားက အနီးကပ် ပိတ်သွင်းပြီး ဘင်ဖီကာ အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဧည့်သည် ဘင်ဖီကာ တို့ရဲ့ ပျော်ရွှင်မှုဟာ ၂ မိနစ်သာ ခံခဲ့ပါတယ်။ ၁၆ မိနစ်မှာ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီရဲ့ ဖန်တီးပေးမှု ကနေ အော်ရီလီယန် ချူအာမန်နီက ဂိုးထောင့်ထဲကို လှလှပပ အပြင်းကန်သွင်းခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုး ရခဲ့ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာ အာဒါ ဂူလာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂွန်ဇာလို ဂါစီယာ လူကျွံနေခဲ့တာကြောင့် VAR က ဂိုး အဖြစ် ခွင့်မပြုခဲ့ပါဘူး။

ဒါပေမယ့်လည်း ချန်ပီယံလိဂ် ဘုရင်ကြီး ဆိုတဲ့ အတိုင်း သူတို့ရဲ့ ပွဲစဉ်တိုင်းမှာ အနိုင်ရလဒ်ကို ဘယ်လို ရှာဖွေရမလဲ ဆိုတာ ကောင်းကောင်း သိနေဆဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဘုရင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို သဘာနဲ့ ထိန်းထားနိုင်ဆဲ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ဒုတိယပိုင်းမှာ ဘင်ဖီကာတို့ ဂိုးရဖို့ ကြိုးစားခဲ့ပြီး ရာဖာ ဆေးလ်ဗားရဲ့ ကန်ချက် ဂိုးတိုင်ထိခဲ့သလို ရစ်ချက် ရီးယော့စ်ရဲ့ ကန်ချက် ကိုလည်း ကော့တွာစ် ကာကွယ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၈၀ အရောက် မှာတော့ ဗယ်လ်ဗာဒီရဲ့ ပေးပို့မှု ကနေ ဗင်နီးစီးယပ်စ်က ဂိုးသမားကို ကျော်ပြီး အေးအေးဆေးဆေး ကန်သွင်းကာ ရီးရဲလ်မက်ဒရစ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို ရယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နောက်ခံလူ အဆန်စီယို ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် နာကျင် အချိန်ပို ၉ မိနစ် အထိ ပေးခဲ့ရပါတယ်။ အဆန်စီယိုရဲ့ ဒဏ်ရာ ကတော့ နည်းပြ အာဘီလိုအာ အတွက် သေချာပေါက် ခေါင်းကိုက်စရာ ဖြစ်လာဦးမှာ သေချာပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဗင်နီးစီးယပ်စ် ရီးရဲလ်မက်ဒရစ် အတွက် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် (၆ ဂိုး) ဂိုးသွင်းနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က သူတင်ခဲ့တဲ့ စံချိန်ကို ပြန်လည် အမီလိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝမှာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် နှစ်ကျော့စလုံးမှာ ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗင်နီ ဒီလို ခြေစွမ်းပြနိုင်ခြင်းဟာ နည်းပြ အဲလ်ဗာရို အာဘီလိုအာကြောင့် ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်း အဆင့် စတင် ကျင်းပခဲ့တဲ့ ၂၀၀၃-၂၀၀၄ ရာသီ ကနေ အခုအထိ ၂၃ ရာသီ ဆက်တိုက် ဒီအဆင့်ကို တက်လှမ်းနိုင်တဲ့ တသင်းတည်းသော အသင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အမ်ဘာပေး မပါဝင်နိုင်တဲ့ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရဖို့ တော်တော်လေးတော့ ရုန်းကန်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ မျှော်မှန်းဂိုး (xG) ဟာ ၁.၁၁ သာ ရှိခဲ့ပြီး ဘင်ဖီကာ ကတော့ မျှော်မှန်းဂိုး (xG) ၁.၉၈ အထိ ရှိခဲ့ကာ ရီးရဲလ်မက်ဒရစ်ထက် ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ဒီနေ့ပွဲမှ ဗင်နီ ခြေစွမ်းပြခဲ့ပေမယ့် တစ်သင်းလုံး ခြေစွမ်းအရတော့ ရီးရဲလ်မက်ဒရစ်မှာ လိုအပ်ချက်တွေ များစွာ ရှိနေဆဲ ဆိုတာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် ဘုရင်ကြီး ဆိုတဲ့ အတိုင်း သူတို့ရဲ့ ပွဲစဉ်တိုင်းမှာ အနိုင်ရလဒ်ကို ဘယ်လို ရှာဖွေရမလဲ ဆိုတာ ကောင်းကောင်း သိနေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် နည်းပြ အာဘီလိုအာ အနေနဲ့လည်း ဘင်ဖီကာကို မကျော်ဖြတ်နိုင်ခဲ့ရင် ရာထူး ကနေ ထုတ်ပယ်ခံရနိုင်တယ် ဆိုတဲ့ အခြေအနေတွေကို လျစ်လျူရှုထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်