ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လေဗာကူဆင်က အိမ်ကွင်းမှာ အိုလံပီယာကော့စ်နဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ကက်စပါ ဟူးလ်မန်းရဲ့ အသင်းဟာ နှစ်ကျော့ပေါင်း ရလဒ် ၂-၀ နဲ့ပဲ ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီပွဲမှာ ဂိုးမရှိ သရေကျခဲ့တဲ့ လေဗာကူဆင်ရဲ့ စွမ်းဆောင်ရည် အပေါ် နည်းပြ ဟူးလ်မန်းက အားမလို အားမရ ဖြစ်နေပါတယ်။ ပလေးအော့ဖ် ပထမအကျော့တုန်းက ၂-၀ နဲ့ နိုင်ထားတာကြောင့် အခု BayArena ကွင်းက ရလဒ်ဟာ သူတို့ အတွက် နောက်တစ်ဆင့် တက်ဖို့ လုံလောက်ခဲ့တာပါ။ ဒါဟာ ၂၀၁၄-၂၀၁၅ ရာသီ နောက်ပိုင်းမှာ လေဗာကူဆင် အနေနဲ့ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်း အဆင့်ကို နှစ်နှစ် ဆက်တိုက် ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီပွဲဟာ နှစ်သင်းစလုံး အပြန်အလှန် ထိန်းကစားခဲ့ကြတာကြောင့် ဂိုးပေါက် ခြိမ်းခြောက်မှု နည်းပါးခဲ့ပါတယ်။ ဒီပွဲမှ နှစ်သင်းစလုံး ကန်ချက် စုစုပေါင်း ၁၄ ကြိမ် (တစ်သင်းကို ၇ ကြိမ်စီ) ၊ ဂိုးပေါက် တည့်မှု ၂ ကြိမ် (တစ်သင်းကို ၁ ကြိမ်စီ) သာ ရှိခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ဥရောပပြိုင်ပွဲတွေရဲ့ နောက်ဆုံး အိမ်ကွင်း ၁၆ ပွဲမှာ အခုပွဲ အပါအဝင် ၂ ပွဲသာ ဂိုးမသွင်းနိုင်ဘဲ ရှိခဲ့တာပါ။ (ယခင် ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲမှာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ၁၆ သင်း အဆင့်က ဘေယန်မြူးနစ်နဲ့ ပွဲ ဖြစ်ပါတယ်)
ပွဲအပြီးမှာ ကတ်စပါ ဟူးလ်မန်းက သူ့အသင်းရဲ့ ခြေစွမ်း အပေါ် အခုလို ပြောကြားခဲ့ပါတယ်။ ဟူးလ်မန်းက “နောက်တစ်ဆင့် တက်သွားလို့ ဝမ်းသာပေမယ့် ကျွန်တော် တို့ရဲ့ ကစားပုံ ကတော့ မကောင်းခဲ့ပါဘူး။ ပွဲကစားချိန် ၂၅ မိနစ် နောက်ပိုင်းမှာ ပြိုင်ဘက် အသင်းက သူတို့ ဂိုးရနိုင်တယ် ဆိုတဲ့ အသိနဲ့ ဖိအားပေးလာခဲ့တယ်။ တကယ်တော့ ကျွန်တော် တို့ရဲ့ အစီအစဉ်က ခံစစ်ပိတ် ကစားဖို့ မဟုတ်ပေမယ့် အခြေအနေအရ ခံစစ် ကိုပဲ အာရုံစိုက်လိုက်ရပါတယ်။ ကစားသမားတွေ အားအင်နည်းနေပုံ ရလို့ ပြန်ပြီး အားဖြည့်ဖို့ လိုအပ်နေပါပြီ။” လို့ ဆိုပါတယ်။

နောက်တစ်ဆင့်မှာ ဘေယန်မြူးနစ် (သို့မဟုတ်) အာဆင်နယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ အပေါ် ဟူးလ်မန်းက အခုလိုပဲ ဆက်ပြောပါတယ်။ “ဘေယန် ဒါမှမဟုတ် အာဆင်နယ်နဲ့ တွေ့မှာက အရမ်းကောင်းပါတယ်။ သူတို့က ဥရောပရဲ့ အကောင်းဆုံး အသင်းတွေပါ။ အာဆင်နယ် ဆိုရင် အခုလို အဆင့်အတန်းမျိုး ရောက်အောင် နှစ်ပေါင်း များစွာ ကြိုးစားခဲ့ရတာ ဖြစ်သလို၊ ဘေယန် အကြောင်း ကတော့ ဂျာမနီမှာ ဘာမှ ထပ်ပြောနေစရာ မလိုအောင်ကို ကောင်းပါတယ်။ ဒါဟာ ခက်ခဲတဲ့ စိန်ခေါ်မှုကြီးတွေ ဖြစ်ပေမယ့် ကျွန်တော်တို့က ဒီလို စိန်ခေါ်မှုမျိုး ကိုပဲ လိုချင်တာပါ။” လို့ ဟူးလ်မန်းက ဆိုပါတယ်။
လေဗာကူဆင် အတွက် ချန်ပီယံလိဂ် ၉ ပွဲမြောက် ပွဲထွက် ကစားခွင့် ရခဲ့တဲ့ လစ်ဗာပူးလ် နောက်ခံလူဟောင်း ဂျာရယ် ကွမ်ဆာ ကလည်း အခုလိုပဲ ဆိုပါတယ်။ “ပထမဆုံး အနေနဲ့ နောက်တစ်ဆင့် တက်လို့ အရမ်းပျော်ပါတယ်။ အိုလံပီယာကော့စ်က တောင့်တင်းတဲ့ အသင်းမှန်း သိထားလို့ အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ရတယ်။ အခုတော့ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်တဲ့ ဘေယန်မြူးနစ် ဒါမှမဟုတ် အာဆင်နယ်နဲ့ ရင်ဆိုင်ရတော့မှာပါ။” လို့ ပြောကြားခဲ့သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တပတ်က Stadio Georgios Karaiskaki ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တုန်းက လေဗာကူဆင်ဟာ သူတို့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် အဝေးကွင်း နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအိမ်ကွင်း ပွဲစဉ် မှာတော့ နှစ်သင်းစလုံး ဂိုးရဖို့ ရုန်းကန်ခဲ့ရတာကြောင့် အဲဒီတုန်းကလို တိုက်စစ်ဆင် ကစားပုံမျိုးကို ထပ်မံ မမြင်တွေ့ခဲ့ရပါဘူး။ လက်ရှိမှာ လေဗာကူဆင်က ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၅ ပွဲ ဆက်တိုက် ပေးဂိုးမရှိ (Clean Sheet) စံချိန်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်၊ မေလတုန်းက အိမ်ကွင်း (၉) ပွဲဆက် ပေးဂိုး မရှိခဲ့တဲ့ စံချိန် နောက်ပိုင်း သူတို့ရဲ့ အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


