နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဗင်နီးစီးယပ်စ်ကို အလွန်အမင်း အလိုရှိနေတဲ့ ဂွါဒီယိုလာ၊ ဧပြီလ အစောပိုင်းမှာ ပြန်ကစားနိုင်မယ့် ဘယ်လင်ဟမ်နဲ့ မီလီတာအို | လာလီဂါ

အခုတစ်ခါမှာတော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ ၎င်းတို့ရဲ့ တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ်ကို စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် မန်စီးတီး ဘက်က ယူရို သန်း ၁၀၀ (ပေါင် ၈၇.၄ သန်း) နဲ့ ကမ်းလှမ်းလာတာကြောင့် အခြေအနေတွေ ခက်ခဲနေပါတယ်။ ပပ် ဂွါဒီယိုလာဟာ ဘရာဇီးလ် လက်ရွေးစင် ဗင်နီးစီးယပ်စ်ကို ခေါ်ယူဖို့ အလွန်အမင်း အလိုရှိနေတာ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ရဲ့ လူသစ်ရှာဖွေရေး အဖွဲ့ဟာ အသင်းရဲ့ ကွင်းလယ် ဖန်တီးမှု အပိုင်းမှာ ပိုမိုကောင်းမွန်လာစေဖို့ အတွက် လစ်ဗာပူးလ်က ဖလော်ရီယန် ဗစ်ဇ်၊ ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်နဲ့ အက်တလက်တီကိုမက်ဒရစ်က ပါဘလို ဘာရီယို့စ် တို့ကို အနီးကပ် စောင့်ကြည့်နေပါတယ်။ 

ဘာစီလိုနာ တာဝန်ရှိသူတွေဟာ မန်ချက်စတာယူနိုက်တက် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အေစီမီလန်က ရာဖေးလ် လီယာအိုကို ယူရို သန်း ၁၀၀ (ပေါင် ၈၇.၄ သန်း) တောင်းဆိုနေတာနဲ့ အန်တွမ် ဆီမီညိုက ဇန်နဝါရီမှာ မန်စီးတီးကို ပေါင် ၆၂.၅ သန်းနဲ့ ပြောင်းရွှေ့သွားတာတွေကြောင့် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူတာကသာ အကောင်းဆုံး လုပ်ငန်းစဉ် ဖြစ်တယ်လို့ ဘာစီလိုနာက ယုံကြည်သွားတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာ အသင်းဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အဲလ်ဗာရက်ဇ်ကို ဆီမြွန်နီရဲ့ အသင်းက စာချုပ်သစ် ကမ်းလှမ်းထားသလို ပြောင်းရွှေ့ကြေး အလွန်မြင့်မားနိုင်တာကြောင့် ဘာစီလိုနာ အနေနဲ့ နွေရာသီမှာ ကစားသမား တချို့ကို ပြန်လည် ရောင်းချရဖို့ ရှိနေပါတယ်။

ဘန်ဝှိုက် နေရာမှာ ကွန်ဒေးနဲ့ အစားထိုးချင်နေတဲ့ မီခဲလ် အာတေးတား

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘန်ဝှိုက်ရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူဖို့ လာလီဂါ ကလပ် ဘာစီလိုနာ အသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ နောက်ခံလူ မီလီတာအို တို့ဟာ လာမယ့် ဧပြီလ အစပိုင်းမှ ပြန်လည် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ကစားသမား နှစ်ဦးစလုံးဟာ ကြွက်သား ဒဏ်ရာ ပြဿနာနဲ့ အသီးသီး ရင်ဆိုင်ခဲ့ရတာပါ။ မီလီတာအိုဟာ ဒီဇင်ဘာလ ၇ ရက်က ဆဲလ်တာဗီဂိုနဲ့ ပွဲမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ဧပြီလမှ ပြန်လည် ကစားနိုင်ရင် အနားယူရမယ့် ကာလဟာ ၄ လ ဝန်းကျင် ရှိသွားနိုင်ပါတယ်။ 

ဘယ်လင်ဟမ် ကတော့ ဖေဖော်ဝါရီလ ၁ ရက် ရေယို ဗလက်ကာနိုနဲ့ ပွဲမှာ ဒဏ်ရာရခဲ့ကာ အစောပိုင်းက တစ်လလောက်သာ အနားယူရမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဘယ်လင်ဟမ်နဲ့ မီလီတာအိုတို့ နှစ်ဦးစလုံးဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ နှစ်ဦးကို ဧပြီလဆန်းရောက်မှ အသင်း အတွက် ပြန်ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဘာစီလိုနာဟာ နော့ဝှစ်ချ် အကယ်ဒမီက တောင်ပံကစားသမား အာဂျေး တာဗာရက်စ်ကို ခေါ်ယူခဲ့ပါတယ်။ အသက် ၁၆ နှစ် အရွယ် တာဗာရက်စ်ကို ဥရောပကလပ် အများအပြားက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ နော့ဝှစ်ချ်ဟာ တာဗာရက်စ်နဲ့ ပရိုစာချုပ် မချုပ်ဆိုရသေးလို့ နစ်နာကြေးသာ ရရှိမယ်လို့ သိရပါတယ်။ တာဗာရက်စ်ဟာ ဒီရာသီ နော့ဝှစ်ချ် ယူ-၁၈ အသင်းမှာ ကစားနေတာ ဖြစ်တယ်။ ၎င်းဟာ နော့ဝှစ်ချ် ယူ-၁၂ အသင်းကို ပထမဆုံး ရောက်ရှိပြီး ပြီးခဲ့တဲ့နှစ် နွေရာသီက ဒတ်ချ် ကလပ် ဗော်လန်ဒမ်နဲ့ ကစားတဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၁၅ နှစ် အရွယ်နဲ့ လူစားဝင် ကစားခဲ့ပါတယ်။ တာဗာရက်စ် အနေနဲ့ အင်္ဂလန် ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇ အသင်းတွေ ကိုလည်း ကိုယ်စားပြုခဲ့ပါတယ်။ ဘာစီလိုနာဟာ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်က အင်္ဂလိပ် လူငယ် ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်