ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ လီယွန်နယ် မက်ဆီရဲ့ လမ်းစဉ် အတိုင်း အမေရိကန် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟာ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရင် လီယွန်နယ် မက်ဆီလိုမျိုး ထိပ်သီး ကစားသမားတွေ ရှာဖွေနေတဲ့ အေးချမ်းတဲ့ လူနေမှုဘဝကို ရယူနိုင်ဖို့ အတွက် အမေရိကန် မေဂျာလိဂ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကတ်စ်မဲရိုးဟာ ဒီရာသီဟာ အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ နောက်ဆုံး ရာသီ ဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်ပေမယ့်လည်း သူ၏ နောက်ထပ် ဦးတည်ရာမှာ မည်သည့် နေရာ ဖြစ်မယ် ဆိုတာ ကိုတော့ မသိရသေးပါဘူး။ ဆော်ဒီပရိုလိဂ်လို ငွေကြေး အင်အားကောင်းတဲ့ လိဂ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိထားသလို၊ ချန်ပီယံလိဂ် (၅) ကြိမ် ဆွတ်ခူးထားသူကို ခေါ်ယူလိုတဲ့ ဥရောပကလပ်များစွာလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း The Telegraph ရဲ့ ဖော်ပြချက်အရ မိုင်ယာမီမှာ အားလပ်ရက် အပန်းဖြေလေ့ ရှိတဲ့ ကက်စမဲရိုးဟာ အမေရိကန်ရဲ့ လူနေမှုပုံစံကို သဘောကျနေတာကြောင့် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ပိုမိုစိတ်ဝင်စားနေကြောင်း သိရပါတယ်။
အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဖလော်ရီဒါမှာ ရှိတဲ့ သူ့ရဲ့ မိသားစုဘဝနဲ့ ကွင်းပြင်ပ အခြေအနေတွေဟာ ဥရောပ ထိပ်သီးလိဂ်တွေထက် ပိုမို “ အေးချမ်းပြီး စိတ်အပန်းပြေစေတယ်” လို့ အမြဲတမ်း ချီးမွမ်း ပြောဆိုလေ့ ရှိပါတယ်။
“ကျွန်တော်တို့ နေ့တိုင်းကို ပုံစံအသစ်နဲ့ ဖြတ်သန်းနေပါတယ်။ ဒီမှာက ပိုပြီး အပန်းပြေတယ်၊ ဖိအားတွေလည်း သိပ်မရှိဘူး။ အောင်မြင်မှုတွေ ရချင်တဲ့ စိတ်ကတော့ အမြဲရှိနေပေမယ့် အရင်လို အတင်းအကျပ် ဖိအားပေးခံရတာမျိုး မဟုတ်တော့ဘူး။” လို့ ၂၀၂၅ ခုနှစ်ကုန်မှာ မက်ဆီက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “အခုဆိုရင် မိသားစုနဲ့ ကလေးတွေကို ပိုပြီး အချိန်ပေးနိုင်လာတယ်။ လေ့ကျင့်ရေးသွားတာ၊ ပွဲကစားတာတွေ အပြင် အိမ်မှာနေတဲ့ အချိန်တွေ မှာလည်း ဘောလုံး အကြောင်းပဲ တွေးမနေတော့ဘဲ တခြားအရာတွေကို ပိုအာရုံစိုက်နိုင်လာတယ်။ အရင်တုန်းက ဆိုရင် ရလဒ်တွေ မကောင်းတဲ့ အခါ အိမ်ပြန်ရင် စိတ်အလိုမကျတာမျိုးတွေ ဖြစ်တတ်ပေမယ့် အခုတော့ အားလုံး အဆင်ပြေနေပါပြီ။” လို့ ဆိုပါတယ်။
ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်မှာ ပွဲပေါင်း ၃၃၆ ပွဲ အထိ ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်တာကြောင့် ကမ္ဘာ့ပရိသတ် အများဆုံးနဲ့ မီဒီယာ စောင့်ကြည့်မှု အရှိဆုံး အသင်းကြီး နှစ်သင်းမှာ ဆယ်စုနှစ် တစ်ခုကျော် အကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော် အရွယ်မှာ မိသားစုကို အချိန်ပေးလိုတဲ့ သူ့အတွက် မက်ဆီရဲ့ အဆိုပြုချက်မှာ ဆွဲဆောင်မှု ရှိနေခြင်း ဖြစ်ပါတယ်။
မေဂျာလိဂ်ကို အပျော်တမ်း ကစားတဲ့ လိဂ်တစ်ခု အဖြစ် အချို့က မြင်နိုင်ပေမယ့်လည်း မက်ဆီ ကတော့ “အသင်းတွေက အများကြီး ပြေးလွှားကစားကြရတယ်။ အထူးသဖြင့် ပွဲပြီးခါနီးအချိန်တွေမှာ ပိုပြီး ပင်ပန်းတယ်” လို့ သတိပေးထားဖူးပါတယ်။ အလားတူ အီတလီ ဂန္ထဝင် အန်ဒရီယာ ပီယာလို ကလည်း မေဂျာလိဂ်ဟာ ရုပ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှု အလွန်များကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။
“သူက အရင်ကထက်တောင် ပိုကောင်းတဲ့ အဆင့်အတန်းမှာ ရှိနေပါတယ်။ သူ့ရဲ့ အတွေ့အကြုံ၊ နည်းစနစ်ပိုင်းနဲ့ ပွဲကို ထိန်းချုပ်နိုင်စွမ်းတွေက တကယ့်ကို ကောင်းမွန်ပါတယ်။ သူဟာ လူငယ်ကစားသမားတွေ အတွက်လည်း စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်သလို သူနဲ့ အတူ အလုပ်လုပ်ရတာ တကယ့်ကို ဝမ်းသာစရာပါပဲ။” လို့ ကာရစ်ခ်က ဆိုပါတယ်။
ဒါကြောင့် လာမယ့် နွေရာသီမှာ ကက်စ်မဲရိုး အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့မလား၊ သူသွားချင်နေတဲ့ မေဂျာလိဂ် ကိုပဲ ပြောင်းရွှေ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


