နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယူးကာဆယ်ကို အနိုင်ယူပြီး အာဆင်နယ်ကို ဖိအား အကြီကြီး ပေးလိုက်တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာ နယူးကာဆယ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ စီတီးက နီကို အိုရွိုင်လီရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ အတူ ငှက်ကြားတွေကို အနိုင်ယူခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို ၂ မှတ် အကွာနဲ့ အနီးကပ် ဖိအားပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားရက်က ဝုဗ်နဲ့ ပွဲမှာ အာဆင်နယ်တို့ ခြေချော်ခဲ့တာကြောင့် မန်စီးတီး အတွက် ရမှတ် ကွာဟချက်ကို ၂ မှတ် အထိ လျှော့ချနိုင်မယ့် အခွင့်အရေး ရရှိခဲ့တာပါ။ ဒီအခွင့်အရေးကို ပပ် ဂွာဒီယိုလာရဲ့ အသင်းက အက်တီဟတ်ကွင်းမှာ အမိအရ ဆုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲစ ၁၄ မိနစ်မှာ နီကို အိုရွိုင်လီက ပြင်းထန်တဲ့ ကန်ချက်နဲ့ မန်စီးတီး အတွက် ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပါတယ်။ အဲဒီနောက် နယူးကာဆယ် အတွက် လီဝစ် ဟောလ်က ကန်သွင်းရာ မှာတော့ မန်စီးတီး ကစားသမားနဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ချေပဂိုး ပေးလိုက်ရပြီး ၅ မိနစ် အကြာမှာပဲ အာလင်း ဟာလန်းရဲ့ ဖြတ်တင်ဘော ကနေ တဆင့် အိုရွိုင်လီကပဲ ခေါင်းတိုက်ကာ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် အတွင်း မန်စီးတီး အနေနဲ့ တခြားသော ဘယ်အသင်းထက်မဆို အနိုင်ရရှိမှုထက် ပိုများတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ်ကို ခြိမ်းခြောက်နေပြီ ဖြစ်တဲ့ မန်စီးတီး

ဒုတိယပိုင်း မှာတော့ နယူးကာဆယ် အတွက် နောက်ခံလူ ဒန်ဘန်းက ချေပဂိုး သွင်းပေးခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ နယူးကာဆယ် ဂိုးသမား နစ်ခ်ပုပ်က ထောင့်ကန်ဘော ကနေ တဆင့် တိုက်စစ်တက်ပြီး ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရရှိပဲ မန်စီးတီးတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

လူငယ် ကြယ်ပွင့် အိုရွိုင်လီဟာ ပရီးမီးယားလိဂ် ၃၅ ပွဲမြောက်မှာ ပထမဆုံး အကြိမ် တစ်ပွဲတည်း နှစ်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အိမ်ကွင်း ပွဲစဉ်တွေမှာ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်း ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ဟာ ဒီပွဲမှာ မန်စီးတီး အတွက် အဓိက ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ နယူးကာဆယ်နဲ့ တွေ့ဆုံတဲ့ နောက်ဆုံး ၄ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၆ ကြိမ် (၅ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီး) အထိ ရှိလာခဲ့ပါတယ်။ သူဟာ ဒီပွဲမှာ ဂိုးကန်သွင်းမှု ၅ ကြိမ်နဲ့ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ ၁၇ ပွဲ ဆက်တိုက် အနိုင်ရရှိထားသလို၊ စုစုပေါင်း ဆိုရင်တော့ ၃၃ ကြိမ်မြောက် အနိုင်ရမှုလည်း ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် အတွင်း မန်စီးတီး အနေနဲ့ တခြားသော ဘယ်အသင်းထက်မဆို အနိုင်ရရှိမှုထက် ပိုများတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နယူးကာဆယ်က ဘောလုံး ပိုင်ဆိုင်မှု ၅၂.၃% အထိ ရှိခဲ့ပေမယ့် ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) မှာတော့ ၀.၃၂ သာ ရှိခဲ့ပါတယ်။ ပွဲစဉ် တစ်ခုလုံးရဲ့ စုစုပေါင်း (Xg) အရ မန်စီးတီးက ၁.၃၅ ရှိပြီး နယူးကာဆယ်က ၀.၅၈ သာ ရှိခဲ့တာကြောင့် မန်စီးတီးတို့ ဒီပွဲကို ထိုက်ထိုက်တန်တန်နဲ့ အနိုင်ခဲ့တယ်လို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဇယားထိပ် ကနေ ဦးဆောင်နေတဲ့ အာဆင်နယ် ကတော့ စပါးနဲ့ မကစားခင်မှာ အတိုင်းအတာ တစ်ခု အထိ ဖိအားဝင်သွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက်တော့ Must Win Game ကို ကစားရတော့မှာ ဖြစ်ပြီး သရေကျခဲ့ရင်တောင် ရှုံးနိမ့်တယ်လို့ သတ်မှတ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အာဆင်နယ်ဟာ မန်စီးတီး ပွဲပြီးမှ ကစားရတိုင်း နိုင်ပွဲ ရဖို့ ရုန်းကန်ရတတ်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်