နယူးကာဆယ် ကတော့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ အဇာဘိုင်ဂျန်မြေမှာ အန်သိုနီ ဂေါ်ဒွန်ရဲ့ တောက်ပမှုနဲ့ အတူ ကွာရာဘတ်ကို ၆-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရသွားပါတယ်။ ဒါကြောင့် ငှက်ကြားတို့ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ မကစားရသေးခင်မှာပဲ နောက်တစ်ဆင့် တက်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အန်သိုနီ ဂေါ်ဒွန်က ပထမပိုင်းမှာပဲ သူ့ရဲ့ သွင်းဂိုး ၄ ဂိုးစလုံးကို သွင်းယူခဲ့ခြင်း ဖြစ်ပြီး ကျန်ဂိုးတွေ ကိုတော့ မာလစ် သီယောနဲ့ ဂျက်ကော့ဘ် မာဖီ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် ကွာရာဘတ် အတွက် တစ်လုံးတည်းသော နှစ်သိမ့်ချေပဂိုး ကိုတော့ ကာဖာကူလီယက်ဗ်က သွင်းယူပေးခဲ့တာပါ။
ပွဲစဉ်အကျဉ်း
ပွဲစပြီး ၂ မိနစ်ကျော် အကြာမှာပဲ ဒန်ဘန်းရဲ့ ပေးပို့မှု ကနေ တဆင့် ဂေါ်ဒွန်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ နယူးကာဆယ် အတွက် ချန်ပီယံလိဂ် သမိုင်းတလျှောက် အမြန်ဆုံး သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ် မှာတော့ ကီရင် ထရစ်ပီယာရဲ့ ဖြတ်တင်ဘောကို သီယောက ခေါင်းတိုက်ကာ ဒုတိယဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ ကျော် မှာတော့ ကွာရာဘတ် ကစားသမား လက်ထိခဲ့တာကြောင့် ရရှိတဲ့ ပင်နယ်တီကို ဂေါ်ဒွန်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ အဲဒီနောက် ပွဲပြန်စပြီး မကြာမီခင်မှာပဲ ဂေါ်ဒွန်က ပြိုင်ဘက် နောက်ခံလူဆီက ဘောလုံးကို လုယူကာ ဂိုးသမားကို ကျော်ဖြတ်ပြီး သူ့ရဲ့ ဟက်ထရစ်ကို ပြီးမြောက်စေခဲ့ပါတယ်။

အဲဒီနောက် ပထမပိုင်း မပြီးခင်မှာ ဂေါ်ဒွန်က ဧရိယာ အတွင်း ပြိုင်ဘက် ဂိုးသမားရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတာကြောင့် ဒုတိယအကြိမ် ပင်နယ်တီ ရရှိခဲ့ပါတယ်။ ပင်နယ်တီကို အသင်းခေါင်းဆောင် ထရစ်ပီယာက ကန်ချင်ပေမယ့်လည်း ဂေါ်ဒွန် ကပဲ ကန်သွင်းယူခဲ့ရာ ၄ ဂိုးမြောက် ဂိုးကို ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ ဂျက်ကော့ဘ် မာဖီရဲ့ အဝေးကန်ချက်က ပြိုင်ဘက်နဲ့ ထိမှန်ကာ ဂိုးထဲဝင်သွားခဲ့တာကြောင့် နယူးကာဆယ်တို့ ၁-၆ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
နယူးကာဆယ် ကတော့ ဥရောပပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ဒီပွဲမှာ မျှော်မှန်းဂိုး (xG) ၅.၄၈ အထိ ရှိခဲ့ပြီး ကွာရာဘတ်ရဲ့ ၀.၄၆ ထက် အပြတ်အသတ် သာလွန်ခဲ့ပါတယ်။ အန်သိုနီ ဂေါ်ဒွန် ကတော့ ချန်ပီယံလိဂ် သမိုင်းမှာ ပထမပိုင်း အတွင်း ၄ ဂိုး သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ပထမဆုံး ကတော့ ၂၀၁၄ ခုနှစ်က ရှက်တာဒိုးနက် ကစားသမား လူးဝစ္စ အက်ဒရီယာနို ဖြစ်ပါတယ်)။
ဂေါ်ဒွန်ဟာ ၃၃ မိနစ် အတွင်းမှာတင်ပဲ ဟက်ထရစ် ရရှိခဲ့တာ ဖြစ်ပြီး၊ သူဟာ ချန်ပီယံလိဂ် သမိုင်းမှာ အင်္ဂလန် ကစားသမားတစ်ဦး (သို့မဟုတ်) အင်္ဂလန် ကလပ် အတွက် ကစားပေးတဲ့ ကစားသမား တစ်ဦး အနေနဲ့ အမြန်ဆုံး ဟက်ထရစ်စံချိန်ရှင် ဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာ ဂေါ်ဒွန်က အသင်းရဲ့ စုစုပေါင်း မျှော်မှန်းဂိုး (xG) ၅.၄၈ အနက် ၃.၃၆ အထိ တာဝန်ယူနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၆ ကြိမ်၊ ပြိုင်ဘက် ဧရိယာ အတွင်း ဘောလုံးထိချက် ၁၁ ကြိမ် နဲ့ အသင်းတွင် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


