နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန်ကို ပြန်လာချင်နေတဲ့ မက်တော်မီနေး၊ ပက်ဒရို နက်တိုကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဖေဖော်ဝါရီ ၁၅ ရက်နေ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

နာပိုလီ ကွင်းလယ်လူ စကော့တ် မက်တော်မီနေးဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အိမ်မက် ရှိနေပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က သူ့ကို ပြန်လည် ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။

လစ်ဗာပူးလ် အသင်းဟာ မိုဟာမက် ဆာလာကို စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲ ရောက်ရှိလာတော့မယ့် လာမယ့် ရာသီကုန်မှာ ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်က သူ့ကို ခေါ်ယူဖို့ ဆက်လက် စိတ်ဝင်စားနေသလို၊ လစ်ဗာပူးလ် နည်းပြဟောင်း ဘရန်ဒန် ရော့ဒ်ဂျားစ် ကိုင်တွယ်နေတဲ့ အဲလ် ကတ်ဒ်ဆီယာ အသင်း ကလည်း ဆာလာကို ခေါ်ယူမယ့် ပြိုင်ဆိုင်မှုထဲ ပါဝင်လာပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ ချဲလ်ဆီး တောင်ပံ ကစားသမား ပက်ဒရို နက်တိုကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် က သူတို့ရဲ့ ကစားသမားကို ဘယ်လိုနည်းနဲ့မှ လက်လွတ်ခံသွားမှာ မဟုတ်ကြောင်း သိရပါတယ်။

နော့တမ်ဟမ်ဖောရက်စ် တောင်ပံ ကစားသမား အိုမာရီ ဟတ်ချင်ဆန်ကို သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို၊ နယူးကာဆယ် ကလည်း စောင့်ကြည့်နေပါတယ်။

မန်စီးတီး ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ဟာ လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။ သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း တို့က ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ 

အက်စတွန်ဗီလာဟာ ဇန်နဝါရီမှာ အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် ဘယ်နောက်ခံလူ အီယန် မတ်ဆန်ကို ဂျူဗင်တပ်စ်ထံ အလဲအထပ် အဖြစ် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။‌

ဝုဗ် အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်လူ မားတီးယက်စ် မာနေးကို ခေါ်ယူဖို့ လစ်ဗာပူးလ်က လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ တခြား ထိပ်သီး အသင်းကြီးတွေရဲ့ ပြိုင်ဆိုင်မှုနဲ့ ကြုံရနိုင်ပါတယ်။ 

လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ ကတ်စတီလို လု့ခ်ကီဘာကို ခေါ်ယူဖို့ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ အသင့်ရှိနေပါတယ်။ 

တော့တင်ဟမ်ဟော့စပါး အသင်းဟာ အမေရိကန် အသင်း နည်းပြ မော်ရီစီယို ပိုချက်တီနိုကို ခန့်အပ်ဖို့ စိတ်ဝင်စားနေခြင်းက ပူလီဆစ်ကို ခေါ်ယူရာမှာ အသာစီး ရစေနိုင်ပါတယ်။ ကစားသမားက အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ယူနိုက်တက် တို့နဲ့လည်း အဆက်အသွယ် ရှိထားပေမယ့် စပါးရဲ့ စိတ်ဝင်စားမှုက အားအကောင်းဆုံး ဖြစ်နေပါတယ်။ 

တူးလော့စ် အသင်းရဲ့ ဗဟိုနောက်ခံလူ ချာလီ ခရက်စ်ဝဲလ်ကို ဘရိုက်တန်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ နယူးကာဆယ်၊ စပါးနဲ့ ဝက်စ်ဟမ်း အစရှိတဲ့ အသင်းပေါင်းစုံက စောင့်ကြည့်နေပါတယ်။ ယူရို သန်း ၃၀ ကျော် ကမ်းလှမ်းမှု ရှိလာရင် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ ရှိနေပါတယ်။‌

နယူးကာဆယ် အသင်း ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင်တော့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ လီဝစ် မိုင်လေကို ရောင်းချရဖွယ် ရှိနေပြီး၊ အာဆင်နယ်နဲ့ မန်စီးတီး တို့က အခြေအနေကို စောင့်ကြည့်နေကြပါတယ်။ 

အခုနှစ်ကုန်ပိုင်းမှာ ပြန်လည် ကျင်းပမယ့် ၂၀၂၆-၂၇ နေးရှင်းလိဂ် ပြိုင်ပွဲ အတွက် အုပ်စု အဆင့်တွေ ထွက်ပေါ်လာပြီး နာမည်ကြီး အင်္ဂလန်တို့ အုပ်စုကျပ် အတွင်း ကျရောက်နေပါတယ်။ အင်္ဂလန် အသင်းဟာ အုပ်စုတွင်းမှာ စပိန် အပြင် သူတို့ကို မကြာခဏ ဒုက္ခပေးလေ့ ရှိတဲ့ ခရိုအေးရှားနဲ့ အတူ ကျရောက်နေပြီး ခရိုအေးရှား အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၊ ယူရို-၂၀၀၈ ခြေစစ်ပွဲတွေမှာ အင်္ဂလန်ကို အနိုင်ယူပြီးတော့ အသည်းခွဲခဲ့ဖူးပါတယ်။ အင်္ဂလန် အသင်း အုပ်စုထဲမှာ ခြေစွမ်း မာကျောတဲ့ ချက် အသင်းလည်း ပါဝင်နေတာကြောင့် အင်္ဂလန်တို့ အုပ်စုက တက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်