အေစီမီလန် အနေနဲ့ ဒီညမှာ ကစားမယ့် ပီဆာနဲ့ စီးရီးအေ ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် ဇယားထိပ်က အင်တာမီလန်နဲ့ ရမှတ် ကွာဟချက်ကို လျှော့ချနိုင်ဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း နည်းပြ မက်စီမီလီယာနို အယ်လီဂရီ ကတော့ စကူဒက်တို ချန်ပီယံဆု အကြောင်းကို ဆန္ဒမစောကြဖို့ သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ဘိုလော့ဂ်နာကို ၃-၀ နဲ့ အနိုင်ယူခဲ့ပြီးနောက် အေစီမီလန်ဟာ အမှတ်ပေးဇယား အဆင့် ၂ မှာ ရှိနေပေမဲ့ ထိပ်ဆုံးက မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ၈ မှတ် အကွာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ မီလန်က ရမှတ် ၅၀ ရရှိထားပြီး အရီနာ ဂါရီဘဲလ်ဒီကွင်း မှာသာ အနိုင်ရခဲ့ရင် အသင်း သမိုင်းတစ်လျှောက် လက်ရှိအချိန်မှာ ဒုတိယမြောက် ရမှတ် အများဆုံး စံချိန် ကိုပါ ရရှိမှာ ဖြစ်ပါတယ်။
အေစီမီလန်ဟာ ၁၉၉၅-၁၉၉၆ ဘောလုံး ရာသီမှာ ၅၃ မှတ်နဲ့ ၂၀၀၃-၂၀၀၄ ရာသီမှာ ၆၁ မှတ် အသီးသီး ရရှိခဲ့ဖူးပြီး အဆိုပါ ရာသီနှစ်ခုလုံးမှာ စကူဒက်တို (စီးရီးအေ ချန်ပီယံဆု) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အေစီမီလန် ချန်ပီယံ ဖြစ်နိုင်ခြေ အခွင့်အရေးက ၁၁.၄ ရာခိုင်နှုန်းသာ ရှိပြီး အင်တာမီလန်က ၈၄.၈ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
“အခုလောလောဆယ် ကျွန်တော်တို့ ဇယားမှာ အနေအထား ကောင်းပေမယ့် ဒါဟာ မလုံလောက်သေးပါဘူး။ ရမှတ် ၅၀ နဲ့ ဆိုရင် ယူရိုပါကွန်ဖရင့်လိဂ်တောင် ဝင်ဖို့ မသေချာပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့် အမှတ်ရဖို့ နီးကပ်လာလေလေ ကျွန်တော်တို့ အတွက် ပိုကောင်းလေလေပါပဲ။”
“ဒါကြောင့် ဒါဘီ ပွဲစဉ် (မီလန် ဒါဘီ) မတိုင်ခင် ကစားရမယ့် ပွဲတွေက အရမ်းပဲ အရေးကြီးပါတယ်။ အင်တာမီလန်က အရမ်းတောင့်တင်းတဲ့ အသင်း ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ နာပိုလီ ကလည်း အင်အားကောင်းသလို၊ ဂျူဗင်တပ်စ် ကလည်း ပြန်တက်လာနေပြီ။ ဒါကြောင့် Top 4 (အဆင့် ၄ အတွင်း) ဝင်ဖို့က မလွယ်ပါဘူး။” လို့ ဆိုပါတယ်။

အခု တွေ့ဆုံရမယ့် ပီဆာဟာ နိုဝင်ဘာ ၇ ရက်နေ့က ခရီမိုနိစ်ကို နိုင်ပြီးနောက် စီးရီးအေမှာ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယ်လီဂရီ ကတော့ လျှော့မတွက်ထားပါဘူး။ အေစီမီလန်ဟာ ဒီရာသီမှာ ဇယား အောက်ခြေက အသင်းတွေ၊ အထူးသဖြင့် တန်းတက် အသင်းတွေနဲ့ ကစားရာမှာ ရုန်းကန်ရလေ့ ရှိပါတယ်။ ရာသီ အဖွင့်ပွဲမှာ ခရီမိုနီးစ်ကို ရှုံးနိမ့်ခဲ့သလို ပီဆာ၊ ဆာဆူအို တို့နဲ့ အိမ်ကွင်း ပွဲစဉ်တွေ မှာလည်း အမှတ်လျော့ခဲ့ပါတယ်။
အယ်လီဂရီက “ပီဆာက စီးရီးအေမှာ ဆက်ရှိနေဖို့ ရုန်းကန်နေတဲ့ အသင်းပါ။ သူတို့က ကာယ ကြံ့ခိုင်မှု ကောင်းပြီး အိမ်ကွင်းမှာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ပါတယ်။ ကျွန်တော်တို့ အရမ်းသတိထားရမှာပါ။” လို့ သတိပေးခဲ့ပါတယ်။
လက်ရှိ အေစီမီလန်မှာ အဓိက တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်လို့ အရန်လူစာရင်းမှာ ပါဝင်လာနိုင်ပေမယ့် မိနစ် ၂၀ ခန့်သာ ကစားနိုင်ဦးမှာပါ။ ရာဖေးလ် လီယာအိုနဲ့ ဆန်တီယာဂို ဟင်မီနက်ဇ် တို့ကတော့ အခြေအနေ ပိုတိုးတက်မှုတွေ ရှိနေပေမယ့် ဟင်မီနက်ဇ် ကတော့ နောက်ထပ် တစ်လလောက် အကြာမှ ပွဲထွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလက်ဆစ် ဆယ်လီမေကာစ် တယောက် ဒီပွဲကို လွဲချော်ဦးမှာ ဖြစ်ပြီး ကိုမိုနဲ့ ပွဲမှသာ ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


