နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်၊ ယူနိုက်တက်နဲ့ ဘာစီလိုနာ ၃ ပွင့်ဆိုင် အပြောင်းအရွှေ့ ဂယက်များ | ပရီးမီးယားလိဂ်

အကယ်၍ မိုက်ကယ် ကာရစ်ခ်သာ မန်ချက်စတာယူနိုက်တက်ရဲ့ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခံရမယ် ဆိုရင်တော့ လာမယ့်ရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အိုးလ်ထရက်ဖို့ဒ်ဆီ ပြန်လည် ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ရက်ရှ်ဖို့ဒ်ဟာ နည်းပြဟောင်း ရူဘင် အမော်ရင်နဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် ဘာစီလိုနာဆီ အငှားနဲ့ ရောက်ရှိသွားခဲ့တာပါ။ အဲဒီ အငှားစာချုပ်မှာ ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အစောပိုင်းက ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ရောင်းထုတ်ချင်ခဲ့ပေမယ့် အခုတော့ ခြေစွမ်းပြနေတဲ့ အင်္ဂလန်သားကို ပြန်လည် ခေါ်ယူချင်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာ ဘက်ကနေ အပြီးသတ် ဝယ်ယူခွင့်ကို အသုံးချဖို့ စဉ်းစားနေပေမယ့် The Telegraph ရဲ့ အဆိုအရ ကာရစ်ခ်သာ ရာသီကုန်အထိ နည်းပြ အဖြစ် ဆက်ရှိနေမယ် ဆိုရင် ဒီအင်္ဂလန် တိုက်စစ်မှူးကို ယူနိုက်တက်က အသင်းဆီ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

 

ရက်ရှ်ဖို့ဒ် ယူနိုက်တက်ကို ပြန်လာမလား

ဘာစီလိုနာ ဘက်က အပြီးသတ် ဝယ်ယူဖို့ ဆုံးဖြတ်သည် ဖြစ်စေ၊ မဆုံးဖြတ်သည် ဖြစ်စေ နောက်ဆုံး ဆုံးဖြတ်ချက် ကတော့ ရက်ရှ်ဖို့ဒ် အပေါ်မှာပဲ မူတည်နေပါတယ်။ အကယ်၍ သူက ဘာစီလိုနာမှာ ဆက်မနေချင်ဘူး ဆိုရင် ဘယ်သူကမှ သူ့ကို အတင်းအကျပ် ဆွဲထားလို့ မရပါဘူး။

သီအိုရီအရ ဆိုရင်တော့ ယူနိုက်တက် အတွက် ၄၂၆ ပွဲ အထိ ကစားပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ် အတွက် ပရီးမီးယားလိဂ် ကလပ်ဟောင်းဆီ ပြန်လာဖို့ လမ်းစ ရှိနေပါတယ်။ သူ့ကို အသင်း ကနေ ထွက်ခွာအောင် တွန်းအားပေးခဲ့သူက နည်းပြ ရူဘင် အမော်ရင် ဖြစ်နေတာကြောင့် အခုလို နည်းပြ အပြောင်းအလဲ ဖြစ်လာချိန်မှာ ရက်ရှ်ဖို့ဒ် ပြန်လာနိုင်တဲ့ အပေါ် ဖြစ်နိုင်ခြေတွေကို စတင်စဉ်းစားလာကြတာ ဖြစ်ပါတယ်။

သီအိုရီအရ ဆိုရင်တော့ ယူနိုက်တက် အတွက် ၄၂၆ ပွဲ အထိ ကစားပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ် အတွက် ပရီးမီးယားလိဂ် ကလပ်ဟောင်းဆီ ပြန်လာဖို့ လမ်းစ ရှိနေပါတယ်။
ယူနိုက်တက် အတွက် ပွဲပေါင်း ၄၂၆ ပွဲ အထိ ကစားပေးထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်

ဒါပေမယ့် လက်ရှိအချိန် အထိတော့ ရက်ရှ်ဖို့ဒ် ဘက်က ဘာစီလိုနာက လွဲလို့ တခြား ဘယ်ကိုမှ ပြောင်းချင်တဲ့ အရိပ်အယောင် မပြသေးပါဘူး။ နည်းပြ အမော်ရင် ရာထူးက မထုတ်ပယ်ခံရခင် ၂ ပတ်အလို (ဒီဇင်ဘာလ) တုန်းကလည်း ရက်ရှ်ဖို့ဒ်က “ကျွန်တော် လိုချင်တာက ဘာစီလိုနာမှာ ဆက်နေဖို့ပါပဲ။” လို့ စပိန် သတင်းဌာန SPORTကို ပြောကြားခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ သူက ဘာမှ ထပ်မပြောတော့ပါဘူး။

အမှန်အတိုင်း ပြောရရင် ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် ကလပ် ကနေ မထွက်ခွာခင်ကတည်းက အသင်းနဲ့ ဆက်ဆံရေး ပျက်ပြားနေတာပါ။ အဲဒီတုန်းက ခြေစွမ်း မမှန်သလို၊ ကြိုးစား အားထုတ်လိုစိတ် နည်းတဲ့ ကစားသမား တစ်ယောက်ကို လက်လွှတ်ဖို့ ယူနိုက်တက် ဘက်က ဆန္ဒရှိနေသလို၊ ရက်ရှ်ဖို့ဒ် ကိုယ်တိုင်ကလည်း ဘဝသစ် တစ်ခု စချင်နေတာကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တာလည်း ပါပါတယ်။ ဒီအချက်တွေအရ တွေးရင်တော့ ရက်ရှ်ဖို့ ယူနိုက်တက်ဆီ ပြန်လာဖို့ ဆိုတာ ဖြစ်နိုင်ခြေ တော်တော်လေး နည်းပါးနေပါတယ်။

 

ဘာစီလိုနာရဲ့ စွန့်စားရမယ့် အခြေအနေ

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူနိုက်တက်ရဲ့ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး အသက် ၂၈ နှစ် အရွယ် ရက်ရှ်ဖို့ဒ်ကို ဈေးပေါပေါနဲ့ ရအောင် ခေါ်နိုင်ခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုစာ ပရီးမီးယားလိဂ်မှာ ဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပုံမှန် လုပ်နိုင်တဲ့ ကစားသမား တစ်ယောက် အတွက် ယူရို သန်း ၃၀ ဆိုတာ တကယ့်ကို တန်တဲ့ဈေး ဖြစ်ပြီး၊ အခုလက်ရှိလည်း သူက နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းမှာ ခြေစွမ်းပြနေပါတယ်။

သတင်းတွေအရ ဘာစီလိုနာဟာ ဒီထက်တောင် နည်းတဲ့ ပမာဏနဲ့ ခေါ်ယူချင်နေပါသေးတယ်။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် အခက်တွေ့နေတာကို သိတဲ့ အတွက် ဘာစီလိုနာက ဒီထက် ပိုပြီး ဈေးဆစ်နိုင်မယ်လို့ ယုံကြည်နေတာပါ။

ဒါပေမယ့် ဒီလိုလုပ်ဖို့ ဆိုရင် ရက်ရှ်ဖို့ဒ် ဘက်က ယူနိုက်တက်ကို ပြန်ဖို့ လုံးဝ ငြင်းဆန်ရမှာ ဖြစ်သလို၊ တခြား ကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း လျစ်လျူရှုပြီး ဘာစီလိုနာ မှာပဲ ဆက်နေမယ် ဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာ အတွက်တော့ စွန့်စားရမယ့် ဗျူဟာ တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို တခြား ငွေကြေး ချမ်းသာတဲ့ ကလပ်တွေဆီ ရောင်းချဖို့ အသင့်ရှိနေလို့ပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာမှာ ပျော်နေပေမယ့် ယူနိုက်တက်မှာ မိုက်ကယ် ကာရစ်ခ် နည်းပြ ဖြစ်လာရင်တော့ သူ့ကို ပြန်ခေါ်ချင်နေပါတယ်။ ဒါပေမယ့် နှစ်ဦး နှစ်ဖက်ကြားက ဆက်ဆံရေး အေးစက်မှုတွေကြောင့် ဒီအပြောင်းအရွှေ့ကတော့ တကယ်ဖြစ်လာဖို့ ခက်ခဲနေဦးမှာပါ။ လက်ရှိ အချိန်ထိတော့ သုံးပွင့်ဆိုင် အပြောင်းအရွှေ့ ဇာတ်လမ်းလေးမှာ ရက်ရှ်ဖို့ဒ်က အချစ်ဟောင်းဆီ ပြန်သွားဖို့ထက် ရင်ခွင်သစ်မှာပဲ ဆက်လက် ခိုအောင်းသွားဖို့ များနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်