နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝက်စ်ဟမ်းကို အံ့အားသင့်ဖွယ် Comeback နဲ့ အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ချဲလ်ဆီးက ဝက်စ်ဟမ်းကို အံ့အားသင့်ဖွယ် Comeback ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့ရပေမယ့် ဧည့်သည် အသင်းရဲ့ ၂ ဂိုးပြတ် ဦးဆောင်ခြင်းကို ခံခဲ့ရပြီး နောက်ကနေ လိုက်ကစားကာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အန်ဇို ဖာနန်ဒက်စ် သွင်းယူပေးခဲ့တဲ့ အဖိုးတန် အနိုင်ဂိုးကြောင့် အဖိုးတန် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ ပထမပိုင်းမှာ နှစ်ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပြီးမှ ပွဲအပြီးမှာ ပြန်လည် အနိုင်ရရှိခဲ့တာဟာ ဒီတစ်ကြိမ်က ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ပွဲအစပိုင်းမှာ ချဲလ်ဆီးရဲ့ အထနှေးတတ်တဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲစပြီး ၇ မိနစ်မှာတင်ပဲ ဂျရော့ဒ် ဘိုဝင်ရဲ့ ဖြတ်တင်ဘောက ဂိုးထဲကို တိုက်ရိုက် ဝင်သွားခဲ့သလို၊ ပွဲချိန် ၃၆ မိနစ်မှာလည်း ဆမ်းမားဗီးလ်က ဒုတိယဂိုး သွင်းယူခဲ့တာကြောင့် ဝက်စ်ဟမ်းက ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး နည်းပြ လီယန် ရိုစီနီယာဟာ ဒုတိယပိုင်းမှာ ယာအို ပက်ဒရို၊ ဝက်စလေ ဖိုဖာနာနဲ့ ကူကာရယ်လာ တို့ကို ဝင်ရောက်စေခဲ့ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲက မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ဒီအပြောင်းအလဲ ကပဲ ပွဲရလဒ်ကို အဓိက ပြောင်းလဲပေးခဲ့တာပါ။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ပထမပိုင်း ၂ ဂိုးပြတ် ရှုံးနေပြီးမှ ပြန်လည် အနိုင်ရခဲ့တာ ပထမဆုံး ဖြစ်ပါတယ်။
အကောင်းဆုံး ပြန်လာနိုင်မှုနဲ့ အတူ ဝက်စ်ဟမ်းကို တန်းဆင်းဇုန်ထဲ ဆက်ရှိနေစေခဲ့တဲ့ ချဲလ်ဆီး

ဒါကြောင့် ပွဲချိန် ၅၇ မိနစ် မှာတော့ ဖိုဖာနာရဲ့ ဖန်တီးပေးမှု ကနေ ယာအို ပက်ဒရိုက ချေပဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ လီယန် ဒီလက်ပ်ရဲ့ ခေါင်းတိုက်ချက် ဘားတန်း ထိထွက်လာတာကို ကူကာရယ်လာက အမိအရ ခေါင်းတိုက်ကာ ၂-၂ ဖြစ်စေခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ ယာအို ပက်ဒရိုရဲ့ ဖန်တီးပေးမှု ကနေ အန်ဇို ဖာနန်ဒက်စ်က အပိုင် ကန်သွင်းကာ ချဲလ်ဆီး အတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ နှစ်ဖက် ကစားသမားတွေ အကြား အချေအတင် ဖြစ်ပွားခဲ့ပြီး ယာအို ပက်ဒရိုရဲ့ လည်ပင်းကို ညှစ်ခဲ့တဲ့ ဝက်စ်ဟမ်း နောက်ခံလူ တိုဒီဘို ကတော့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်းကို ဝင်ရောက်လာနိုင်ခဲ့ပြီး ဝက်စ်ဟမ်း ကတော့ အဆင့် ၁၈ နေရာ မှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ အဓိက ချီးကျူးရမှာက တည်ငြိမ်တဲ့ လီယမ် ရိုစီနီယာနဲ့ သူ့ရဲ့ မှန်ကန်တဲ့ နည်းဗျူဟာ အပြောင်းအလဲ ဖြစ်ပါတယ်။ ပြိုင်ဘက်ရဲ့ ဂိုးပြတ် ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် အလွယ်တကူ အရှုံးမပေးခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးရမှာပါ။ ဒါကလည်း လန်ဒန် ဒါဘီ ပွဲစဉ် ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သေချာတာ ကတော့ ဒီနေ့ပွဲမှာ ချဲလ်ဆီးရဲ့ DNA ကို မြင်တွေ့ခဲ့ရပြီး ထိုက်တန်လွန်းတဲ့ နိုင်ပွဲကို အရယူနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ပထမပိုင်း ၂ ဂိုးပြတ် ရှုံးနေပြီးမှ ပြန်လည် အနိုင်ရခဲ့တာ ပထမဆုံး ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အတွက်တော့ ၂၀၁၁ ခုနှစ် နောက်ပိုင်း ၂ ဂိုး အသာရနေပြီးမှ ပြန်ရှုံးတာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နောက်ပိုင်း ချဲလ်ဆီး အတွက် လူစားဝင် ကစားသမား နှစ်ဦး (ယာအို ပက်ဒရိုနဲ့ ကူကာရယ်လာ) တစ်ပွဲတည်း ဂိုးသွင်းနိုင်ခဲ့တာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ နည်းပြ လီယန် ရိုစီနီယာဟာ ပရီးမီးယားလိဂ်မှာ တာဝန်ယူတဲ့ ပထမဆုံး ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့တဲ့ ၄ ဦးမြောက် အင်္ဂလန် နိုင်ငံသား နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်