နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီအကုန်မှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာမယ့် ဂိုရက်ဇ်ကာ | ဘွန်ဒက်စ်လီဂါ

ဂျာမန် လက်ရွေးစင် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာ ကတော့ အခုဘောလုံးရာသီ အကုန်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဂိုရက်ဇ်ကာဟာ ရာသီကုန်မှာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကာ အလိုင်းရန့်ဇ် အရီနာကို စွန့်ခွာတော့မှာလည်း ဖြစ်ပါတယ်။ 

ဂိုရက်ဇ်ကာဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ဘွန်ဒက်စ်လီဂါ ကလပ်ဟောင်း ရှော်လ်ကီ ကနေ ဘေယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဂျာမန် ထိပ်သီး ကလပ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၂၉၂ ပွဲ အထိ ပါဝင်ကစားပေးခဲ့ပါတယ်။ သူ့အနေနဲ့ ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား (၆) ကြိမ်၊ ဂျာမန် ပိုကယ်ဖလား (၂) ကြိမ်၊ ချန်ပီယံလိဂ် ဖလား (၁) ကြိမ်၊ ဥရောပစူပါဖလား (၁) ကြိမ်နဲ့ ဖီဖာ ကမ္ဘာ့ကလပ်ဖလား (၁) ကြိမ် တို့ ရရှိခဲ့ပါတယ်။ 

အသက် ၃၀ အရွယ် ဂျာမနီ လက်ရွေးစင်က ဘေယန်မြူးနစ်မှာ ကစားခဲ့တဲ့ သက်တမ်း တစ်လျှောက် သွင်းဂိုးပေါင်း (၄၇) ဂိုး သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု အကြိမ် (၄၀) ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ ရာသီမှာလည်း ဂိုရက်ဇ်ကာက ဘေယန်မြူးနစ် အတွက် (၂) ဂိုး သွင်းယူပေးထားပါတယ်။ 

ဒီလို ဘေယန်မြူးနစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂိုးရက်ဇ်ကာက သူ့ရဲ့ အင်စတာဂရမ် ကနေ တစ်ဆင့် ထုတ်ပြန်ရာမှာတော့ “နိုင်ငံတကာ ထိပ်တန်း ကလပ်တွေက ကျွန်တော့် အပေါ် စိတ်ဝင်စားမှု ရှိနေတဲ့ အပေါ်မှာ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ရာသီကုန် အထိ ဘေယန်မြူးနစ် မှာပဲ ဆက်ရှိနေဖို့ ကျွန်တော် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပါတယ်။ ကွင်းထဲမှာရော ကွင်းပြင်ပ မှာပါ ပျော်ရွှင်စရာ ကောင်းတဲ့ အသင်းဖော်တွေ၊ အသင်းကို စည်းလုံးတဲ့ အစုအဖွဲ့ တစ်ခု ဖြစ်အောင် ပြန်လည် ပုံဖော်ပေးထားတဲ့ နည်းပြ တို့နဲ့ အတူ ကျွန်တော် ဒီအသင်း အပေါ် အလွန်ပဲ သံယောဇဉ် ကြီးမားမိပါတယ်။”

ဘေယန်မြူးနစ် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ အော့စ်ဘတ်ကို မထင်မှတ်ပဲ ရှုံးခဲ့ပြီး ဒီရာသီ အတွက် ပထမဆုံး ဘွန်ဒက်စ်လီဂါ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ကနေ အမှတ်ဖြတ် ဦးဆောင်ထားနိုင်ဆဲ ဖြစ်တဲ့ ဘေယန်မြူးနစ်

“ကျွန်တော် တို့ရဲ့ ဘုံရည်မှန်းချက် ကတော့ လာမယ့် မေလမှာ မာရီယန်ပလေ့ဇ် ရင်ပြင်မှာ ပရိသတ်တွေနဲ့ အတူ အကြီးမားဆုံး အောင်ပွဲတွေကို အတူတူ ဆင်နွှဲဖို့ပါပဲ။ တစ်ချိန်တည်းမှာပဲ အသင်းနဲ့ ကျွန်တော် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မှာတော့ အောင်မြင်မှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ကျွန်တော် တို့ရဲ့ အတူတူ ဖြတ်သန်းမှုတွေကို ဒီနွေရာသီမှာ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရင်က ကျွန်တော် ပြောခဲ့ဖူးသလိုပဲ အခုအချိန်ဟာ ကစားသမား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက် အနေနဲ့ပါ အခန်းကဏ္ဍသစ် တစ်ခုကို စတင်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။” လို့ ရေးသားခဲ့ပါတယ်။

လက်ရှိမှာ လီယွန် ဂိုရက်ဇ်ကာကို ခေါ်ယူဖို့ လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ်နဲ့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကလည်း ဂိုရက်ဇ်ကာ အသင်းမှ မထွက်ခွာမီ ဒီရာသီကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း ပြောကြားခဲ့ပါတယ်။ ဟမ်းဘတ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်ခင် ကွန်ပနီက ဇန်နဝါရီအပြောင်းအရွှေ့မှာ တခြားသော ကလပ်များက စိတ်ဝင်စားနေပေမယ့်လည်း ဂိုရက်ဇ်ကာက အသင်းမှာ ဘာကြောင့် ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလဲ ဆိုတာ အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော်နဲ့ လီယွန်ရဲ့ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ပြီး ပွင့်လင်း ရိုးသားပါတယ်။ အသင်းမှာ သူ့ရဲ့ အခန်းကဏ္ဍက အမြဲတမ်း အရေးပါခဲ့ပါတယ်။ အတူတူ ဖြတ်သန်းခွင့်ရဦးမယ့် အခိုက်အတန့်တွေကို ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါကြောင့်လည်း ဘိုင်ယန်မှာ ဆက်နေဖို့ သူ့ရဲ့ တွန်းအားက အလွန်ကြီးမားခဲ့တာပါ။” လို့ ကွန်ပနီက ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ အော့စ်ဘတ်ကို မထင်မှတ်ပဲ ရှုံးခဲ့ပြီး ဒီရာသီ အတွက် ပထမဆုံး ဘွန်ဒက်စ်လီဂါ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘေယန်က လက်ရှိမှာ အမှတ်ပေးဇယား ထိပ်ကနေ ဒုတိယနေရာက အသင်းကို ၈ မှတ် ဖြတ်ကာ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဟမ်းဘတ် ကတော့ လက်ရှိမှာ အဆင့် ၁၄ နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၃ မှတ်သာ ကွာဟပါတယ်။ ဒီနှစ်သင်းက နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲစလုံး မှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်