ညက ယှဉ်ပြိုင်ကစားသွားတဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာတော့ အဲလ်နာဆာက အဲလ်ခါလူးဒ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ယာအို ဖီးလစ် တစ်ယောက် ခြေစွမ်းပြခဲ့ပြီး ရော်နယ်ဒို၊ ဆီမာကန်၊ ကိုမန်တို့လည်း သွင်းဂိုးတွေ ရရှိခဲ့ကြပါတယ်။ ဒီနိုင်ပွဲကြောင့် အဲလ်နာဆာက ဆော်ဒီပရိုလိဂ်မှာ ၄ ပွဲ ဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ဇယားထိပ်ဆုံးက အဲလ်ဟီလာကို ၃ မှတ် အကွာနဲ့ ဖိအားပေးထားနိုင်ပြီ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစကတည်းက အဲလ်နာဆာက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်း မှာတင်ပဲ ယာအို ဖီးလစ်ရဲ့ ကန်ချက်ကို အဲလ်ခါလူးဒ် ဂိုးသမား ကော့ဇ်နီ ပုတ်ထုတ် ကာကွယ်ခဲ့ရသလို ရော်နယ်ဒိုရဲ့ အပိုင်ကန်ချက် ကိုလည်း အဲလ်ခိုလူးဒ် နောက်ခံလူက ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်ရဲ့ အသင်းက အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်း နာကျင် အချိန်ပိုမှာ ဆာဒီယို မာနေးက ဖီးလစ်ရဲ့ ဖြတ်တင်ဘော ကနေ ဂိုးသွင်းယူခဲ့ပေမယ့် ဖီးလစ် လူကျွံနေတာကြောင့် VAR က ဂိုးမပေးခဲ့ပါဘူး။ ဒုတိယပိုင်း ပွဲပြန်စပြီး ၂ မိနစ် အကြာမှာတော့ အဲလ်နာဆာတို့ လိုအပ်နေတဲ့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဖီးလစ်ရဲ့ ပေးပို့မှု ကနေ ရော်နယ်ဒိုက အနီးကပ် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ၆ မိနစ် အကြာမှာလည်း ဖီးလစ်ရဲ့ ထောင့်ကန်ဘော ကနေ ဆီမာကန် က ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ဖီလစ်က ရာဘိုနာ ကန်ချက် (ခြေထောက်ယှက်ကန်ချက်) နဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ ပွဲချိန် ၇၂ မိနစ် မှာတော့ အဲလ်ခိုလူးဒ် အသင်းခေါင်းဆောင် ဟာတန် ဘာဘရီဟာ ဆီမာကန်ကို တံတောင်နဲ့ တိုက်ခဲ့တာကြောင့် VAR စစ်ဆေးပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးခါနီး မှာတော့ ကင်စလေ ကိုမန် တစ်ယောက် ဧရိယာထဲမှာ ဖျက်ထုတ်ခံရတာကြောင့် ပင်နယ်တီ ရရှိခဲ့ပြီး ကိုယ်တိုင်ပဲ အမှားအယွင်းမရှိ ကန်သွင်းကာ အဲလ်နာဆာကို အနိုင်သေချာစေခဲ့ပါတယ်။
ပွဲပြီးအချက်လက်နဲ့ မှတ်တမ်းများ
ဒီနေ့ပွဲမှာ ယာအို ဖီးလစ်ဟာ ကွင်း အတွင်း အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ ဂိုးဖန်တီးမှု ၂ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု (Chances Created) ၄ ကြိမ်၊ ဂိုးပေါက် ကန်ချက် ၆ ကြိမ်၊ ဧရိယာ အတွင်း ဘောလုံး ထိချက် ၁၄ ကြိမ်နဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။
အဲလ်နာဆာ ကတော့ ဒီနိုင်ပွဲကြောင့် ၄ ပွဲဆက် နိုင်ပွဲရခဲ့ရုံသာမကဘဲ ဒီရာသီမှာ ဒုတိယအကြိမ်မြောက် ဆော်ဒီပရိုလိဂ် ၂ ပွဲဆက် ဂိုးမပေးရအောင် (Clean Sheet) စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်နာဆာ အနေနဲ့ အဲလ်ဟီလာရဲ့ နှစ်ပွဲဆက် သရေကျမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၃ မှတ်သာ ကွာဟတော့တာကြောင့် အမှတ်ပေးချန်ပီယံဆုကို ပြန်လည် မျှော်လင့်နိုင်ပြီလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရော်နယ်ဒိုက ကစားသမားဘဝ သွင်းဂိုး ၉၆၁ ဂိုး အထိ ရှိလာခဲ့ပြီး သူ့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ကတော့ ၃၉ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ တစ်ပွဲကျော်စီ သွင်းဂိုး ရရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


