နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ပလေးအော့ဖ် မဲခွဲပွဲအပြီး Opta စူပါကွန်ပျူတာရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ တွက်ချက်မှုများ

ချန်ပီယံလိဂ်ရဲ့ လိဂ် အဆင့် ပွဲစဉ်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အံ့အားသင့်ဖွယ် ဒရာမာ မျိုးစုံနဲ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ပလေးအော့ဖ် မဲခွဲပွဲ ကလည်း ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ရှုံးထွက်အဆင့် ပွဲစဉ်တွေ အတွက် အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ဒီလိုမျိုး ခန့်မှန်းရခက်တဲ့ ဥရောပရဲ့ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီးမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ ဆိုတာကို Opta ရဲ့ စူပါကွန်ပျူတာက အောက်ပါအတိုင်း တွက်ချက် ခန့်မှန်းပေးထားပါတယ်။

 

ချန်ပီယံလိဂ် ပလေးအော့ဖ် မဲခွဲပွဲရလဒ်များ

  • ဒေါ့မန် – အတ္တလန္တာ
  • ဘင်ဖီကာ – ရီးရဲလ်မက်ဒရစ်
  • မိုနာကို – ပီအက်စ်ဂျီ
  • ဂါလာတာဆာရေး – ဂျူဗင်တပ်စ်
  • အိုလံပီယာကော့စ် – လေဗာကူဆင်
  • ဘိုဒို/ဂလင့်မ် – အင်တာမီလန်
  • ကွာရာဘက် – နယူးကာဆယ်
  • ကလပ် ဘရုဂေး – အက်တလက်တီကိုမက်ဒရစ်
 

၂၀၂၅-၂၆ ချန်ပီယံလိဂ် ချန်ပီယံ ခန့်မှန်းချက်

ဒုတိယ နေရာမှာတော့ ဘေယန်မြူးနစ် ရှိနေပြီး သူတို့ရဲ့ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ကတော့ ၁၅.၀၀ ရာခိုင်နှုန်း ရှိနေပါတယ်။
အာဆင်နယ်နဲ့ ပွဲက လွဲလို့ ကျန်ပွဲ အားလုံးမှာ အနိုင်ရထားတဲ့ ဘေယန်မြူးနစ်

စူပါကွန်ပျူတာရဲ့ ချန်ပီယံလိဂ် ချန်ပီယံ ခန့်မှန်းချက်မှာ အံ့အားသင့်စရာ အကောင်းဆုံးက အာဆင်နယ် ဖြစ်ပါတယ်။ အုပ်စု အဆင့် ၈ ပွဲစလုံးကို အနိုင်ရပြီး ထိပ်ဆုံး ကနေ တက်လှမ်းနိုင်ခဲ့လို့ သူတို့ကို ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး (၃၀.၆၄ ရာခိုင်နှုန်း) သတ်မှတ်ထားပါတယ်။ ဒါဟာ အာဆင်နယ် အတွက် ပထမဆုံး ချန်ပီယံလိဂ် ဖလား ဖြစ်လာနိုင်ပေမယ့် မီခဲလ် အာတေးတားရဲ့ အသင်းမှာ ဖလားရယူနိုင်စွမ်း လိုအပ်နေသေးတာကြောင့် ဒီလောက်အထိ ရာခိုင်နှုန်းများနေတာဟာ အံ့ဩစရာပါပဲ။

ဒုတိယ နေရာမှာတော့ ဘေယန်မြူးနစ် ရှိနေပြီး သူတို့ရဲ့ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ကတော့ ၁၅.၀၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲက လွဲရင် ကျန်တဲ့ပွဲတွေမှာ အပြစ်ပြောစရာ မရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ မှာလည်း အမှတ်ဖြတ်နဲ့ ဦးဆောင်နေတာကြောင့် နောက်ဆုံး အဆင့်တွေမှာ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ ရှိနေပါတယ်။

မန်ချက်စတာစီးတီး ကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ၁၀.၉၉ ရာခိုင်နှုန်း ရှိနေပါတယ်။ အုပ်စု အဆင့်မှာ လေဗာကူဆင်၊ ဘိုဒို/ဂလင့်မ် တို့နဲ့ ပွဲတွေမှာ ရုန်းကန်ခဲ့ရပေမယ့် ပပ် ဂွါဒီယိုလာရဲ့ စီးတီးကို စူပါကွန်ပျူတာက ယုံကြည်နေဆဲပါ။ ဖလားရဖူးတဲ့ အတွေ့အကြုံ ရှိသလို နောက်ဆုံး အဆင့်တွေမှာ လူစုံတက်စုံနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး သူတို့မှာ ပိုင်ဆိုင်ထားပါတယ်။

အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ၈.၇၇ ရာခိုင်နှုန်း ရှိထားပြီး စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် သူတို့ အသင်းရဲ့ ပုံမှန်မဟုတ်တဲ့ ခြေစွမ်းနဲ့ ခံစစ်ပိုင်းက ဒဏ်ရာပြဿနာတွေဟာ ၇ ကြိမ်မြောက် ဥရောပဖလားကို ရယူဖို့ အတွက် အဟန့်အတား ဖြစ်လာစေနိုင်ပါတယ်။

 

တခြားအသင်းတွေရဲ့ အခြေအနေ

ချဲလ်ဆီး (၇.၂၅ ရာခိုင်နှုန်း) နဲ့ ဘာစီလိုနာ (၇.၂၄ ရာခိုင်နှုန်း) တို့ကတော့ အုပ်စုအဆင့်မှာ အကောင်းဆုံး ပုံစံ မပြသနိုင်ခဲ့ကြပေမယ့် ထိပ်ဆုံး ၈ သင်း စာရင်းထဲတော့ ပါဝင်လာခဲ့ပါတယ်။ လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးဟာ ဘာစီလိုနာကို ၃-၀ နဲ့ အနိုင်ရခဲ့ဖူးပေမယ့် ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ ကတော့ ၄.၉၄ ရာခိုင်နှုန်းနဲ့ နယူးကာဆယ် ကတော့ ၃.၁၆ ရာခိုင်နှုန်း ရှိနေပါတယ်။ လက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ နယူးကာဆယ်နဲ့ သရေကျခဲ့လို့ ထိပ်ဆုံး ၈ သင်းထဲ မဝင်ဘဲ ပလေးအော့ဖ် ကစားရမှာပါ။ စူပါကွန်ပျူတာကတော့ သူတို့ နှစ်သင်းစလုံး ရှုံးထွက် တက်မယ်လို့ တွက်ချက်ထားပေမယ့် ချန်ပီယံ ဖြစ်နိုင်ခြေတော့ နည်းနေပါတယ်။

ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် ကတော့ ၁.၆၆ ရာခိုင်နှုန်းသာ ရှိထားပြီး ဒါက အံ့ဩစရာကောင်းတဲ့ တွက်ချက်မှု ဖြစ်ပါတယ်။ အဲလ်လ်ဗာရို အာဘီလိုအာ လက်ထက်မှာ ခြေစွမ်း မတည်ငြိမ်ဘဲ ပလေးအော့ဖ်အဆင့် အထိ ဆင်းကစားရတာကြောင့် သူတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေဟာ အောက်ခြေကို ရောက်နေပါတယ်။ ဒါတောင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် (၀.၈၆ ရာခိုင်နှုန်း) ထက်တော့ သာနေပါသေးတယ်။

 

ချန်ပီယံ ဖြစ်နိုင်ခြေ အနည်းဆုံး အသင်းများ

  • ဂျူဗင်တပ် – ၀.၆၃ ရာခိုင်နှုန်း 
  • ဒေါ့မွန် – ၀.၆၂ ရာခိုင်နှုန်း 
  • ဘင်ဖီကာ – ၀.၄၇ ရာခိုင်နှုန်း 
  • အတ္တလန်တာ – ၀.၃၃ ရာခိုင်နှုန်း 
  • လေဗာကူဆင် – ၀.၃၁ ရာခိုင်နှုန်း 
  • ကလပ် ဘရုဂေး – ၀.၁၈ ရာခိုင်နှုန်း 
  • အိုလံပီယာကော့စ် – ၀.၁၀ ရာခိုင်နှုန်း
  • ဂါလာတာစာရေး – ၀.၀၅ ရာခိုင်နှုန်း
  • ဘိုဒိုဂလင့် – ၀.၀၄ ရာခိုင်နှုန်း 
  • မိုနာကို – ၀.၀၂ ရာခိုင်နှုန်း
  • ကာရာဘတ် – ၀.၀၀ ရာခိုင်နှုန်း
   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်