လစ်ဗာပူးလ် ကတော့ အန်ဖီးလ်မှာ ကွာရာဘတ်ကို ဂိုးမိုးရွာပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို သက်တောင့်သက်သာ တက်လှမ်းသွားခဲ့ပါတယ်။ ဆလော့တ်ရဲ့ အသင်းက ဒီနေ့ပွဲမှာ အကောင်းဆုံး ပုံစံ ပြန်ရခဲ့ပြီး အဇာဘိုင်ဂျန် ကလပ်ကို ခြေပြတ် ဂိုးပြတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
နည်းပြ အာနေ ဆလော့တ်ရဲ့ လစ်ဗာပူးလ်က လိဂ်အဆင့်မှာ အဆင့် (၃) နေရာနဲ့ အလိုအလျောက် နောက်တစ်ဆင့် တက်ရောက်ခွင့်ကို အလွယ်တကူ ရယူနိုင်ခဲ့တာပါ။ ရှုံးနိမ့်ခဲ့တဲ့ ကွာရာဘတ် ကတော့ ပလေးအော့ဖ်အဆင့်ကို ဆင်းကစားရမှာ ဖြစ်ပြီး ပီအက်စ်ဂျီ သို့မဟုတ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ဒီနေ့ပွဲရဲ့ ပွဲချိန် ၁၅ မိနစ်မှာတင် ဆဘို့ဇ်လိုင်းရဲ့ ထောင်ကန်ဘော ကနေ ဗန်ဒိုက်ခ် ခေါင်းတိုက် ချပေးတာကို မက် အယ်လစ္စတာက အနီးကပ် ပိတ်သွင်းပြီး လစ်ဗာပူးလ် အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ အဲဒီနောက် ၂၁ မိနစ် မှာတော့ ဟူဂို အစ်ကီတီကေးရဲ့ ဖန်တီးပေးမှု ကနေ ဖလော်ရီယန် ဗစ်ဇ် က ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ လစ်ဗာပူးလ်တို့ ၄ ဂိုး ထပ်ရခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၅၀ မှာ ဆဘို့ဇ်လိုင်းရဲ့ ပြစ်ဒဏ်ဘောကနေ တစ်ဆင့် မိုဟာမက် ဆာလာ က လှပတဲ့ ကန်ချက်နဲ့ တတိယဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၅၇ မိနစ်မှာ အစ်ကီတီကေးက ပြိုင်ဘက် အမှားကနေ တစ်ဆင့် ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး စတုတ္ထဂိုး သွင်းခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာတော့ မက် အယ်လစ္စတာ က သူ့ရဲ့ ဒုတိယမြောက် ဂိုးကို သွင်းယူခဲ့ပြီး၊ ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ ဗန်ဒိုက်ခ်ရဲ့ ဆွဲတက်လာမှု ကနေ တစ်ဆင့် လူစားဝင် ကစားသမား ဖက်ဒရစ်ကို ခီယေဇာက ဆဌမမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးမှတ်တမ်းနဲ့ အချက်အလက်များ

ဒီပွဲမှာ နောက်ခံလူ ဗန်ဒိုက်ခ်ဟာ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဗဟိုနောက်ခံလူ တစ်ဦး အနေနဲ့ တစ်ပွဲတည်းမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဆဘို့ဇ်လိုင်း ကတော့ လစ်ဗာပူးလ် အတွက် ချန်ပီယံလိဂ် ၆ ပွဲ ဆက်တိုက် ဂိုးသွင်း (သို့မဟုတ်) ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။ (ပထမဆုံး ကစားသမား ကိုတော့ မိုဟာမက် ဆာလာ ဖြစ်ပါတယ်။) ဆဘို့ဇ်လိုင်းဟာ ဒီရာသီမှာ လစ်ဗာပူးလ် အတွက် ခြေစွမ်း အတည်ငြိမ်ဆုံး ဖြစ်နေတဲ့ ကစားသမား ဆိုတာ သက်သေပြခဲ့တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။
ဒီ ၆-၀ ရလဒ်ဟာ နည်းပြ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် နည်းပြဘဝ ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း ၉၁ ပွဲ အတွင်း အကြီးမားဆုံး ဂိုးပြတ် နိုင်ပွဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်က မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲပြီးနောက် လစ်ဗာပူးလ်ရဲ့ အကြီးမားဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။
ကွာရာဘတ် အသင်း အတွက်တော့ ဒါဟာ ဥရောပပြိုင်ပွဲတွေမှာ အဆိုးရွားဆုံး ရှုံးနိမ့်မှု စံချိန် (၂၀၁၇ က ချဲလ်ဆီးကို ၆-၀ နဲ့ ရှုံးခဲ့တဲ့ စံချိန်) နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာပါ။ မှတ်တမ်းတွေအရလည်း လစ်ဗာပူးလ်ရဲ့ မျှော်မှန်းဂိုး (xG) က ၅.၆ အထိ ရှိခဲ့ပြီး ကွာရာဘတ် ကတော့ ၀.၂၂ သာ ရှိခဲ့ပါတယ်။
လစ်ဗာပူးလ် ကတော့ အခုဆိုရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် ရောက်သွားပြီ ဖြစ်တာကြောင့် ဘယ်အသင်းနဲ့ တွေ့ဆုံရမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။ လစ်ဗာပူးလ် အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ တွေ့ဆုံမှုတွေ အဖြစ် အက်တလက်တီကိုမက်ဒရစ်၊ ဂါလာတာဆာရေး၊ ဂျူဗင်တပ်စ်၊ ကလပ် ဘရုဂေး တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဒီ ၄ သင်းစလုံးဟာ လစ်ဗာပူးလ် အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တွေ အဖြစ် ရှိနေပါလိမ့်မယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


