နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီး ပြီးနောက် တီကို ကိုပါ ထပ်မံ အနိုင်ယူပြီး ပလေးအော့ဖ် တက်သွားတဲ့ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် | ချန်ပီယံလိဂ်

နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် ကတော့ စပိန် ထိပ်သီး အက်တလက်တီကိုမက်ဒရစ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီချန်ပီယံလိဂ် နိုင်ပွဲဟာ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် မမေ့နိုင်စရာ နိုင်ပွဲ တစ်ခု ဖြစ်လာခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ပွဲစဉ်အကျဉ်း

အစဉ်အလာကြီးမားတဲ့ မက်ထရိုပိုလီတာနိုကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဖရက်ဒရစ် ရှိုဗိုးလ်နဲ့ ကက်စပါ ဟော့ချ် တို့ရဲ့ သွင်းဂိုးတွေကြောင့် ဘိုဒို/ဂလင့်မ်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ပွဲအစ ၁၅ မိနစ် မှာတင် အက်တလက်တီကိုမက်ဒရစ် အတွက် အဖွင့်ဂိုးကို နော်ဝေ တိုက်စစ်မှူး အလက်ဇန္ဒား ဆောလော့သ်က သူ့နဲ့ နိုင်ငံတူ ကလပ် ဖြစ်တဲ့ ဘိုဒို/ဂလင့်မ် ဘက်ကို ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာပဲ ဘိုဒို/ဂလင့်မ် နောက်ခံလူ ရှိုဗိုးလ်က အက်တလက်တီကိုမက်ဒရစ် ဂိုးသမား ယန် အော်ဘလက်ခ်ကို ကျော်ဖြတ်ကာ ချေပဂိုး သွင်းယူခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ ဧည့်သည် အသင်း အတွက် အနိုင်ဂိုး ကိုတော့ ပွဲချိန် မိနစ် ၆၀ ဝန်းကျင်မှာ ဟော့ချ်က ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ရှုပ်ရှက်ခတ်နေတာကို အခွင့်ကောင်းယူကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘိုဒို/ဂလင့်မ်ဟာ အဆင့် ၂၃ နေရာ ကနေ ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် (သို့မဟုတ်) အင်တာမီလန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၁၄ နေရာမှာ ရှိနေတာကြောင့် ပလေးအော့ဖ် အဆင့်ကို တက်ရောက်ပြီးသား ဖြစ်ပါတယ်။ ဆီမြွန်နီရဲ့ အသင်းက ချန်ပီယံလိဂ် ပလေးအော့ဖ် မှာတော့ ကလပ် ဘရုဂေး (သို့မဟုတ်) ဂါလာတာဆာရေး တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်များ 

ဘိုဒို/ဂလင့်မ် နည်းပြ ကတ်ဂျေးတေးလ် နူဆင်ဟာ ပြီးခဲ့တဲ့ တပတ်က မန်စီးတီးကို အနိုင်ရခဲ့သလို အခု အက်တလက်တီကိုမက်ဒရစ် ကိုပါ ထပ်မံ အနိုင်ယူနိုင်ခဲ့တာပါ။ ဒါကြောင့် သူဟာ ကမ္ဘာ့ထိပ်တန်း နည်းပြတွေ ဖြစ်တဲ့ ပပ် ဂွါဒီယိုလာနဲ့ ဒီယေဂို ဆီမြွန်နီတို့ နှစ်ဦးလုံးကို တစ်ရာသီတည်းမှာ အနိုင်ယူဖူးတဲ့ ၆ ယောက်မြောက် နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ နူဆင် မတိုင်ခင် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ နည်းပြ ၅ ဦး ကတော့ ယာဂန် ကလော့ပ်၊ ကာလို အန်ဆယ်လော့တီ၊ လူးဝစ္စ အန်နရီကေး၊ သောမက်စ် တူချယ် နဲ့ ဘရူနို ဂျနီစီယို တို့ပဲ ဖြစ်ပါတယ်။

ဆီမြွန်နီရဲ့ အသင်းက ချန်ပီယံလိဂ် ပလေးအော့ဖ် မှာတော့ ကလပ် ဘရုဂေး (သို့မဟုတ်) ဂါလာတာဆာရေး တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ ကလပ် ဘရုဂေး (သို့) ဂါလာတာဆာရေးနဲ့ တွေ့ဆုံရမယ့် အက်တလက်တီကိုမက်ဒရစ်

ဘိုဒို/ဂလင့်မ်ဟာ ၁၉၉၆-၁၉၉၇ ဘောလုံးရာသီက ရိုဆင်ဘော့ဂ် အသင်း နောက်ပိုင်း ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့် (သို့မဟုတ်) လိဂ်အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံး နော်ဝေ ကလပ် ဖြစ်လာခဲ့ပါတယ်။ ဟော့ချ်ဟာ ဒီရာသီ ချန်ပီယံလိဂ် အစပိုင်းမှာ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်စလုံး ဂိုးမရခဲ့ပေမယ့် နောက်ဆုံး ကန်သွင်းတဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ် မှာတော့ ၃ ဂိုး (မန်စီးတီးကို ၂ ဂိုး၊ အက်တလက်တီကိုမက်ဒရစ်ကို ၁ ဂိုး) အထိ သွင်းယူနိုင်ခဲ့ပါတယ်။

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ဟာ ချန်ပီယံလိဂ် သမိုင်းမှာ နော်ဝေ ကလပ် ဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး နော်ဝေ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဝါရင့် ကွင်းလယ် ကစားသမားကြီး ကိုကီ ကတော့ နည်းပြ ဒီယေဂို ဆီမြွန်နီ လက်အောက်မှာ အက်တလက်တီကိုမက်ဒရစ် အတွက် ချန်ပီယံလိဂ် ပွဲပေါင်း ၁၁၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါဟာ နည်းပြ တစ်ဦးတည်း အောက်မှာ ပွဲအများဆုံး ကစားပေးတဲ့ မှတ်တမ်းမှာ ဂစ်စ် (၁၃၄ ပွဲ) နဲ့ စခိုးလ် (၁၂၄ ပွဲ) တို့ရဲ့ နောက် တတိယ အများဆုံး ဖြစ်လာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်