ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ဘယ်နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန် ဒီဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာဖို့ အခြေအနေ မရှိတော့ပါဘူး။ အကြောင်းကတော့ အငှားထွက်နေတဲ့ ဆီမီကတ်စ်က ရိုးမား မှာပဲ ရာသီကုန်အထိ ဆက်နေဖို့ ရှိနေတာကြောင့် စပါးက ပစ်မှတ်ထားနေတဲ့ ရော်ဘတ်ဆန် နေရာမှာ လစ်ဗာပူးလ်တို့ အစားထိုးမယ့်သူ မရှိ ဖြစ်နေတာပါ။
လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ ဝှာတန် ကိုယ်တိုင် ကလည်း တခြား ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် အန်ဖီးလ် ကိုသာ သူအလိုချင်ဆုံး လားရာ အဖြစ် သတ်မှတ်ထားပါတယ်။
လစ်ဗာပူးလ်ဟာ ဝှာတန် အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၆.၆ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းထားပြီး၊ ညှိနှိုင်း ဆွေးနွေးမှုတွေ အဆင်ပြေခဲ့ရင်တောင် ကစားသမားကို ပဲလေ့စ်မှာပဲ ဒီရာသီကုန် အထိ ဆက်လက် ကစားခွင့်ပေးမယ့် အစီအစဉ်မျိုးနဲ့ ချဉ်းကပ်နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကြယ်ပွင့် ကိုးလ် ပါးလ်မားဟာ သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရှိရာ မန်ချက်စတာမြို့ကို ပြန်ဖို့ အတွက် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် သူ့အသင်းဟောင်း မန်စီးတီး ကိုတော့ ပြန်ဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက်က ပါးလ်မားကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေပြီး၊ ချဲလ်ဆီး ဘက်ကတော့ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ အနည်းဆုံး ပေါင် ၁၅၀ သန်း (ယူရို ၂၀၅ သန်း) ဝန်းကျင် အထိ တောင်းဆိုဖွယ် ရှိနေပါတယ်။

မန်ချက်စတာစီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ် အနေနဲ့ အသင်း ကနေ ထွက်ခွာနိုင်ကြောင်း ပပ် ဂွာဒီယိုလာက ခွင့်ပြုထားပါတယ်။ လက်ရှိမှာ မာမွတ်ရှ်ကို ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာက အငှားနဲ့ ခေါ်ဖို့ နီးစပ်နေသလို စပါး ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် နောက်ဆုံးရ သတင်းတွေ အရ မန်စီးတီးဟာ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ မာမွတ်ရှ်ကို ရောင်းမထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့ အခန်းကဏ္ဍအပေါ် စိတ်ပျက်နေတဲ့ လစ်ဗာပူးလ် နောက်ခံလူဟောင်း ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ အခြေအနေကို မန်စီးတီးက အနီးကပ် စောင့်ကြည့်နေပါတယ်။
ဝက်စ်ဟမ်း ကတော့ ချဲလ်ဆီး နောက်ခံလူ အက်ဆဲလ် ဒီဆာဆီ ကတော့ ကို ဒီရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
အာဆင်နယ် အနေနဲ့ ဘလက်ဘန်းရဲ့ လူငယ် တိုက်စစ်မှူး အီဂေါ တိုင်ဂျွန်ကို ဒီလထဲမှာ ခေါ်ယူနိုင်ဦးမှာ မဟုတ်ပဲ နွေရာသီ စာချုပ်သက်တမ်းကုန်မှပဲ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ များနေပါတယ်။ အဲ့ဒီအချိန်ကျရင်တော့ ဂန်းနားတွေ အနေနဲ့ အက်စတွန်ဗီလာ နဲ့လည်း အပြိုင်လုရဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်မှာ ယာယီ နည်းပြ ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက် ကစားခွင့် ရခဲ့တဲ့ ပက်ထရစ် ဒေါဂူ ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် (၁၀) ပတ်ဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ဒိန်းမတ်သားက ၂၀၂၅ ဖေဖော်ဝါရီကမှ လက်ချီ ကနေ ယူနိုက်တက်ကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားကာ ၃ ဂိုး သွင်းယူပေးထားပါတယ်။ ဒေါ်ဂူဟာ မန်စီးတီးနဲ့ အာဆင်နယ် နှစ်ပွဲစလုံးမှာ ပွဲထွက်ခွင့်ရရှိခဲ့ရုံ သာမက တစ်ပွဲ တစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ကို အနိုင်ရတဲ့ ပွဲမှာ ညာဘက် တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် မိနစ် ၈၀ ကျော်မှာ လူစားလဲခံခဲ့ရပြီး စမ်းသပ် စစ်ဆေးမှုတွေအရ ၁၀ ပတ် ဝန်းကျင် အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


