ဇန်နဝါရီ ၂၇ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
၁။ အာနိုးလ် အပေါ် ရီးရဲလ်မက်ဒရစ်ရဲ့ ယုံကြည်မှု
မကြာသေးမီက ထွက်ပေါ်နေတဲ့ သတင်းအမျိုးမျိုးနဲ့ ဆန့်ကျင်ဘက် အနေနဲ့ ရီးရဲလ်မက်ဒရစ်ဟာ ထရန့် အလက်ဇန္တား အာနိုးလ်ကို အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ အရေးပါသူ တစ်ဦး အဖြစ် အဆင့်မြင့်မြင့် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ အင်္ဂလန်သားက ပွဲဦးထွက်ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် လာလီဂါ ကလပ် အနေနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ကြည့်သွားဖို့ အသင့်ရှိနေကြောင်း The Athletic က ဖော်ပြထားပါတယ်။
၂။ လီဝမ်ဒေါစကီးရဲ့ နေရာကို အစားထိုးဖို့ ဘာစီလိုနာ ပြင်ဆင်
ဘာစီလိုနာ ကတော့ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ ဆက်ခံမယ့်သူ အဖြစ် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို အသင့်တော်ဆုံးသူ အဖြစ် သတ်မှတ်ထားပါတယ်။ လီဝမ်ဒေါစကီး အနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မရှိတော့တာကြောင့် အဲလ်ဗာရက်ဇ် အပြင် ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကိုလည်း ပစ်မှတ်ထားနေပါတယ်။
၃။ ဂိုရက်ဇ်ကာကို ခေါ်ယူဖို့ အက်တလက်တီကို အရှိန်မြှင့်

ကော်နာ ဂယ်လာဟာ အသင်းက ထွက်ခွာသွားပြီးနောက် လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်က ဘေယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်လာပါတယ်။ ဘေယန်မြူးနစ် ဘက်ကလည်း ဂိုရက်ဇ်ကာကို နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အဆုံးရှုံးမခံလိုတာကြောင့် အခုအချိန်မှာ ရောင်းချပြီး ငွေဖော်လိုနေတာ ဖြစ်ပါတယ်။
၄။ အန်းဒရစ်ခ်ကို ပြန်ခေါ်ချင်နေတဲ့ အာဘီလိုအာ
ရီးရဲလ်မက်ဒရစ် နည်းပြသစ် အဲလ်ဗာရို အာဘီလိုအာ ကတော့ လိုင်ယွန်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ လူငယ် ကြယ်ပွင့် အန်းဒရစ်ခ်ရဲ့ တိုးတက်မှုကို အထူး သဘောကျနေပြီး လာမယ့်ရာသီမှာ အသင်းဆီ ပြန်လည် ခေါ်ယူလိုနေပါတယ်။
တခြားသော အပြောင်းအရွှေ့ သတင်းတိုများ
မာဆေးလ် တိုက်စစ်မှူး နီးလ် မူပေးဟာ ဆီဗီလာ အသင်းဆီ အငှားနဲ့ သွားရောက်တော့မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုမှာ ယူရို ၆ သန်းနဲ့ အပြီးသတ် ဝယ်ယူနိုင်တဲ့ အခွင့်အရေး ပါဝင်ပေမယ့် ဒါဟာ မဖြစ်မနေ ဝယ်ယူရမယ့် အချက်တော့ မဟုတ်ကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ ဥရူဂွေး ကလပ် ဒီဖန်ဆာ စပိုတင်းက အသက် ၁၉ နှစ် အရွယ် ဘယ်နောက်ခံလူ ပါထရစ်စီယို ပါစီဖီကိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အငှားစာချုပ်မှာ ယူရို ၁.၈ သန်းနဲ့ ဝယ်ယူခွင့် ပါဝင်ပြီး သူဟာ ဘာစီလိုနာ (B) အသင်းမှာ အရင်ဆုံး စတင် ကစားရမှာပါ။
ပီအက်စ်ဂျီ ကတော့ ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား ဒရို ဖာနန်ဒက်ဇ်ကို အသင်း ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ဒရို ဖာနန်ဒက်ဇ်ဟာ လီဂူးဝမ်း ကလပ်နဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ သူ့ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို ၈သန်း ဝန်းကျင် ရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ၎င်းဟာ နွေရာသီကာလ အာရှ ခရီးစဉ်မှာ ပါဝင်ခဲ့ပြီး အသင်းကြီးနဲ့ အတူ အခုရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။
ဒရို ဖာနန်ဒက်ဇ်က ပွဲထွက်ကစားခွင့် ပိုရရေးအတွက် အသင်းပြောင်းတော့မယ်လို့ ပြောကြားခဲ့ပြီးနောက် သူ့ရဲ့ဆန္ဒကို အကောင်အထည် ဖော်ခဲ့တာပါ။ သူ့ကို ဥရောပ ထိပ်တန်း ကလပ်တွေက သူ့ကို စိတ်ဝင်စားခဲ့ကြပေမယ့် ပီအက်စ်ဂျီက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


