နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယာမယ်က တခြား ဂလက်ဆီက ကစားသမား ဖြစ်တယ်လို့ ချီးကျူးခဲ့တဲ့ အိုဗီယေဒို နည်းပြ | လာလီဂါ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးရဲလ်အိုဗီယေဒိုနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ခြေစွမ်းပြခဲ့တဲ့ လာမင်း ယာမယ်ရဲ့ ခြေစွမ်းက ပြိုင်ဘက် နည်းပြ ဂယ်လာမို အယ်လ်မာဒါ အတွက် ပွဲအပြီးမှာ ပြောစရာ စကားမရှိအောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက အိုဗီယေဒိုကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ယာမယ် ကလည်း ၁ ဂိုး သွင်းခဲ့ပါတယ်။

ရီးရဲလ်အိုဗီယေဒို နည်းပြ အယ်လ်မာဒါက ယာမယ်ရဲ့ အံ့မခန်း နောက်ပြန် ကန်ချက် (Overhead kick) ဂိုးကို မြင်တွေ့ပြီးနောက် စပိန် ကြယ်ပွင့်လေးဟာ “အခြား ဂလက်ဆီက ရောက်လာတဲ့ ကစားသမား တစ်ဦး” လို့ တင်စား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ ဒန်နီ အော်လမို ရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ယာမယ်က နောက်ပြန် ကန်ချက်နဲ့ အပိုင်ကန်သွင်းကာ ဘာစီလိုနာ အတွက် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲစဥ်ရဲ့ ပထမပိုင်းမှာ ဘာစီလိုနာက ပြိုင်ဘက်၏ ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်း ၅ မိနစ် အတွင်း အော်လမိုနဲ့ ရာဖင်ညာ တို့ကလည်း တစ်ဂိုးစီ သွင်းယူပေးခဲ့သလို ယာမယ် ကလည်း တစ်ဂိုး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာက ခဏတာ ဖယ်ပေးထားရတဲ့ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး နေရာ ကိုလည်း ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲမှာ ပရိသတ်ရဲ့ အာရုံစိုက်မှုကို အများဆုံး ရရှိခဲ့သူက ယာမယ် ဖြစ်ပြီး၊ သူဟာ ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်း ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဘေယန်မြူးနစ်က မိုက်ကယ် အိုလီဆေး ပြီးရင် အိမ်ကွင်း ပွဲစဥ်တွေမှာ ၈ ဂိုး သွင်း၊ ၈ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲစဉ်မှာ ၁၇ နှစ်သား ယာမယ်က ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် (၁၀) ကြိမ်၊ ဂိုးရနိုင်ခြေ ဖန်တီးမှု (၄) ကြိမ်နဲ့ တစ်ဦးချင်း ယှဥ်ပြိုင်မှု (၁၅) ကြိမ်နဲ့ အသင်းမှာ အများဆုံး စွမ်းဆောင်နိုင်ခဲ့ရာ နည်းပြ အယ်လ်မာဒါကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

ယာမယ်ဟာ ဒီရာသီ လာလီဂါမှာ ၈ ဂိုး သွင်း၊ ၈ ဂိုး ဖန်တီးထားပါတယ်။
လာလီဂါမှာ အမ်ဘာပေး ပြီးနောက် စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နေတဲ့ ယာမယ်

အယ်လ်မာဒါက “ကျွန်တော်တို့ အခြား ဂလက်ဆီက ကစားသမား တစ်ယောက် အကြောင်း ပြောနေကြတာပါ။” လို့ ယာမယ်ရဲ့ ၇၃ မိနစ် သွင်းဂိုးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ “သူက အရည်အချင်း အပြည့် ရှိပြီး ပွဲရဲ့ အဆုံးအဖြတ်ပေးရမယ့် အချိန်တွေမှာ ဂိုးတွေ ဖန်တီးပေးနိုင်တယ်။ သူက အသက်ငယ်သေးပေမယ့် ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကြယ်ပွင့် တစ်ယောက် ဖြစ်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယာမယ်ဟာ ဒီရာသီ လာလီဂါမှာ ၈ ဂိုး သွင်း၊ ၈ ဂိုး ဖန်တီးထားပါတယ်။ သူ့ထက် ပိုမို စွမ်းဆောင်ထားနိုင်သူ ကတော့ ရီးရဲလ်မက်ဒရစ်က ကီလီယန် အမ်ဘာပေး (၂၁ ဂိုးသွင်း၊ ၄ ဂိုးဖန်တီး – စုစုပေါင်း ဂိုးပါဝင် ပတ်သတ်မှု ၂၅ ကြိမ်) တစ်ဦးတည်းသာ ရှိပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ယာမယ်ရဲ့ သွင်းဂိုးထက် အဖွင့်ဂိုး ရရှိအောင် ဘောလုံးလုယူပြီး ဖိအားပေး ကစားပုံကို ပိုမို ချီးကျူးခဲ့ပါတယ်။ “ကျွန်တော့် အတွက်တော့ ပထမဂိုးရအောင် လာမင်း လုပ်ဆောင်ပေးခဲ့တာက ပိုအရေးကြီးပါတယ်။ သူ ဘောလုံး ပြန်ရအောင် ဖိအားပေး ကစားပုံက ကျွန်တော်တို့ လိုချင်တဲ့ ပုံစံပါပဲ။ ဒါက ဒီပွဲကို အနိုင်ရဖို့ အတွက် သော့ချက်ပါပဲ။ တတိယမြောက်ဂိုးထက် ဒါကို ပိုသဘောကျပေမယ့် ယာမယ် အခုလို လှပတဲ့ ဂိုးမျိုး သွင်းနိုင်ခဲ့တာ ကိုလည်း ဝမ်းသာပါတယ်။” လို့ ဖလစ်ခ်က ဆိုပါတယ်။

ဘာစီလိုနာဟာ လာလီဂါမှာ အိမ်ကွင်း ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိထားပြီး၊ ဒါကတော့ ၂၀၁၉ ခုနှစ် နည်းပြ ဗယ်ဗာဒီ လက်ထက် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ချန်ပီယံလိဂ် လိဂ်အဆင့်မှာ အဆင့် ၉ နေရာမှာ ရှိနေပြီး၊ အုပ်စု နောက်ဆုံးပွဲ ဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ ပွဲမှာ အနိုင်ရရှိပါက ထိပ်ဆုံး ၈ သင်း စာရင်းဝင်ကာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်