နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချူအာမန်နီကို အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ စပါးနဲ့ လစ်ဗာပူးလ်၊ ဒီလအတွင်းမှာပဲ ချဲလ်ဆီးကို ပြောင်းဖို့ အသင့်ရှိနေတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ် | ပရီးမီးယားလိဂ်

ဒီကနေ့ နေ့လည်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အောရီလီယန် ချူအာမန်နီကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် နှစ်သင်းက အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၈ သန်း) နဲ့ ကမ်းလှမ်းထားပြီး ဖြစ်လို့ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ဒီကမ်းလှမ်းမှုကို စဉ်းစားနေပြီလို့ သိရပါတယ်။ 

ချူအာမန်နီရဲ့ အနာဂတ်က ဝေဝေဝါးဝါး ဖြစ်နေပေမယ့် သူ့ရဲ့အသင်းဖော် အက်ဒူယာဒို ကာမာဗင်ဂါ ကတော့ လစ်ဗာပူးလ်နဲ့ သတင်းတွေ ထွက်နေပေမဲ့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။ 

ချဲလ်ဆီး အသင်းက ပစ်မှတ်ထားနေတဲ့ ဂျရမီ ဂျက်ကတ်ကို လက်ရှိမှာ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ကပါ စိတ်ဝင်စားလာတာကြောင့် ချဲလ်ဆီး အတွက် ခေါ်ယူရ ပိုမို ခက်ခဲသွားနိုင်ပါတယ်။

ရန်းစ်ရဲ့ အသက် ၁၈ နှစ် အရွယ် လူငယ် တိုက်စစ်မှူး မိုင်တေးကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီး တို့က စိတ်အားထက်သန်နေကြပါတယ်။ ဒါပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ အသင်းက ယူရို သန်း ၄၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို၊ ယူနိုက်တက် ကလည်း သူတို့ရဲ့ တိုက်စစ်မှူး တစ်ဦးဦး ထွက်ခွာခဲ့ရင် မိုင်တေးကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ 

လစ်ဗာပူးလ်ဟာ ရိုးမားနဲ့ အလျင်အမြန် သဘောတူညီမှုရယူပြီးနောက် ကော့စ်တက်စ် ဆီမီကတ်စ်ကို အသင်းထံ ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အသင်း ကနေ ထွက်ခွာတော့မယ့် အန်ဒီ ရော်ဘတ်ဆန်ရဲ့ နေရာမှာ အစားထိုးဖို့ ခပ်မြန်မြန် ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အန်ဒီ ရော်ဘတ်ဆန်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ လစ်ဗာပူးလ်ဟာ ဖူလ်ဟမ်ရဲ့ အမေရိကန် နောက်ခံလူ အန်တိုနီ ရော်ဘင်ဆင် ကိုလည်း မျက်စိကျနေပါတယ်။ ဖူလ်ဟမ် ကတော့ ရော်ဘင်ဆင်ကို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ လက်လွှတ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ် ကြယ်ပွင့် ဗစ်တာ ဗယ်ဒီ ပင်ညာစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ သူ့ရဲ့ စာချုပ်ပါ လျော်ကြေးစာချုပ်ဟာ ယူရို သန်း ၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။ 

အကယ်၍ ချဲလ်ဆီးနဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ရင် ဒေါက်ဂလပ်စ် လူးဝစ်ဇ် အနေနဲ့ ဒီလအတွင်းမှာပဲ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ အသင့်ရှိနေပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ ကွင်းလယ်လူ တစ်ဦးကို အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက် ကတော့ အသင်း ကနေ ထွက်ခွာသွားတဲ့ အန်တိုနီယို ဆီမီညိုရဲ့ နေရာမှာ ဗတ်စကိုဒဂါးမား တိုက်စစ်မှူး ရိုင်ယန်ကို ပေါင် ၂၄.၇ သန်း (အပိုဆောင်းကြေး ၅.၆ သန်း အပါအဝင်) နဲ့ အစားထိုး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ 

ဖီယင်နော့ဒ် နောက်ခံလူ ဂီဗိုင်ရို ရိဒ်ကို လစ်ဗာပူးလ်က စိတ်ဝင်စားနေပေမယ့် ဘေယန်မြူးနစ် ရဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ 

ဗီနီစီးယက်စ်က သူ့ရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် ဧပြီလ နောက်ဆုံးထားကာ အပြတ်အသတ် အဖြေမပေးဘူး ဆိုရင် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာတော့မယ် လို့ သတိပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီ ပိုင်ရှင် နက်ဆာ အဲလ်ခလိုင်ဖီက ဗီနီစီးယက်စ်ကို ခေါ်ယူဖို့ အစွဲအလမ်းကြီးစွာ ကြိုးပမ်းနေပြီး ဗီနီ ဘက်ကလည်း တစ်နှစ်လစာ ယူရို သန်း ၃၀ (ဒေါ်လာ ၃၅.၃ သန်း) အထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုကို တားဆီးဖို့ အတွက် ဘာစီလိုနာဟာ လူငယ် ကွင်းလယ်လူ ဖာမင်း လိုပက်ဇ်ကို ၂၀၃၁ ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းထားပါတယ်။ ဒီစာချုပ်မှာ လက်ရှိ လစာထက် ၅၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ 

အကယ်၍ ဂျာမန် နည်းပြ ယာဂန် ကလော့ပ် သာ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူကိုင်တွယ်ခဲ့ရင် ဘယ်လင်ဟမ်ကို “ ပရော်ဖက်ရှင်နယ် မပီသသူ” လို့ သတ်မှတ်ပြီး အသင်း ကနေ အမြန်ဆုံး ထွက်ခွာခိုင်းဖို့ ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ နည်းပြ အဲလ်ဗာရို အာဘီလိုအာရဲ့ နေရာမှာ အင်တာမီလန် နည်းပြဟောင်း ဆီမြွန်နီ အင်ဇာဂီ ရောက်လာခဲ့ရင်တော့ ဘယ်လင်ဟမ်ကို အသင်းမှာ ဆက်ထိန်းထားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာက ဟမ်ဇာ အဗ္ဗဒူကာရင်ကို ခေါ်ယူခဲ့တဲ့ ပုံစံအတိုင်း ရီးရဲလ်မက်ဒရစ် ကလည်း လက်စတာစီးတီးရဲ့ အသက် ၁၇ နှစ်အရွယ် တိုက်စစ်မှူး ဂျိတ် အီဗန်စ် ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒီစာချုပ်မှာ အငှားသက်တမ်းကုန်ရင် အပြီးသတ် ဝယ်ယူရမယ် ဆိုတဲ့ သဘောတူညီချက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ ဘာစီလိုနာ ကစားသမား ဒရို ဖာနန်ဒက်စ် ကို ခေါ်ယူဖို့အတွက် ယူရို ၈.၅ သန်းနဲ့ ညှိနှိုင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ ဒီကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို ၆ သန်းပဲ ရှိတာ ဖြစ်ပေမယ့် PSG က ပိုပေးပြီး ညှိနှိုင်းခဲ့တာပါ။ ပီအက်စ်ဂျီက ဒရို အတွက် ဘာစီလိုနာနဲ့ သဘောတူညီမှု မရခင်လေးမှာပဲ မန်စီးတီး အပါအဝင် တခြားကလပ်အသင်း တော်တော်များများက ဖာနန်ဒက်စ်ကို အရခေါ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ကြပါသေးကြောင်း သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ်က တောင်ကိုရီးယား ကြယ်ပွင့် လီကန်အင်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးက တားမြစ်လိုက်ပါတယ်။ အန်နရီကေးဟာ လီကန်အင်က ပီအက်စ်ဂျီရဲ့ မထိမခိုက်ရမယ့် ‘အရေးပါတဲ့ ကစားသမား’ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်