နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်မလဲ၊ ဘယ်အသင်းတွေ ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲ၊ ဘယ်အသင်းတွေ တန်းဆင်းရမလဲ | ပရီးမီးယားလိဂ်

၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အပြီး မှာတော့ ဇယားထိပ်က အာဆင်နယ်တို့ ရှုံးပွဲကြုံခဲ့တာကြောင့် ချန်ပီယံဆု အတွက် တိုက်ပွဲက ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ အိမ်ကွင်း အမ်းမရိတ်စ်မှာမှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ အတွက် ပထမဆုံး အကြိမ် အိမ်ကွင်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ မီခဲလ် အာတေးတားရဲ့ အသင်းက အခုဆိုရင် နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ပွဲ ၃ ပွဲ ဆက်တိုက် အမှတ်လျော့ခဲ့တာကြောင့် ဒုတိယနေရာက အသင်းနဲ့ ရမှတ် ကွာဟချက်ဟာ ၄ မှတ် အထိ ကျဉ်းမြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်တို့ ရလဒ်ဆိုးခဲ့ချိန်မှာပဲ သူတို့ကို ဖိအားပေးနေတဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာ တို့ဟာ နိုင်ပွဲ အသီးသီး ရရှိခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ အာဆင်နယ်-မန်ချက်စတာယူနိုက်တက် ပွဲပြီးရလဒ်က ချန်ပီယံလိဂ် ဝင်ခွင့် (Top 4) ယှဉ်ပြိုင်မှုကိုလည်း ပိုမို ပြင်းထန်သွားစေခဲ့ပါတယ်။

စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲစဉ် ၂၃ အပြီးမှာ Opta ရဲ့ စူပါကွန်ပျူတာ ကနေ ဒီရာသီ ချန်ပီယံဆု၊ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ တန်းဆင်းဇုန် အခြေအနေတွေကို အခုလိုပဲ တွက်ချက်ပေးလာခဲ့ပါတယ်။ ကြည့်လိုက်ရအောင်ပါ။

 

ချန်ပီယံ တိုက်ပွဲ

ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမယ့် Opta ရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲပါ။ အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက ၈၄.၄၄ ရာခိုင်နှုန်း ရှိပြီး ရမှတ် ၈၀ ကျော်နိုင်တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ခန့်မှန်းခံထားရပါတယ်။ ဒါဟာ အာဆင်နယ် အတွက် ၂၂ နှစ်ကြာ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ဖို့ အခွင့်အရေး အများဆုံးလည်း ဖြစ်နေတာပါ။

မန်စီးတီး ကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ၈.၃၈ ရာခိုင်နှုန်း ရှိပြီး အဆင့် ၃ နေရာနဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းခံထားရပါတယ်။ အက်စတွန်ဗီလာ ကတော့ အဆင့် ၂ နေရာနဲ့ အဆုံးသတ်ဖို့ များနေပေမယ့် ချန်ပီယံ ဖြစ်နိုင်ခြေ မှာတော့ မန်စီးတီးထက် နည်းပါးတဲ့ ၇.၀၉ ရာခိုင်နှုန်း သာ ရှိပါတယ်။

 

ချန်ပီယံလိဂ် ဝင်ခွင့် (Top 5) တိုက်ပွဲ

လာမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကလပ် ၅ သင်း အထိ ချန်ပီယံလိဂ် ကစားရဖို့ ရှိနေတာကြောင့် ရာသီကုန်ခါနီးလေ အဆင့် ၄ နဲ့ ၅ အတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လေ ဖြစ်နေပါတယ်။

လစ်ဗာပူးလ် ကတော့ နောက်ဆုံး ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးပြီး အဆင့် ၆ ကို ရောက်နေပေမယ့် Opta ကတော့ သူတို့ကို အဆင့် ၄ နဲ့ အဆုံးသတ်ကာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ၃၆ ရာခိုင်နှုန်း အခွင့်အရေး ပေးထားပါတယ်။

နည်းပြသစ် လီယမ် ရိုစီနီယာ လက်အောက်မှာ ရလဒ် ကောင်းလာတဲ့ ချဲလ်ဆီး ကတော့ အဆင့် ၅ မှာ ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ၃၄ ရာခိုင်နှုန်း အခွင့်အရေး ရှိနေပါတယ်။

နည်းပြသစ် မိုက်ကယ် ကာရစ် လက်အောက် ဇယားထိပ်က ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ အာဆင်နယ် တို့ကို ဆုံးမထားတဲ့ ယူနိုက်တက် ကတော့ အဆင့် ၆ နေရာမှာပဲ ရပ်တည်မယ်လို့ Opta စူပါကွန်ပျူတာက ခန့်မှန်းထားပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ခြေ တော့ ၂၁.၇၁ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

တခြားအသင်းတွေ အဖြစ် နယူးကာဆယ်က အဆင့် ၇၊ ဘရန့်ဖို့ဒ်၊ ဖူလ်ဟမ်နဲ့ အဲဗာတန် တို့က အဆင့် ၁၀ အတွင်း ဝင်နိုင်ဖို့ ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။

 

တန်းဆင်းဇုန် တိုက်ပွဲ

ပရီးမီးယားလိဂ် တန်းဆင်းဇုန် မှာတော့ အသင်း ၃ သင်းက တန်းဆင်းဖို့ တော်တော်လေး နီးစပ်နေပြီလို့ပဲ ဆိုရပါမယ်။ ပွဲစဉ် ၂၃ ပွဲ အပြီးမှာ ၁ ပွဲသာ နိုင်ထားတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ဟာ ကတော့ တန်းဆင်းရဖို့ ၉၉ ရာခိုင်နှုန်း သေချာနေကြောင်း တွက်ချက်ခံထားရပါတယ်။

ဘန်လေ ကတော့ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာပြီး တစ်ရာသီ အကြာမှာပဲ ချန်ပီယံရှစ်ဆီ ပြန်ဆင်းရနိုင်ခြေ ၉၆ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။

လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရှိနေပြီး တန်းဆင်းရနိုင်ခြေ ၈၀ ရာခိုင်နှုန်း အထိ ရှိနေပြီး ဒါဟာ ၂၀၁၁ ခုနှစ် နောက်ပိုင်း ဟမ်းမားတွေ အတွက် ပထမဆုံး အကြိမ် တန်းဆင်းရမှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဝက်စ်ဟမ်းက သိသိသာသာ ရုန်းလာတာကြောင့် လက်ကျန် ပွဲတွေမှာ ရမှတ်တွေ စုဆောင်းရင်း ဖြစ်နိုင်ခြေတွေကို လွန်ဆန်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ဆန်းဒါးလန်း ကတော့ အဆင့် ၁၃ ဝန်းကျင်မှာ ရပ်တည်ဖို့ ရှိနေတာကြောင့် ၂၀၂၂-၂၀၂၃ နောက်ပိုင်း တန်းတက်လာပြီး ပထမနှစ်မှာတင် တန်းမဆင်းရဘဲ လွတ်မြောက်တဲ့ ပထမဆုံး အသင်း ဖြစ်လာနိုင်ပါတယ်။

တခြားသော အသင်းတွေ ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ တန်းဆင်းရနိုင်ခြေ ၉ ရာခိုင်နှုန်းစီသာ ရှိတဲ့ အတွက် လွတ်မြောက်ဖို့ အခွင့်အရေး များနေပါတယ်။

ပရိသတ် အင်အား တောင့်တဲ့ အသင်း တစ်သင်း တဖြစ်လဲ ယူရိုပါလိဂ် လက်ရှိ ချန်ပီယံ စပါး ကတော့ ရာသီအစမှာ မျှော်လင့်ချင်စရာ ကောင်းခဲ့ပေမယ့််လက်ရှိ မှာတော့ အဆင့် ၁၅ ဝန်းကျင်မှာသာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းခံထားရတဲ့ အတွက် အဖြူရောင် မြောက်လန်ဒန် ပရိသတ်တွေ အတွက် ကတော့ စိတ်ပျက်စရာ ရလဒ် ဖြ‌စ်နေမှာ အသေအချာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်