စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ထိရောက်တဲ့ ကစားပုံ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ဦးဆောင်သူတို့ရဲ့ အိမ်ကွင်း ကနေ အနိုင် ၃ မှတ် ယူကာ အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မားသီးယပ်စ် ကူညာနဲ့ ပက်ထရစ် ဒေါဂူ တို့ရဲ့ အဝေးကန်ချက် အလန်းစားတွေကို မြင်တွေ့ခဲ့ရပြီး သရဲနီ ပရိသတ်တွေ အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာကောင်းခဲ့တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့မှာ သေချာပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဇယားထိပ် ကနေ ၇ မှတ်အသာနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်ကတော့ လူစားဝင် ကစားသမား ကူညာက အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ မန်ချက်စတာစီးတီးနဲ့ အက်စတွန်ဗီလာ တို့က အသီးသီး နိုင်ပွဲရထားကြတာကြောင့် မီခဲလ် အာတီတာရဲ့ အာဆင်နယ်က ဖိအားတွေနဲ့ ကစားခဲ့ရပါတယ်။ ပွဲတစ်လျောက်လုံး မှာလည်း အမှားအယွင်းတွေ ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ အင်တာမီလန်နဲ့ ပွဲမှာ လူစာရင်း အပြည့်သုံးခဲ့တဲ့ အာတေးတားရဲ့ ဆုံးဖြတ်ချက် မှားခဲ့လေသလားတောင် တွေးမိပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်က ဦးဆောင်ဂိုး ရပြီးနောက် ကစားပုံ လျော့ရဲလွန်းသွားခဲ့ပြီး ယူနိုက်တက်ရဲ့ အဆင့်မြင့်လှတဲ့ အဆုံးသတ် သေချာမှုတွေ အောက်မှာ အာဆင်နယ်တို့ ဒူးထောက်ခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း

ပွဲချိန် ၂၉ မိနစ်မှာ အာဆင်နယ်တို့ ကံကောင်းစွာနဲ့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ မာတင် အိုဒီဂတ်ရဲ့ ကန်ချက်ကို ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ဖျက်ထုတ်ဖို့ ကြိုးစားရာ ကနေ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။ ပွဲချိန် ၃၇ မိနစ် မှာတော့ အာဆင်နယ် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီရဲ့ ပေါ့ဆတဲ့ ပေးပို့မှုကို ဘရိုင်ယန် အမ်ဘွေမိုက ကြားဖြတ် ရယူပြီး ဂိုးသမား ဒါးဗစ် ရာယာကို ကျော်ဖြတ်ကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ အမ်ဘွေမို အတွက် ပရီးမီးယားလိဂ် ဂိုး ၅၀ ပြည့် ဂိုးလည်း ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၅၀ မှာတော့ ပက်ထရစ် ဒေါဂူက ဘရူနို ဖာနန်ဒက်စ်နဲ့ လှလှပပ ချိတ်ဆက်ကစားပြီးနောက် ဂိုးဧရိယာ အပြင် ကနေ အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူကာ ယူနိုက်တက်ကို ဦးဆောင်စေခဲ့ပါတယ်။
အဲဒီနောက် အာတေးတားက ကစားသမား ၄ ဦး အထိ လူစားလဲပြီး ဖိအားပေးခဲ့ရာမှာ လူစားဝင်လာတဲ့ မီခဲလ် မယ်ရီနိုက ထောင့်ကန်ဘောက တစ်ဆင့် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ် မှာတော့ မားသီးယက်စ် ကူညာက ဂိုးဧရိယာ အပြင် ကနေပဲ လှလှပပ ဝေ့ဝိုက် ကန်သွင်းကာ ယူနိုက်တက် အတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မိုက်ကယ် ကားရစ်ဟာ ယူနိုက်တက်ရဲ့ ယာယီ နည်းပြ အဖြစ် ဒုတိယအကြိမ် တာဝန်ယူချိန်မှာ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး အသင်းကို အမှတ်ပေးဇယား အဆင့် ၄ နေရာဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ၄ မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်များ
အာဆင်နယ်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် တစ်ပွဲတည်း ၃ ဂိုး ပေးခဲ့ရတာပါ။ ဒါဟာ ပြိုင်ပွဲစုံ ၁၂၁ ပွဲ အတွင်း ပထမဆုံးအကြိမ် ၂ ဂိုးထက် ပိုပြီး ပေးလိုက်ရတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံး ၄ ပွဲမှာ ဂိုးပေးရလောက်တဲ့ အမှား ၂ ကြိမ် အထိ ကျူးလွန်ခဲ့ပါတယ်။ ဒါဟာ ရာသီဝက် ၁၉ ပွဲမှာ မှားခဲ့တာထက်ကို ပိုများနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ၂၀၀၈ ခုနှစ် နောက်ပိုင်း အမ်းမရိတ်မှာ အာဆင်နယ်ကို ဂိုးဧရိယာ အပြင် ကနေ ၂ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ဧည့်သည် အသင်း ဖြစ်လာပါတယ်။ ယူနိုက်တက်ဟာ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်သာ ရခဲ့ပြီး (အာဆင်နယ် ၁၅ ကြိမ်)၊ မျှော်မှန်းဂိုး (xG) ၀.၇၃ သာ ရှိခဲ့ပေမယ့် ထိရောက်တဲ့ အဆုံးသတ်တွေကြောင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


