နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်စတန်တူအိုနိုကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမယ့် ချဲလ်ဆီး၊ အန်ဒီ ရော်ဘတ်ဆန် အပြင် ကာတစ် ဂျုံးစ်ကိုပါ ခေါ်ယူချင်နေတဲ့ စပါး | ပရီးမီးယားလိဂ်

ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ရီးရဲလ်မက်ဒရစ် ဆယ်ကျော်သက် ကြယ်ပွင့်လေး ဖရန်ကို မက်စတန်တူအိုနိုကို အားသင့်ဖွယ် ချဉ်းကပ်မှု တစ်ခု ပြုလုပ်သွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ မက်စတန်တူအိုနို ကတော့ လာမယ့် နွေရာသီ အသင်းထံ နီကို ပက်ဇ် ပြန်လည် ရောက်ရှိလာမယ် ဆိုရင်တော့ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ မန်ချက်စတာယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ကို ယူရို ၃၀ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့် သဘောတူညီချက် ရှိထားပေမယ့် ယူရို သန်းနဲ့ ထပ်ဆောင်းငွေ ယူရို ၅ သန်း နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

စပါး ကတော့ အန်ဒီ ရော်ဘတ်ဆန်ကို ခေါ်ယူရန် ကမ်းလှမ်းရုံနဲ့ မကျေနပ်သေးဘဲ တော့တင်ဟမ်ဟော့စပါး ကတော့ လစ်ဗာပူးလ် အသင်းဖော် ကာတစ် ဂျုံးစ် ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ စပါးဟာ ဂျုံးစ် အတွက် ပေါင် ၃၀ သန်း အသုံးပြုဖို့ ဆန္ဒရှိနေပြီး ဒီပမာဏ ကတော့ လစ်ဗာပူးလ် အတွက် အလွန် နည်းပါးလွန်းတယ်လို့ ယူဆရပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကနေ ထွက်ခွာလိုတဲ့ တိုက်စစ်မှူး ဂျင်းန် ဖိလစ် မက်တေးတား ကိုတော့ မန်ချက်စတာယူနိုက်တက်က ပြန်လည် စိတ်ဝင်စားလာဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ကမ်းလှမ်းမှု တစ်စုံတစ်ရာမှ မရှိသေးပါဘူး။

ဟယ်ရီ မက်ဂွိုင်းယား ကတော့ ဒီနွေရာသီ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့နိုင်ကြောင်း CaughtOffside က ဖော်ပြလာပါတယ်။

အသင်းခေါင်းဆောင် မာ့ခ် ဂူဟီရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ခရစ္စတယ်ပဲလေ့စ်က ချဲလ်ဆီး လူငယ်ကစားသမား ဂျော့ရှ် အာချင်မ်ပေါင်ကို ရေရှည် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

ဟယ်ရီ မက်ဂွိုင်းယား ကတော့ ဒီနွေရာသီ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့နိုင်ကြောင်း CaughtOffside က ဖော်ပြလာပါတယ်။
အန်ဒီ ရော်ဘတ်ဆန်နဲ့ ကာတစ် ဂျုံးစ် နှစ်ဦးစလုံးကို ခေါ်ယူချင်နေတဲ့ စပါး

မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အကြား တိုက်ရိုက် ရွေးချယ်မှုမှာ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ဟာ အပြာရောင် မန်ချက်စတာကို အလေးသာနေကြောင်း သိရပါတယ်။

မကြာသေးခင် ကမှ အာဖရိကဖလား ချန်ပီယံဆု ရလာတဲ့ ပီအက်စ်ဂျီ ကစားသမား အီဘရာဟင် အမ်ဘာရီ ကတော့ ဒီဇန်နဝါရီလ အပြောင်းအရွှေ့ကာလ မကုန်ဆုံးမီ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ရဲ့ ထိပ်တန်း ပစ်မှတ် တစ်ခု ဖြစ်လာနိုင်ပါတယ်။

ထရက်ဇွန်စပေါရဲ့ အိုင်ဗရီကို့စ် ကွင်းလယ် ကြယ်ပွင့် ခရစ် အီနာအို အူလိုင် ကိုတော့ ချဲလ်ဆီးက ယူရို သန်း ၄၀ နဲ့ အံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

အမေ့လျော့ခံ မန်ချက်စတာစီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ် ကတော့ ပရီးမီးယားလိဂ် တန်းဇုန်ထဲမှာ ရုန်းကန်နေရသော ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ဆီ အခုလ အတွင်း ပြောင်းရွှေ့ဖို့ အလားအလာရှိသည်။ တစ်ဖက် မှာလည်း ကယ်ဗင် ဖီးလစ်က လိဒ်စ်ယူနိုက်တက်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့လည်း ကမ်းလှမ်းခံထားရကြောင်း သိရပါတယ်။

လစ်ဗာပူးလ် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ အသင်းရဲ့ ခြေစွမ်း မတည်မငြိမ်မှု အပေါ် မေးခွန်းထုတ်သွားခဲ့ပါတယ်။ အဲဒီပွဲမှာ ဗန်ဒိုက်ခ်ရဲ့ အမှားကြောင့် လစ်ဗာပူးလ်က ပြိုင်ဘက်ကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲဗာရက်ဇ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီက ပေါင် ၈၆.၈ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဲလ်ဗာရက်ဇ် ကိုတော့ လာလီဂါနဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ အပြင် ဆော်ဒီပရိုလိဂ် ကပါ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုမှာ မဟုတ်ပဲ အသင်း ကနေ ရှင်းထုတ်လိုနေကြောင်း သိရပါတယ်။

အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ၂၀၂၇ ခုနှစ် နွေမှာ ကစားသမား ဘဝ ကနေ အနားယူနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်