ဘာစီလိုနာ အနေနဲ့ ခြေချော်မှုတွေ ကနေ ပြန်လည် ရုန်းထွက်နိုင်ဖို့ ကြိုးစားနေချိန်မှာ အာရုံစူးစိုက်မှု မလျော့နည်းကြဖို့ နည်းပြ ဟန်ဆီ ဖလစ်ခ်က သတိပေးလိုက်ပါတယ်။ ဘာစီလိုနာဟာ ဒီကနေ့ ညမှာတော့ လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးက ရီးရဲလ်အိုဗီယေဒိုကို နူးကမ့်ပ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ရီးရဲလ်အိုဗီယေဒို တို့ဟာ ၂၅ နှစ် အကြာမှ ပထမဆုံးအကြိမ် ပြန်လည် ရင်ဆိုင်ကြရမှာ ဖြစ်ပြီး နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ၂၀၂၆ ခုနှစ်အတွင်း နူးကမ့်ကွင်းမှာ ပထမဦးဆုံး အကြိမ် ကစားရမယ့် ပွဲမှာ အနိုင်ရလဒ်နဲ့ အတူ ပြန်လာနိုင်ဖို့ မျှော်လင့်နေသလို သူ့ရဲ့ ကစားသမားတွေ ကိုလည်း ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့ အထိ အာရုံစူးစိုက်မှု အပြည့်ရှိနေစေချင်ပါတယ်။ ဒီပွဲဟာ နှစ်သစ်ကူးပြီး နောက်ပိုင်း ဘာစီလိုနာရဲ့ ပထမဆုံး အိမ်ကွင်း ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က လာလီဂါ အမှတ်ပေးဇယား ဇယား ထိပ်ဆုံး နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ အခုပွဲမှာ ရလဒ်ကောင်း တစ်ခုနဲ့ အတူ အဆင့် ၁ နေရာကို ပြန်လည်ရယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်ဆိုစီဒက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲနဲ့ ဆလားဗီးယား ပရပ်ဂ်ကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲတွေမှာ ဖလစ်ခ်ရဲ့ အသင်းဟာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးတွေ အရင်ပေးခဲ့ရပါတယ်။ ဒါဟာ အမြန်ဆုံး ဖြေရှင်းရမယ့် ပြဿနာ တစ်ခု ဖြစ်တယ်လို့ ဖလစ်ခ်က ဝန်ခံခဲ့ပါတယ်။
“ကျွန်တော်တို့ အိမ်ကွင်းကို ပြန်ရောက်ပြီ ဖြစ်သလို အနိုင်လည်း ရချင်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို အရင်ဦးဆောင်ဂိုး သွင်းနေကြတယ်။ ဒါကို ကျွန်တော်တို့ ရှောင်လွှဲရပါမယ်။ အမှားအယွင်း တချို့ကြောင့် အခုလို ဂိုးတွေ ပေးနေရတာပါ။ ပွဲကစားချိန် မိနစ် ၉၀ လုံးမှာ အာရုံစူးစိုက်မှု ပိုရှိဖို့ လိုအပ်ပါတယ်။” လို့ ဖလစ်ခ်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဖလစ်ခ်က “အသင်းတွေက ကျွန်တော် တို့နဲ့ ကစားရင် အစွမ်းကုန် ခုခံကြတာပါ။ သူတို့ရဲ့ ခံစစ်ကို ဖောက်ဖို့က ပိုခက်ခဲပါတယ်။ ကျွန်တော်တို့ အသင့် ဖြစ်နေဖို့ လိုပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပြီးသားမို့ လက်တွေ့မှာ အကောင်အထည် ဖော်ရပါမယ်။ လို့ ဆိုပါတယ်။ ဒါ့အပြင် ကြားရက်က ဖာမင်း လိုပက်ဇ်၊ ဒန်နီ အော်လမိုနဲ့ လီဝမ်ဒေါစကီးတို့ ဂိုးသွင်းခဲ့တဲ့ ဆလားဗီးယား ပရပ်ဂ်နဲ့ ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း ဖလစ်ခ်က အခုလို ကာကွယ်ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ Set pieces တွေ လေ့ကျင့်ဖို့ အချိန်အများကြီး မရခဲ့ပေမယ့် ဒါကို ဆွေးနွေးခဲ့ကြပါတယ်။ ပရပ်ဂ်မှာက အခြေအနေချင်း မတူပါဘူး။ ဆင်ခြေပေးတာတော့ မဟုတ်ပေမယ့် အဲဒီမှာ ရာသီဥတုက အရမ်းအေးသလို သူတို့ အသင်းမှာ အရပ်ရှည်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဘာစီလိုနာမှာက အရပ်ရှည်တဲ့ ကစားသမားတွေ သိပ်မရှိပေမယ့် ဒီလို အခြေအနေမျိုးတွေကို အမြဲတမ်း ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ကြပါတယ်။” လို့ ဖလစ်ခ်က ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါမှာ အိုဗီယေဒိုနဲ့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၉ ပွဲမှာ ၇ ပွဲအထိ အနိုင်ရထားပြီး ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး ရှုံးနိမ့်ခဲ့တာ ကတော့ ၂၀၀၁ ခုနှစ် မေလက ဖြစ်ပြီး ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ ဘာစီလိုနာ အသင်းဟာ လာလီဂါ သမိုင်းတစ်လျှောက် အိုဗီယေဒိုကို အိမ်ကွင်းမှာ ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာမျိုး တစ်ကြိမ်မှ မရှိသေးပါဘူး။
နူးကမ့်ကွင်းကို ပြန်လည် ခြေချရမယ့် ဘာစီလိုနာဟာ လာလီဂါ အိမ်ကွင်း နောက်ဆုံး ၉ ပွဲစလုံးကို အနိုင်ရရှိထားပါတယ်။ အကယ်၍ ဒီပွဲမှာသာ ထပ်နိုင်ခဲ့ရင် နည်းပြ တစ်ဦးတည်း လက်အောက်မှာ အိမ်ကွင်း ၁၀ ပွဲနဲ့ အထက် ဆက်တိုက် နိုင်ပွဲ ရတဲ့ မှတ်တမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (နည်းပြ အာနက်စတို ဗယ်ဗာဒီ လက်ထက် – ၁၄ ပွဲနိုင်) နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက အိုဗီယေဒိုရဲ့ အိမ်ကွင်း (Carlos Tartiere) မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အခုပွဲမှာပါ ထပ်နိုင်ခဲ့ရင် ဘာစီလိုနာဟာ ၁၉၉၅-၉၆ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အိုဗီယေဒိုကို တစ်ရာသီအတွင်း နှစ်ကျော့စလုံး အနိုင်ရတဲ့ မှတ်တမ်းကို ရရှိမှာပါ။
အိုဗီယေဒိုဟာ ဘာစီလိုနာနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ လာလီဂါ ၉ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားဖူးပါတယ်။ (ဒါဟာ သူတို့ အရင်က ၂၄ ပွဲမှာ ၄ ပွဲပဲ နိုင်ခဲ့တဲ့ မှတ်တမ်းနဲ့ တူညီနေတာပါ။) ဒါပေမယ့် လက်ရှိ နည်းပြ ဂယ်လာမို အယ်မာဒါရဲ့ အသင်း ကတော့ နောက်ဆုံး လာလီဂါ ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး (၇ ပွဲသရေ၊ ၆ ပွဲရှုံး)၊ ဒီရာသီ ပွဲစဉ် ၂၀ ကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ် (၂ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၁၁ ပွဲရှုံး) သာ ရရှိထားပါတယ်။
လာလီဂါ သမိုင်းမှာ အခုလို အချိန်မျိုးမှာ ရမှတ် ၁၃ မှတ် ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ အသင်းတွေဟာ နောက်ဆုံး ၁၁ နှစ် အတွင်း တန်းဆင်းခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုး ကနေ တန်းမဆင်းဘဲ လွတ်မြောက်ခဲ့တဲ့ နောက်ဆုံး အသင်းကတော့ ၂၀၁၁-၁၂ ရာသီက ရီးရဲလ် ဇာရာဂိုဇာ ဖြစ်ပြီး၊ အဲဒီတုန်းက ရမှတ် ၁၂ မှတ်ပဲ ရရှိခဲ့ပေမယ့် ရာသီကုန်မှာ အဆင့် ၁၆ နဲ့ တန်းမဆင်းပဲ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


