နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝီလ်ဆင်ရဲ့ တောက်ပမှုနဲ့ ဘရိုက်တန်ကို အနိုင်ယူပြီး အဆင့် ၇ နေရာကို တက်လှမ်းလာတဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ဖူလ်ဟမ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဖူလ်ဟမ်တို့ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ဟယ်ရီ ဝီလ်ဆင်ရဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ရရှိတဲ့ အလွတ်တည်ကန်ဘော သွင်းဂိုးနဲ့ ဘရိုက်တန်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ အနိုင်ဂိုးရှင် ဟယ်ရီ ဝီလ်ဆင်က “အံ့ဩဖို့ ကောင်းတဲ့ ခံစားချက်” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝေးလ်စ် လက်ရွေးစင် ကစားသမား ဝီလ်ဆင်ဟာ ခရေဗင်ကော့တေ့ဂျ်မှာ နောက်တစ်ကြိမ် သူရဲကောင်း ဖြစ်ခဲ့ပြန်တာပါ။ ဝီလ်ဆင်က ပွဲကစားချိန် ၉၂ မိနစ်မှာ ၂၅ ကိုက် အကွာ အလွတ်တည်ကန်ဘော ကနေ အဖိုးတန် အနိုင်ဂိုးကို ကန်သွင်းပေးခဲ့လို ဖူလ်ဟမ်တို နောက်ဆုံး မိနစ် အရောက်မှ ၃ မှတ် အပြည့် ရရှိခဲ့တာပါ။

နိုဝင်ဘာလအစကတည်းက ကြည့်မယ် ဆိုရင် ဝီလ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ် (၇ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးဖန်တီး) အထိ ရှိထားပါတယ်။ အာလင်း ဟာလန်း (၁၂ ကြိမ်) တစ်ယောက်တည်းကသာ ဝီလ်ဆင်ထက် သာလွန်နေပါတယ်။ ဒီနိုင်ပွဲကြောင့် မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ် ဇယား အဆင့် ၇ အထိ တက်လှမ်းနိုင်ခဲ့ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေလည်း တိုးလာခဲ့ပါတယ်။

 

ဟယ်ရီ ဝီလ်ဆင် ပြောကြားချက်

“ဘယ်လို ဂိုးမျိုးပဲ သွင်းသွင်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလောက် အဝေး ကနေ အသင်းအတွက် သုံးမှတ်အပြည့်ရအောင် သွင်းပေးနိုင်တာက ပိုပြီးတော့ ထူးခြားပါတယ်။ နိုဝင်ဘာလကုန်က စပြီး ကျွန်တော် ခြေစွမ်းပြနိုင်ခဲ့တယ်။ တိုက်စစ် ကစားသမား တစ်ယောက် အနေနဲ့ ဒီလို ကိန်းဂဏန်းတွေနဲ့ပဲ အကဲဖြတ်ခံရတာပါ။ အသင်းအတွက် ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကူညီပေးနိုင်တဲ့အခါ အံ့ဩဖို့ ကောင်းတဲ့ ခံစားချက်မျိုး ရပါတယ်။” လို့ ဟယ်ရီ ဝီလ်ဆင်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလအစကတည်းက ကြည့်မယ် ဆိုရင် ဝီလ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ် (၇ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးဖန်တီး) အထိ ရှိထားပါတယ်။
ဖူလ်ဟမ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ရလဒ်ကောင်းတွေ ရှာဖွေပေးနေတဲ့ ဟယ်ရီ ဝီလ်ဆင်

အဲဒီနောက် ဝီလ်ဆင်က ဆက်လက်ပြီး မနှစ်က ရမှတ် စံချိန်ချိုးနိုင်ခဲ့တာကို ဂုဏ်ယူသလို၊ ဒီနှစ် မှာတော့ အဲ့ဒီထက် ပိုကောင်းတဲ့ ရလဒ်တွေ ရယူပြီး ဥရောပဝင်ခွင့် ရဖို့ ရည်မှန်းထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အပြီး မှာတော့ ၁၀ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၉ ပွဲ ရှုံး ရမှတ် ၃၄ မှတ် အထိ အဆင့် ၇ နေရာကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ကော့တေဂျာစ် တို့က ရာသီကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာရဖို့ မျှော်လင့်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဘရိုက်တန် အတွက် ကတော့ ဖူလ်ဟမ် အိမ်ကွင်းမှာ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ မရသေးတဲ့ မှတ်တမ်းဆိုး ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဖေဘီယန် ဟက်ဇီလာ အသင်းက ပထမပိုင်းမှာ ယာစင် အာယာရီ ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါဟာ ဘရိုက်တန် အတွက် နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိသေးတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘရိုက်တန် နည်းပြ ဟက်ဇီလာက “ဒါဟာ ဘောလုံးပါပဲ။ တစ်ခါတလေမှာ ဘောလုံးက အရမ်း ရက်စက်တတ်ပြီး ပိုကောင်းတဲ့ အသင်းက ရှုံးသွားတတ်ပါတယ်။ ဒီနေ့ စွမ်းဆောင်ရည်က ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲပါ။ တစ်ပွဲလုံးကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကံတရား ကလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားရမှာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်