နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မလွယ်ကူတဲ့ Estadio de la Cerámica မှာ အစမ်းသပ်ခံရမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

ဗီလာရီးရဲလ် – ရီးရဲလ်မက်ဒရစ်

အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၁ ရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် ဗီလာရီးရဲလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ Estadio de la Cerámica မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဗီလာရီးရဲလ်ရဲ့ အိမ်ကွင်းဟာ အသင်းတိုင်း အတွက် အမြဲတမ်း ခက်ခဲလေ့ ရှိသလို ရီးရဲလ်မက်ဒရစ် အတွက် ကလည်း ဒီကွင်း မှာဆိုရင် အလွယ်တကူ အသာရလေ့ မရှိတာကြောင့် မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဗီလာရီးရဲလ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘက်တစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် မှာလည်း အေဂျက်စ်ကို ဆက်ရှုံးထားပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဗီလာရီးရဲလ်က ဇယားထိပ်က အသင်းတွေနဲ့ ရမှတ် ကွာဟချက် မြင့်မားနေပေမယ့် တစ်ပွဲလျော့ ကစားထားပါတယ်။ အဝါရောင် ရေငုပ်သင်္ဘောတွေဟာ အိမ်ကွင်းမှာ High Pressing၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားတတ်ပြီး ကွင်းလယ် ကနေ တိုက်စစ်ကို ကူးပြောင်းတဲ့ နေရာမှာ လျင်မြန်ပါတယ်။ ဒါပေမယ့်လည်း နောက်တန်းမှာ အမှားလေးတွေ ရှိတတ်ပြီး ထိပ်တန်း အသင်းတွေနဲ့ ရင်ဆိုင်ချိန်ဆိုရင် အားနည်းတတ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာရီးရဲလ်က ဒီရာသီ လာလီဂါ အိမ်ကွင်း ၁၀ ပွဲ ကစားရာမှာ ၁ ပွဲသာ ရှုံးထားပြီး ၈ ပွဲ အထိ အနိုင်ရထားတာ ကတော့ သတိပြုစရာ ဖြစ်ပါတယ်။

ဒီပွဲ ကတော့ ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါ ချန်ပီယံဆု မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်ပါတယ်။
ဗီလာရီးရဲလ် အိမ်ကွင်းမှာဆိုရင် ရုန်းကန်ရတတ်တဲ့ ရီးရဲလ်မက်ဒရစ်

ဒီပွဲ ကတော့ ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါ ချန်ပီယံဆု မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်က ဦးဆောင်သူ ဘာစီလိုနာကို တစ်မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နည်းပြ အပြောင်းအလဲ ရှိထားပေမယ့် အတွေ့အကြုံကောင်းတွေနဲ့ အရည်အသွေး အပြည့် ရှိတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့် သိပ်ပြီး ယိုင်နဲ့သွားတာတော့ မတွေ့ရပါဘူး။ အမ်ဘာပေး၊ ဘယ်လင်ဟမ်၊ ဗင်နီ၊ ရိုဒရီဂို တို့ရဲ့ လျင်မြန်မှုတွေ၊ ဖန်တီးနိုင်စွမ်းတွေက အသင်း အတွက် ဘယ်လောက်အထိ သက်ရောက်မှု ကြီးမားနေစေသလဲ ဆိုတာ မိုနာကိုနဲ့ ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်က တစ်ခါတစ်ရံ အဝေးကွင်းမှာ အဖွင့်နှေးတတ်ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ရှိနေလို့ စိတ်ပူစရာတော့ မရှိပါဘူး။ အားနည်းချက် ကတော့ ဖိအားပေး ကစားတတ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ကွင်းလယ်ပိုင်းက ပွဲချိန်ကြာလာတာနဲ့ အမျှ စွမ်းဆောင်ရည် ကျဆင်းသွားတတ်တာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဗီလာရီးရဲလ် ဘက်က ဆန်တီယာဂို မူရီနို (ပွဲပယ်)၊ ကမ်ဆာနာ (ပွဲပယ်)၊ ကမ်ဘွယ်လာ၊ ပါအူ ကာဘာနက်စ် တို့ ဒဏ်ရာကြောင့် လွဲချော်မှာပါ။

ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ အန်တိုနီယို ရူဒီဂါ၊ အီဒါ မီလီတာအို၊ မန်ဒီ၊ အာနိုးလ်နဲ့ ချူအာမန်နီ (ပွဲပယ်) တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဗီလာရီးရဲလ် – ဂျူနီယာ၊ နဗာရို၊ ဗိုင်ဂါ၊ ဖွိုက်၊ ပက်ဒ်ရာဇာ၊ ဘူချန်နန်၊ ပယ်ရီဟို၊ ဂူဟီ၊ မိုလီရို၊ ပီရက်ဇ်၊ မီကူတာဇီ

ရီးရဲလ်မက်ဒရစ် – ကော့တွာစ်၊ ဗယ်လ်ဗာဒီ၊ ဟောက်ဆန်၊ အဆန်စီယို၊ ကာရီးရက်စ်၊ ဂူလာ၊ ကာမာဗင်ဂါ၊ ဘယ်လင်ဟမ်၊ ရိုဒရီဂို၊ အမ်ဘာပေး၊ ဗင်နီးစီးယပ်စ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဗီလာရီးရဲလ် အိမ်ကွင်းမှာ ဆိုရင် ရီးရဲလ်မက်ဒရစ်တို့ ရုန်းကန်ရတတ်ပြီး သရေပွဲတွေ များတတ်ပါတယ်။ ထိပ်တိုက် တွေ့ဆုံချိန် အများစုမှာ နှစ်သင်းပေါင်း သွင်းဂိုးတွေ များတတ်ပါတယ်။ လာလီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်က ၄ ကြိမ်နိုင်ပြီး ဗီလာရီးရဲလ်က ၁ ကြိမ် အနိုင်ရထားပါတယ်။ ဗီလာရီးရဲလ် အိမ်ကွင်းက နောက်ဆုံး ၅ ကြိမ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ဗီလာရီးရဲလ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဗီလာရီးရဲလ် နိုင်ရင် ၃.၄၆ ဆ၊ ရီးရဲလ်မက်ဒရစ် နိုင်ရင်တော့ ၁.၉၁ ဆ၊ သရေ ဆိုရင်တော့ ၃.၈၆ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ်မှာ ရီးရဲလ်မက်ဒရစ် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ဗီလာရီးရဲလ်က အိမ်ကွင်းမှာ မဖြစ်မနေ ဖိအားပေးလာမှာပါ။ ရီးရဲလ်မက်ဒရစ် ကတော့ စိတ်ရှည်ရှည်နဲ့ ကစားပြီး လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေကို အဓိက အသုံးချလာနိုင်ပါတယ်။ အကြိတ်အနယ် ရှိတဲ့ အပြန်အလှန် တိုက်စစ်တွေ မြင်ရနိုင်တဲ့ ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ X2၊ BTTS၊ ဂိုးပေါ် ၂.၅၊ Correct Score ၁-၂၊ ၂-၂ တွေကို ရွေးချယ်ထားသင့်တဲ့ ပွဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

ဗီလာရီးရဲလ် ၁-၂ ရီးရဲလ်မက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်