နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံ အိပ်မက်နဲ့ ပြန်လည် ထူထောင်ရေး ကြားက အရေးကြီးတဲ့ ထိပ်တိုက်တွေ့ဆုံမှု | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် အာဆင်နယ်က မန်ချက်စတာယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ ကြီးမားတဲ့ ပြိုင်ဘက် နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်တာကြောင့် ထိပ်တိုက် တွေ့ဆုံမှုတိုင်းမှာ ဘောလုံးပရိသတ်တွေ အတွက် အမြဲတမ်း စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်လေ့ရှိပါတယ်။ ဒါကြောင့် လက်ရှိမှာ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်နဲ့ ပြန်လည် တည်ဆောက်ရေး လမ်းကြောင်းပေါ်က ယူနိုက်တက် တို့ရဲ့ စီးချင်းထိုးပွဲမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ ထပ်မံ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်က အဓိက ပြိုင်ဘက်တွေ တောက်လျောက် ခြေချော်နေပေမယ့် အခွင့်ကောင်း မယူနိုင်သေးပဲ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် သရေကျထားပါတယ်။ လက်တလော အမှတ်ပေးဇယား ထိပ်ကနေ ၇ မှတ်ဖြတ် ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် နည်းပြ မိုက်ကယ် ကာရစ်နဲ့ အတူ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာတဲ့ ယူနိုက်တက်က အရေးကြီးတဲ့ စာမေးပွဲ ဖြစ်လို့ အာရုံစူးစိုက်မှု အပြည့်နဲ့ သတိထား ကစားရပါလိမ့်မယ်။ မီခဲလ် အာတေးတား ဦးဆောင်တဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်လို့တော့ များများစားစား သုံးသပ်စရာ မရှိပါဘူး။ ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ ချဉ်းကပ်နိုင်ဖို့ပဲ လိုအပ်ပြီး ယူနိုက်တက်ရဲ့ ထိရောက်တဲ့ တန်ပြန် တိုက်စစ်တွေကို တားဆီးနိုင်မယ် ဆိုရင်တော့ အရမ်းကြီး မခက်ခဲနိုင်တဲ့ ပွဲလို့ပဲ မြင်ပါတယ်။ နောက်ပြီး ဂန်းနားတို့ အိမ်ကွင်း အားသာချက်ကို အပြည့်အဝ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်က ယူနိုက်တက်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု၊ Top 4 ဝင်ဖို့ အာရုံစိုက်ရမယ့် လက်ကျန်ပွဲ အရေအတွက် ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် Top 4 ဝင်ဖို့ အားစိုက်လာမယ့် ယူနိုက်တက်

ယူနိုက်တက်နဲ့ ပတ်သတ်ပြီးတော့ ပြောစရာတွေ ကတော့ အများကြီး ရှိနေပါတယ်။ အရင်ဆုံး ပြောရရင် ရူဘင် အမော်ရင် နေရာကို အစားထိုး ဝင်ရောက် ကိုင်တွယ်တဲ့ မိုက်ကယ် ကာရစ်က စတင် အစွမ်းပြနေပါပြီ။ ပြီးခဲ့တဲ့ ပွဲမှာ မန်စီးတီးကို ခြေစွမ်းအသာနဲ့ ကစားပြီး ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းက ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက် ပထမဦးဆုံး အကြိမ် ပြန်လည် မြင်တွေ့ရတဲ့ အကောင်းဆုံး ပုံစံ တစ်ခု ဖြစ်ပါတယ်။ Transition တွေ ကောင်းပြီး သူတို့ရဲ့ ကစားဟန် ဖြစ်တဲ့ လျင်မြန်တဲ့ တောင်ပံတွေ၊ တန်ပြန် တိုက်စစ်တွေနဲ့ မန်စီးတီးကို ကစားပြသွားခဲ့တာ အာဆင်နယ်တို့ မချောင်ဘူးလို့ တွေးမိလောက်တဲ့ အထိပါပဲ။ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း မြို့ခံပြိုင်ဘက်ကို နိုင်ထားတာကြောင့် အမြင့်ဆုံးမှာ ရောက်နေမှာ ဖြစ်ပြီး အမ်းမရိတ်စ်မှာ ၃ မှတ် အပြည့် ယူဖို့တောင် မျှော်မှန်းထားလောက်ပါတယ်။ နောက်တစ်ချက်က ယူနိုက်တက်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု၊ Top 4 ဝင်ဖို့ အာရုံစိုက်ရမယ့် လက်ကျန်ပွဲ အရေအတွက် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပွဲစဉ် ၂၂ အပြီးမှာ ရမှတ် ၃၅ မှတ် ရရှိထားပြီး အဆင့် ၄ နေရာက လစ်ဗာပူးလ်နဲ့ ၁ မှတ်သာ ကွာဟနေပါတယ်။ ယူနိုက်တက်ရဲ့ အားနည်းချက် ကတော့ ကစားပုံ မတည်ငြိမ်သလို၊ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနိုင်သေးပြီး အဝေးကွင်း ရလဒ်က အားရစရာ မရှိတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဒီပွဲကိုတော့ အာဆင်နယ် ဘက်က ကိုင် ဟာဗက်ဇ်၊ ဟင်ကပ်ပီယေ၊ မက်စ် ဒေါင်းမန်းတို့ လွဲချော်မှာ ဖြစ်ပြီး ကာလာဖီအိုရီ ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ဘက်မှာတော့ ဒီလစ်ဂျ်၊ ဇစ်ခ်ဇီး တို့ကလွဲလို့ လူစုံ ပါဝင်နိုင်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ ဟင်ကပ်ပီယေ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယောကရက်စ်၊ ထရော့ဆက်ဒ်

မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ဒါးလော့တ်၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ရှော၊ မိန်းနူး၊ ကက်စ်မဲရိုး၊ အာမက်ဒ်၊ ဖာနန်ဒက်စ်၊ ဒေါဂူ၊ အမ်ဘွေမို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ပိုင်း နှစ်တွေ အတွင်း အာဆင်နယ်က အိမ်ကွင်းမှာ ပိုပြီး အနိုင်ထားတာ တွေ့ရပါတယ်။ ယူနိုက်တက် အနေနဲ့ အမ်းမရိတ်စ်မှာ ကစားရတဲ့ ပွဲတွေမှာ အခက်အခဲများတတ်ပြီး နောက်ဆုံး ၇ ကြိမ်ဆက် အာဆင်နယ်ကို ယူနိုက်တက် အနိုင်မရထားသလို နောက်ဆုံး ၄ ပွဲဆက် ရှုံးထားပါတယ်။ အဲဒီ ၄ ပွဲမှာ ၃ ပွဲ ကတော့ ဂိုးပြတ် ရှုံးထားတာပါ။ ဒီရာသီ ပထမအကျော့ မှာလည်း အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ ကာလာဖီအိုရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၅၁ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၅.၃၀ ဆ၊ သရေ ဆိုရင်တော့ ၃.၉၇ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ အာဆင်နယ် ဘက်ကပဲ အနည်းငယ် ပြင်းတဲ့ ကြေးမျိုး ဖွင့်ထားပြီး ဂိုးပေါင်းကြေး က‌တော့ ပုံမှန်ပါပဲ။ သေချာပေါက် အာဆင်နယ်က ဘောလုံး ပိုင်ဆိုင်မှု အသားနဲ့ ဖိအားပေး ကစားပြီး ဂိုးရဖို့ ကြိုးစားမှာပါ။ ယူနိုက်တက် ကတော့ Low Block ပိတ်ကစားပြီး တန်ပြန် တိုက်စစ်နဲ့ အခွင့်အရေးတွေ မျှော်လင့်လာပါလိမ့်မယ်။ မန်စီးတီးနဲ့ ပွဲတုန်းက ချဉ်းကပ်ပုံ အတိုင်း အာဆင်နယ် အမှားတွေကို စောင့်ကစားမယ့်ပုံပါပဲ။ အာဆင်နယ် ကလည်း ဒီရာသီမှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်း ဖြစ်တာကြောင့် ယူနိုက်တက် အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ အာဆင်နယ် အနိုင်သေချာတဲ့ ပွဲ ဖြစ်လို့ 1x ကိုပဲ ပိုကစားစေချင်ပါတယ်။

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၀ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်