နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပျက်သဘောဆောင်တဲ့ ခံစားချက်‌တွေကို ပြောင်းလဲပစ်ရမယ်လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ| ချန်ပီယံလိဂ်

မန်ချက်စတာစီးတီးက ဘိုဒို/ဂလင့်မ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်မှု အပြီးမှာ အပျက်သဘောဆောင်တဲ့ ခံစားချက်‌တွေကို ပြောင်းလဲပစ်ရမယ်လို့ ပပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ အခုတစ်ပတ် ချန်ပီယံလိဂ်မှာ နိုင်ပွဲ လုံးဝ မရသေးတဲ့ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ်ကို အဝေးကွင်းမှာ ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘိုဒို/ဂလင့်မ်ဟာ မန်စီးတီးနဲ့ အတွေ့မှ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဦးဆုံး နိုင်ပွဲ ရရှိခဲ့သလို တစ်ဖက် မှာလည်း စီးတိးဟာ ဒုတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက ရမှတ် ၁၃ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် အဆင့် ၁၁ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ မန်စီးတီးတို့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အတွက် ဆိုရင်တော့ လက်ကျန် ပွဲစဉ် ဖြစ်တဲ့ ဂါလာတာဆာရေးနဲ့ ပွဲမှာ ရလဒ်‌ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။ 

မန်စီးတီးက ဒီပွဲမှာ ပွဲချိန် မိနစ် ၆၀ အထိ ပြိုင်ဘက်ရဲ့ ၃ ဂိုးပြတ်နဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး ချာကီက ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ နောက်ကနေ လိုက်ကစားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့် ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီးဟာ ၂၀၁၁ ခုနှစ် မတ်လက ယူရိုပါလိဂ်မှာ ဒိုင်နမိုကိဗ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ဥရောပပြိုင်ပွဲကြီးတွေမှာ အသင်းငယ် တစ်သင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၄ ပွဲမှာ ၃ မှတ်သာ ရယူနိုင်ခဲ့ပြီး အဲဒီအထဲမှာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်လည်း ပါဝင်ပါတယ်။ မန်စီးတီးက လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝုဗ်ကို အက်တီဟတ်မှာ ဧည့်ခံကစားရဖို့ ရှိပြီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဒီပွဲမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့ဖို့ မျှော်လင့်နေပါတယ်။

ဒါကြောင့် မန်စီးတီးက ရမှတ် ၁၃ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် အဆင့် ၁၁ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်က ဝုဗ်နဲ့ ကစားရမယ့် မန်ချက်စတာစီးတီး

ဂွါဒီယိုလာက “ကျွန်တော်တို့ ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ ၂၀၂၅ ခုနှစ် ကတည်းက ရလဒ်တွေက မကောင်းတော့တာပါ။ ပရီးမီးယားလိဂ်မှာရော အခု ဘိုဒိုနဲ့ ပွဲမှာပါ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရမယ်၊ ဝုဗ်နဲ့ ဂါလာတာစာရေး ပွဲတွေ ကိုပေါ့။ အရာအားလုံး မှားယွင်းနေတယ်လို့ ခံစားရပါတယ်။ အသေးစိတ် အချက်အလက်တွေအရရောပေါ့၊ ဒါပေမယ့် အဲဒါကို ပြောင်းလဲဖို့ ကြိုးစားရမယ်။ ဒီပြိုင်ပွဲအပေါ် သံသယမရှိပါဘူး၊ ဘာမှလည်း ပေါ့ပေါ့တန်တန် မယူဆပါဘူး၊ အဲဒါကတော့ သေချာပါတယ်။”

“ယူနိုက်တက်က ကျွန်တော် တို့ကို အနိုင်ယူပြီး ပိုကောင်းခဲ့တယ်။ ဒီနေ့ [ဘိုဒို] မှာ အရှိန်အဟုန် ရှိခဲ့တယ်။ ဒါပေမယ့် အကူးအပြောင်းတွေမှေ အရမ်းကောင်းတဲ့ အသင်းနဲ့ တွေ့ခဲ့တယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ အခုတစ်ပတ် ရင်ဆိုင်ရမယ့် ဝုဗ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ကြမ်းတိုက်နေရတဲ့ အသင်း ဖြစ်ပါတယ်။ ဝုဗ်က ဒီရာသီ အမှတ်ပေး ပွဲစဉ် ၁ ပွဲသာ အနိုင်ရထားပြီး ၅ ပွဲ သရေ၊ ၁၆ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဝုဗ်ဟာ လက်တလော တန်းဆင်းဇုန် ပြင်ပက အသင်းနဲ့ ၁၄ မှတ် အထိ ကွာဟနေပြီး ရာသီကုန်မှာ သေချာပေါက် ချန်ပီယံရှစ်ဆီ ဆင်းကစားရမယ့် အသင်း အဖြစ် ခန့်မှန်းခြင်း ခံထားရပါတယ်။ မန်စီးတီး ကတော့ ဝုဗ်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပြီး အက်တီဟတ် မှာလည်း ၅ ပွဲဆက် အနိုင်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်