ဇန်နဝါရီ ၂၂ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ် ကတော့ ချဲလ်ဆီး တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဂါနာချို ကတော့ လက်တလော ချဲလ်ဆီးမှာ ခြေစွမ်းပြနေတာကြောင့် လန်ဒန် ကလပ် ဘက်က တီကိုရဲ့ ကမ်းလှမ်းမှုကို လက်ခံနိုင်ခြေတော့ နည်းပါးနေပါတယ်။
အင်တာမီလန် ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘတ်စတိုနီဟာ ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကို ကလည်း ဒီအကြောင်းကို သိရှိထားပါတယ်။
ရီးရဲလ်မက်ဒရစ် မန်နေဂျာ အဲလ်ဗာရို အာဘီလိုအာဟာ ညာနောက်ခံလူ ထရန့် အလက်ဇန္ဒား-အာနိုးလ်နဲ့ တရားဝင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အာဘီလိုအာက အင်္ဂလန် လက်ရွေးစင် ကစားသမားရဲ့ ဘာနေဗျူးမှာ အနာဂတ် မမြင်မိကြောင်း ပြောဆိုကာ ကလပ် ကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒေါ့မန် ကတော့ ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနေတဲ့ နီကို ရှလော့တ်တာဘက်ခ်ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် ဗဟိုနောက်ခံလူဟာ ၂၀၂၇ ခုနှစ် နွေရာသီမှာ ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ အတွက် ယူရို သန်း ၆၀ တန် စာချုပ် ဖျက်သိမ်းကြေးကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ထိပ်သီးတို့ ကတော့ ဒီသဘောတူညီချက်နဲ့ ပတ်သတ်လို့ ကျေနပ်မှု ရှိနေကြောင်း သိရပါတယ်။
အာဒါ ဂူလာ ကတော့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာလိုခြင်း မရှိပေမယ့်လည်း အာဆင်နယ်နဲ့ ချဲလ်ဆီး နှစ်သင်းစလုံး ကတော့ တူရကီ ကြယ်ပွင့်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
ဘာစီလိုနာ ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အတွက် ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ဂါဗီနဲ့ မာ့ခ် ကာဆာဒို တို့ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အဲလ်အာလီ တိုက်စစ်မှူး ဟမ်ဇာ အက်ဘ်ဒဲလ်ကာရင်မ်ကို ကနဦး အငှားနဲ့ ခေါ်ယူရန် သဘောတူညီချက် ရရှိခဲ့ပါတယ်။ ယူရို ၃ သန်းနဲ့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပြီး စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ယူရို ၅ သန်း အထိ ပေးချေရဖို့ ရှိနေပါတယ်။
အာဆင်နယ် နောက်ခံလူ ဂျူရီယန် တင်ဘာရဲ့ ညီဖြစ်သူ ကွင်တန် တင်ဘာ ကတော့ မာဆေးလ်ကို ပြောင်းရွှေ့ဖို့ ပဲလေ့စ်၊ နော့တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ရာသီကုန်မှာ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား အဒမ် ဝှာတန်ကို ရောင်းချရလိမ့်မယ်လို့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား အတွက် ပေါင် ၆၅ သန်းနဲ့ စတင် ကမ်းလှမ်းမှသာ လက်ခံသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေတဲ့ ဖီးလစ် မီချာ အတွက် ဒေါ့မန်က ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ (ပေါင် ၅၂.၃ သန်း) သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်က အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ညက မိမိအတွက် အိပ်မက်ည တစ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးဟာ ၂၀၂၅ ဇန်နဝါရီမှာ ဒဏ်ရာရရှိခဲ့တာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ဒီဇင်ဘာလ ရောက်မှ ပြန်လည် ကစားနိုင်ခဲ့တာပါ။ ဒါကြောင့် ဂျေဇုစ်က ဒီရာသီမှာ ပြိုင်ပွဲစုံ ၉ ပွဲသာ ကစားခွင့်ရထားသလို၊ ပွဲထွက် ကစားခွင့် ရတာလည်း ၃ ပွဲသာ ရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


