ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယား ကတော့ အာဆင်နယ် အနေနဲ့ ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အတွက် အခွင့်အရေးကောင်းတွေ ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ရှီးယားက လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ ကပဲ ချန်ပီယံဘွဲ့ကို အောင်အောင်မြင်မြင်နဲ့ ကာကွယ်သွားမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
အာဆင်နယ်ဟာ အခုတစ်ပတ် ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ တစ်ပွဲ ကစားဖို့ ကျန်သေးပေမယ့် ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဒုတိယ နေရာက ဘေယန်မြူးနစ်ကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့တာကြောင့် အခုလိုပဲ ရှုံးထွက်အဆင့်ကို စောစောစီးစီး ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မနေ့က ပွဲမှာ ဆိုရင် အင်တာမီလန်လို ခံစစ် ကစားပုံ ကျစ်လျစ် ကောင်းမွန်ပါတယ် ဆိုတဲ့ အသင်းကို ဆန်စီရို အထိ သွားကာ ဂိုးပြတ် အနိုင်ယူခဲ့တာကြောင့် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမှုတွေ ပိုပြီး တိုးလာနေတာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ဂါဘရီယယ် ဂျေဇုစ်နဲ့ ရုန်းကန်နေရတဲ့ ဗစ်တာ ယောကရက်စ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး တော်တော်လေး ကောင်းမွန်တဲ့ ကစားဟန်နဲ့လည်း မြင်တွေ့ခဲ့ရပါတယ်။ ဂန်းနားတွေဟာ လိဂ်အဆင့် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ရဂိုး ကလည်း ၂၀ အထိ ရှိထားပြီး ပေးဂိုး ကတော့ ၂ ဂိုးသာ ရှိထားတာကြောင့် ဂိုးကွာခြားချက် +၁၈ အထိ ရှိနေခဲ့ပါတယ်။
မီခဲလ် အာတေးတားရဲ့ အသင်းက ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၇ မှတ်ဖြတ် ဦးဆောင်နေပြီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် ပြည်တွင်း ပြိုင်ပွဲတွေ ဖြစ်တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေပြီး အက်ဖ်အေဖလား မှာတော့ စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ၂၀၀၄ ခုနှစ်က နည်းပြကြီး အာစင်ဝင်းဂါးနဲ့ အတူ တစ်ရာသီလုံး ရှုံးပွဲ မရှိပဲ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ အာဆင်နယ်က ၂၀၀၆ ခုနှစ်မှာ ဗိုလ်လုပွဲကို နောက်ဆုံး အကြိမ် တက်ရောက်ထားပြီး ဘာစီလိုနာကို ရှုံးကာ ဒုတိယနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။ အဓိက ဆုဖလားတွေနဲ့ ၅ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီရာသီ မှာတော့ ဖလားစုံသိမ်းဖို့ တာဆူနေပြီလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အလန်ရှီးယား ကတော့ မနှစ်က မြူးနစ် ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီ ကသာ နောက်ထပ် တကြိမ် ဥရောပ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဒီနေ့ညက စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ တကယ်ကို ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီ လုပ်ခဲ့တာတွေ၊ သူတို့မှာ ရှိနေတဲ့ ကစားသမားတွေကြောင့် ပီအက်စ်ဂျီပဲ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အာဆင်နယ် ကလည်း ချန်ပီယံ ဖြစ်ဖို့ သိပ်ပြီး အလှမ်း ကွာနေမှာ မဟုတ်ပါဘူး။”
“အာဆင်နယ် အနေနဲ့ ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အလဲထိုးဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မနှစ်ကလို ဂိုးရလဒ်မျိုးတော့ ဖြစ်မယ်လို့ မထင်ပါဘူး။ အာဆင်နယ်မှာ ရှိနေတဲ့ ယုံကြည်ချက်မျိုးနဲ့ ဆိုရင် ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ ခင်ဗျား လူစာရင်းကို အလှည့်အပြောင်း လုပ်နိုင်တဲ့ ကစားသမားတွေ ထွက်သွားတာတောင် သူတို့တွေက အရမ်းအားကောင်းပြီး ဒီနေ့ည ဒီကိုလာပြီး အနိုင်ယူနိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်နေတဲ့ပုံပေါ်နေသေးတာကို ခင်ဗျား မြင်နိုင်ပါတယ်။ ဒါက ရှေ့မှာ ကြုံရမယ့် အခိုက်အတန့်တွေမှာ သူတို့ကို အကူအညီဖြစ်စေမှာ ကျိန်းသေတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ ပီအက်စ်ဂျီနဲ့ အာဆင်နယ် တို့က ချန်ပီယံလိဂ် ဖလား ရဖို့ ရေပန်းအစားဆုံးပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


