ညက ကစားခဲ့တဲ့ မာဆေးလ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်က အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပီအက်စ်ဗွီကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် လစ်ဗာပူးလ်က ချန်ပီယံလိဂ် နောက်ဆုံး ၂ ပွဲဆက် ပြန်လည် အနိုင်ရရှိကာ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းစလုံး လူစုံခဲ့ပြီး အိမ်ရှင် မာဆေးလ် ဘက်မှာ ရူလီ၊ မက်ဒီနာ၊ ပါဗက်ဒ်၊ ဟွိုက်ဘယက်ဂျ်၊ ကွန်ဒေါ့ဘီယာ၊ ဝီယာ့၊ ဂရင်းဝုဒ် တို့လို ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာ အိဆက်ခ်က လွဲလို့ လူစုံခဲ့ပြီး အာဖရိကဖလား ကနေ ပြန်လာတဲ့ မိုဟာမက် ဆာလာလည်း ပါဝင်ခဲ့ပါတယ်။ အာနေး ဆလော့တ်က ဒီနေ့ပွဲမှာ ၄-၂-၂-၂ ဆိုတဲ့ အခင်းအကျင်းကို သုံးခဲ့ပြီး တိုက်စစ်မှာ အစ်ကီတီကေးနဲ့ ဆာလာ၊ ကွင်းလယ်မှာ ဆိုဘို့ဇ်လိုင်းနဲ့ ဗစ်ဇ်၊ ခံစစ်မှာ ကာကက်ဇ်၊ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်နဲ့ ဖရင်မ်ပေါင်၊ ဂိုးမှာတော့ အလီဆွန် ဘက်ကာပဲ ပွဲထွက်လာခဲ့ပါတယ်။
ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က ဂိုးပေါက် ကန်ချက် ၁၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက် တည့်မှု ကလည်း ၃ ကြိမ်သာ ရှိခဲ့ပြီး ၃ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ် ကတော့ လစ်ဗာပူးလ် ဂိုးပေါက်ကို ပထမပိုင်းမှာ ၁ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ဂိုးပေါက် ကန်ချက် ၁၄ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် မာဆေးလ်တို့ တာသွားခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးက လွဲလို့ ကျန် ပရီးမီးယားလိဂ် အသင်းတွေ ကိုယ်စီ နိုင်ပွဲရနေချိန်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ လိုအပ်နေတဲ့ လစ်ဗာပူးလ်က အဖိုးတန် နိုင်ပွဲ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ် နောက်တန်းနဲ့ ဂိုးသမားက အမှားအယွင်း မရှိခဲ့တာကြောင့် မာဆေးလ်တို့ ဂိုးပေါက်ကန်ချက် အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး မရရှိခဲ့တာလို့လည်း ပြောလို့ ရပါတယ်။ လစ်ဗာပူးလ် အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်းမှာ ဆဘို့ဇ်လိုင်းက ဖရီးကစ် ကနေ သွင်းယူပေးခဲ့သလို ဒုတိယပိုင်းမှာ ပြိုင်ဘက် ဂိုးသမား ရူလီရဲ့ OG၊ ဂတ်ခ်ပိုရဲ့ အချိန်ပို သွင်းဂိုးတွေကြောင့် ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း မပြီးခင်မှာ ရရှိခဲ့တဲ့ ဆဘို့ဇ်လိုင်းရဲ့ ဂိုးဟာ လစ်ဗာပူးလ်ရဲ့ ပထမဦးဆုံး ဂိုးပေါက်တည့် ကြိုးပမ်းမှု ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဟန်ဂေရီသား ကတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက ထရန့် အလက်ဇန္တား အာနိုးလ် (၂ ကြိမ်) နောက်ပိုင်း ရာသီ တစ်ခုတည်းမှာ ဖရီးကစ် များစွာ သွင်းယူနိုင်တဲ့ ပထမဦးဆုံး လစ်ဗာပူးလ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ရူလီ ကတော့ ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ်နဲ့ တွေ့ဆုံချိန် ကိုယ့်ဂိုးကိုယ် သွင်းယူမိတဲ့ ပထမဦးဆုံး ဂိုးသမား ဖြစ်လာခဲ့ပြီး ဂက်ခ်ပို အနေနဲ့လည်း ဒီရာသီ သူ့အတွက် ဒုတိယမြောက် ဥရောပ သွင်းဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ ဒီနှစ် ချန်ပီယံလိဂ် မှာ ၇ ပွဲ ကစားပြီးချိန်အထိ ၅ ပွဲနိုင်၊ ၂ ပွဲ ရှုံး၊ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်ထားနိုင်ပါတယ်။ ဆလော့တ်ရဲ့ အသင်းက နောက်ဆုံး ပွဲစဉ် အဖြစ် ကွာရာဘက်ဂျ်နဲ့ ကစားရမှာ ဖြစ်လို့ နိုင်ပွဲ ရရှိခဲ့မယ် ဆိုရင်တော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ၃ ပွဲနိုင်၊ ၄ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်တဲ့ မာဆေးလ် ကတော့ ရမှတ် ၉ မှတ်နဲ့ အတူ အဆင့် ၁၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ လက်ရှိမှာ မာဆေးလ်က အဆင့် ၂၄ ပြင်ပက အသင်းတွေနဲ့တောင် ရမှတ်ကွာဟချက် ကျဉ်းမြောင်းနေတာကြောင့် ကလပ် ဘရုဂေးနဲ့ ကစားရမယ့် နောက်ဆုံး ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


