နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပါဖို့စ်နဲ့ ပွဲက လွယ်ကူမှာ မဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ လီယမ် ရိုစီနီယာ | ချန်ပီယံလိဂ်

ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာ ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရလိုကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ ညမှာ ကစားရမယ့် ပါဖို့စ်က နောက်တဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက် ရှိနေဆဲ အသင်း ဖြစ်တာကြောင့် လွယ်ကူမှာ မဟုတ်လို့ သတိထား ကစားရမယ်လို့လည်း ဆိုပါတယ်။

ချန်ပီယံလိဂ် ကတော့ ပြီးခဲ့တဲ့ နှစ်ကစပြီး ပြိုင်ပွဲ ကျင်းပတဲ့ ပုံစံကို ပြောင်းလဲထားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံစံ အရ လိဂ်အဆင့်မှာ ပြိုင်ပွဲဝင် အသင်း တစ်သင်းဟာ ၈ ပွဲစီ ယှဉ်ပြိုင် ကစားရပြီး အဆင့် ၁ ကနေ အဆင့် ၈ အထိ ရပ်တည်နိုင်ခဲ့တဲ့ အသင်းတွေသာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဆင့် ၉ ကနေ ၂၄ နေရာ အထိ ဝင်တဲ့ အသင်းတွေ ကတော့ ၃၂ သင်း အဆင့် ပလေးအော့ဖ် ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ပွဲစဉ် ၆ အပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၄ နေရာကို ရောက်ရှိနေပါတယ်။ အဆင့် ၈ နေရာက အသင်းနဲ့ ၂ မှတ်သာ ကွာဟနေတဲ့ ချဲလ်ဆီးက လက်ကျန် ၂ ပွဲမှာ ပါဖို့စ်နဲ့ အိမ်ကွင်း၊ နာပိုလီနဲ့ အဝေးကွင်း ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်ပွဲမှာ ပါဖို့စ်နဲ့ ပွဲက လွယ်ကူနိုင်ပေမယ့် နာပိုလီနဲ့ ပွဲကတော့ သေချာပေါက် ခက်ခဲဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီည ယှဉ်ပြိုင်ကစားရမယ့် ဆိုက်ပရပ်စ် ကလပ် ပါဖို့စ်နဲ့ ပွဲကတော့ ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာ အတွက် နည်းပြ ဘဝမှာ ပထမဦးဆုံး ကိုင်တွယ်ခွင့်ရမယ့် ချန်ပီယံလိဂ် ပွဲလည်း ဖြစ်လာမှာပါ။
ချန်ပီယံလိဂ် လက်ကျန် ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ ချဲလ်ဆီး

ဒီည ယှဉ်ပြိုင်ကစားရမယ့် ဆိုက်ပရပ်စ် ကလပ် ပါဖို့စ်နဲ့ ပွဲကတော့ ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာ အတွက် နည်းပြ ဘဝမှာ ပထမဦးဆုံး ကိုင်တွယ်ခွင့်ရမယ့် ချန်ပီယံလိဂ် ပွဲလည်း ဖြစ်လာမှာပါ။ ဒီပွဲနဲ့ ပတ်သတ်လို့ ရိုစီနီယာက “အရေးကြီးတဲ့ ပွဲဖြစ်လို့ အာရုံစိုက်ထားပါတယ်။ လွယ်ကူတဲ့ ပွဲ မဟုတ်ပါဘူး။ သူတို့က ခြေစစ်ပွဲ အောင်နိုင်တဲ့

အနေအထားမှာ ရှိနေဆဲပါ။ အဲလ်ဘတ် (ဆီလာဒက်စ်) ရဲ့ အသင်းကို တည်ဆောက်ထားပုံအရ သူတို့မှာ အားသာချက်တွေ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ သတိပြုရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကောင်းကောင်း ကစားပြီး အများကြီး မတွေးထားပါဘူး။ အရေးကြီးဆုံးက နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ကစားသမားဖြစ်ဖြစ် နည်းပြဖြစ်ဖြစ် ခင်ဗျားရဲ့ အိပ်မက်က ချန်ပီယံလိဂ်လို ထိပ်တန်း ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဖြစ်မှာပါ။ ကျွန်တော့် အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော် အာရုံစိုက်ထားတာက ပွဲအနိုင်ရဖိုနဲ့ ဒီမှာ အောင်မြင်မှု ရဖို့ပါပဲ။ ထိပ်ဆုံး ၈ သင်း စာရင်းဝင်ခဲ့ရင်တော့ တကယ် ကောင်းမှာပါ။” လို့ ရိုစီနီယာက ပြောကြားခဲ့ပါသေးတယ်။

လီယမ် ရိုစီနီယာ ကတော့ ကစားသမား ဘဝ ၂၀၁၄/၂၀၁၅ ဘောလုံးရာသီမှာ ဟူးလ်စီးတီးနဲ့ အတူ ယူရိုပါလိဂ် ကစားခဲ့ဖူးပါတယ်။ ဒါ့အပြင် အင်္ဂလန်သားက နည်းပြ ဖြစ်လာချိန် မှာတော့ ယူရိုပါကွန့်ဖရင့်လိဂ်မှာ စထရာဘိုးကို လိဂ်အဆင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်စေခဲ့ပါတယ်။ လက်ရှိမှာလည်း စထရာဘိုးက ယူရိုပါကွန့်ဖရင့်လိဂ် လိဂ်အဆင့် ၆ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ ရလဒ်တွေ ကောင်းမွန်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်