နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗန်ဒီဗန်ကို ယူရို သန်း ၉၀ နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေတဲ့ လစ်ဗာပူးလ်၊ ကလပ် ၃ သင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ယာအို ဂိုးမက်စ် | ပရီးမီးယားလိဂ်

ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးရဲ့ ဗဟိုနောက်ခံလူ မစ်ကီ ဗန်ဒီဗန်ကို ယူရို သန်း ၉၀ (ပေါင် ၇၈ သန်း) နဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။ စပါးက သူတို့ရဲ့ အားကိုးရတဲ့ ဗဟိုခံစစ်မှူးကို ဆုံးရှုံးရမှာကို အလွန်အမင်း စိုးရိမ်နေပေမယ့် အခုလို တန်ဖိုး မြင့်မားတဲ့ ကမ်းလှမ်းမှု ကိုတော့ စဉ်းစားဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ကွင်းလယ်လူ ယာအို ဂိုးမက်စ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟာ နာပိုလီရဲ့ အဓိက ပစ်မှတ် တစ်ခု ဖြစ်နေပေမယ့် စီးရီးအေ ချန်ပီယံ တို့ဟာ ဝုဗ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် ကလည်း စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ် အန်သိုနီ ဂေါ်ဒွန်ကို နယူးကာဆယ်က ဒီနွေရာသီမှာ ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ ဂေါ်ဒွန်ကို လာမယ့် နွေရာသီမှာ အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေဖို့လည်း အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းလာခဲ့ရင်တော့ ကြယ်ပွင့် ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကို ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုရှင် အာဂျင်တီးနား လက်ရွေးစင်ကို တောက်လျောက် စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ လာမယ့် နွေရာသီမှာ အသင်းကို ပြောင်းလဲဖို့ အတွက် မန်ချက်စတာစီးတီး လူငယ်ကစားသမား အော်စကာ ဘော့ဘ်ကို ယူရို သန်း ၅၀ (ပေါင် ၄၃.၄ သန်း) နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂျူဗင်တပ်စ်ရဲ့ စွယ်စုံရ နောက်ခံလူ ပီရီ ကာလူလူကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ၃ သင်းထဲက တစ်သင်း ဖြစ်ပါတယ်။ ဒီကစားသမားကို အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကလည်း ယူရို ၃၀ သန်း (ပေါင် ၂၆ သန်း) တန်ကြေး ရှိတဲ့ ကစားသမားကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီး ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားရဲ့ အေးဂျင့် ကတော့ တစ်ချိန်မှာ အခွင့်အရေးပေါ်လာရင် စီးရီးအေဆီ ပြန်ဖို့ အတွက် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီးရဲ့ အဓိက ပစ်မှတ် ဂျရယ်မီ ဂျက်ကတ်ဟာ အနောက် လန်ဒန်ဆီ ပြောင်းရွှေ့ဖို့ တွန်းအားပေးနေပြီး ရန်းစ် အသင်းထံ ထွက်ခွာလိုကြောင်း အသိပေးခဲ့ပါတယ်။

ဘုန်းမောက်နဲ့ ဝက်စ်ဟမ်းယူနိုက်တက် နှစ်သင်းစလုံးဟာ ရီးရဲလ်ဘက်တစ်ရဲ့ ဆယ်ကျော်သက် ကစားသမား ပါဘလို ဂါစီယာကို ချိတ်ဆက်နေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းကို ၂-၁ နဲ့ ရှုံးခဲ့ပြီးနောက် စပါး နည်းပြ သောမက်စ် ဖရန့်ခ်ရဲ့ အနာဂတ်က စိုးရိမ်စရာ ကောင်းလာနေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်နဲ့ အတူ အထင်ကြီးလောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပေမယ့် စပါး မှာတော့ ယခုရာသီ အတွင်း တော်တော်လေး ရုန်းကန်နေရပြီး အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းတွေပါ ခံနေရပါတယ်။ စပါးက လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပြီး တန်းဆင်းဇုန် အသင်းနဲ့ ၁၀ မှတ်အကွာမှာ ရပ်တည်နေတာကြောင့် ပရိသတ်တွေက အသင်းရဲ့ အနေအထားကို စိုးရိမ်နေပါတယ်။

စပါး တာဝန်ရှိသူတွေ ကတော့ ဖရန့်ခ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး လာမယ့်‌ ဒေါ့မန်နဲ့ ဘန်လေ ပွဲစဉ်တွေမှာ ဆက်လက် ရှုံးနိမ့်နေဦးမယ် ဆိုရင်တော့ အသင်း ကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်