နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလာတဲ့ လူးဝစ္စ အန်နရီကေး | လာလီဂါ

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့လ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ရာထူး အတွက် ရေပန်းစားနေသူတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ အန်နရီကေး ကတော့ တချိန်က ရီးရဲလ်မက်ဒရစ်ရဲ့ ခါးသီး ပြိုင်ဘက် ဘာစီလိုနာ နည်းပြဟောင်း ဖြစ်ပေမယ့် ကစားသမား ဘဝတုန်းက ရီးရဲလ်မက်ဒရစ်မှာရော ဘာစီလိုနာ မှာပါ ကစားဖူးခဲ့သူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စပိန်စူပါဖလား ဗိုလ်လုပွဲ အပြီးမှာ နည်းပြ ဇာဘီ အလွန်ဆိုကို ထုတ်ပယ်ခဲ့ပြီးတော့ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အဲလ်ဗာရို အာဘီလိုအာကို ချက်ချင်း ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် အပါအဝင် ဘုတ်အဖွဲ့ဝင် တော်တော်များများက အာဘီလိုအာကို ယာယီ နည်းပြ အဖြစ်သာ ထားချင်ပြီး ထိပ်တန်း နည်းပြ တစ်ဦးကို ရာသီကုန်ချိန်မှာ ခန့်အပ်ဖို့ လိုလားနေပါတယ်။ ဒါ့အပြင် အာဘီလိုအာက သူ့ရဲ့ ပွဲဦးထွက် အဖြစ် စပိန့်ဘုရင့်ဖလား ပွဲဦးထွက်မှာ ဆီဂန်ဒါ ကလပ်ငယ်လေးကို ရှုံးနိမ့်ခဲ့ချိန် မှာတော့ ရီးရဲလ်မက်ဒရစ်က နည်းပြသစ် ရှာဖွေမှုကို ပိုပြီး အရှိန်မြှင့်လာခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဒါကြောင့် လာလီဂါ ကလပ်က အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြ တော်တော်များများကို စောင့်ကြည့်လျက် ရှိနေပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာနိုင်သူတွေ အဖြစ် ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စကာက ရေပန်းအစားဆုံး ဖြစ်နေပြီး လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ်၊ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်းနဲ့ လူးဝစ္စ အန်နရီကေး တို့လည်း စာရင်းထဲမှာ ပါဝင်နေပါတယ်။

 

အန်ဇို မာရက်စ်ကာ

အန်နရီကေးဟာ လာလီဂါ ကလပ် ဘာစီလိုနာကို ကိုင်တွယ်စဉ်က ပြည်တွင်း ပြည်ပ ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အန်ဇို မာရက်စ်ကာ

ချဲလ်ဆီးနဲ့ မကြာသေးခင်ကမှ ချဲလ်ဆီးနဲ့ အန်ဇို မာရက်စ်ကာက ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ မာရက်စ်ကာဟာ မန်နေဂျာ ဘဝကို လက်စတာစီးတီးနဲ့ စတင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်စေခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄-၂၅ ရာသီ မှာတော့ စပိန်သား နည်းပြက ချဲလ်ဆီးကို ယူရိုပါ ကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ကို ရယူပေးခဲ့ပါတယ်။ အသက် ၄၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာရက်စ်ကာက ၎င်းရဲ့ ကစားသမားဘဝမှာ ဆီဗီလာ၊ မာလာဂါ တို့မှာ ကစားခဲ့ဖူးပြီး လာလီဂါတွင် အတွေ့အကြုံ များစွာ ရှိသူ ဖြစ်ပါတယ်။

 

ဇနက်ဒင် ဇီဒန်း

ဇနက်ဒင် ဇီဒန်းသာ ဒီတစ်ကြိမ် ရီးရဲလ်မက်ဒရစ်ကို ပြန်လာခဲ့ရင်တော့ ၃ ကြိမ်မြောက် ပူးပေါင်းခြင်း ဖြစ်လာမှာပါ။ ပြင်သစ်သားက ဘာနေဗျူးမှာ သူ ဖြတ်သန်းခဲ့တဲ့ ကာလ နှစ်ခု အတွင်း လာလီဂါ ချန်ပီယံဆု နှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက် အပါအဝင် ဆုဖလား ၁၁ လုံး အထိ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇီဒန်းက ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို စောင့်ဆိုင်းနေတာကြောင့် ဘာနေဗျူးကို ပြန်လာနိုင်ခြေတော့ တော်တော်လေး နည်းပါးနေပါတယ်။

 

လူးဝစ္စ အန်နရီကေး

အခုနောက်ဆုံး ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်နေတဲ့ လူးဝစ္စ အန်နရီကေး ကတော့ ပီအက်စ်ဂျီနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ် ရှိကြောင်း သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ အန်နရီကေးက အစောပိုင်းတုန်းက ယူနိုက်တက် နည်းပြ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် လျာထားစာရင်း မှာလည်း ပါဝင်လာခြင်း ဖြစ်ပါတယ်။ အန်နရီကေးဟာ လာလီဂါ ကလပ် ဘာစီလိုနာကို ကိုင်တွယ်စဉ်က ပြည်တွင်း ပြည်ပ ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားက ပီအက်စ်ဂျီ မှာလည်း တစ်နှစ်အတွင်း ဆုဖလား ၆ လုံး အပြင် ၂၀၂၃ ခုနှစ် နောက်ပိုင်း ဆုဖလား ၁၀ လုံး အထိ ရယူပေးထားနိုင်တဲ့ နည်းပြလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်