နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစွမ်းတိုးတက်လာတဲ့ ဝုဗ်ကြောင့် မိုလီနက်စ်မှာ ခက်ခက်ခဲခဲ ကစားရဖွယ် ရှိနေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – နယူးကာဆယ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှာတော့ နယူးကာဆယ်က အမှတ်ပေးဇယား အောက်ဆုံးက ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို မိုလီနက်စ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ဖို့ အားစိုက်လာတဲ့ ဝုဗ်ကို နိုင်ပွဲတွေ ဆက်နေတဲ့ ငှက်ကြားတို့ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဝုဗ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ကို ရောက်ရှိလာချိန် အထိ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၄ ပွဲ သရေ၊ ၁၆ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့်လည်း ဝုဗ်က နောက်ဆုံး ၃ ပွဲမှာ ယူနိုက်တက်နဲ့ အဲဗာတန်ကို သရေကစားပြီး ဝက်စ်ဟမ်းကို ဂိုးပြတ် နိုင်ထားပါတယ်။ ဝုဗ်ဟာ နောက်ပိုင်း ပွဲတွေမှာ ရုန်းအားကောင်းကောင်းနဲ့ ကစားလာတာ တွေ့ရပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း အတက်ဘက် ရောက်လာပါတယ်။ ဝုဗ်ဟာ ဒီရာသီ လိဂ် ပွဲစဉ် ၂၁ ပွဲမှာ ၄၁ ဂိုး အထိ ပေးထားရပြီး အဆိုးရွားဆုံး ခံစစ် မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ 

နယူးကာဆယ် ကတော့ ယူနိုက်တက်ကို ရှုံးပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။ အက်ဒီဟောင်းဝ်ရဲ့ အသင်းက ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဘုန်းမောက်ကို ပင်နယ်တီနဲ့ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပေမယ့် ခရာဘောင်ဖလား မှာတော့ မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ နယူးကာဆယ်က ဒီနှစ်ပွဲမှာ အားကုန် ရုန်းလိုက်ရတဲ့ အတွက် အနည်းငယ် ပွဲပန်းနေနိုင်တာ ကိုတော့ သတိပြုရပါမယ်။  ဟာဗီ ဘန်းစ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် နှစ်ပွဲမှာ နှစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး နယူးကာဆယ် ကလည်း နောက်ဆုံး ၅ ပွဲမှာ ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဝုဗ်ဘက်က တိုတီ ဂိုးမက်စ်၊ ဘယ်လီဂါဒီတို့ လွဲချော်ဖို့ ရှိပြီး နယူးကာဆယ် ဘက်မှာတော့ ဒန်ဘန်း၊ ခရက်ဖ်၊ ရှား၊ လက်ဆဲလက်စ်၊ လစ်ဗရာမန်တို၊ မာဖီနဲ့ အိုဆူလာတို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဝုဗ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ကို ရောက်ရှိလာချိန် အထိ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၄ ပွဲ သရေ၊ ၁၆ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ မရှိတဲ့ ဝုဗ်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ မော့စ်ကွဲယား၊ ဘူနို၊ ခရက်ဆီ၊ ချတ်ချိုအာ၊ အေးရီးယာ့စ်၊ မာနေး၊ ယာအို ဂိုးမက်စ်၊ ဘူနို၊ အာရိုကိုဒါရေး၊ ဟွမ်

နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ သီယော၊ ဘော့တ်မန်း၊ ဟောလ်၊ ဂီမာရေးစ်၊ တိုနာလီ၊ ဝေးလ်လော့ခ်၊ ဘန်းစ်၊ ဝေါလ်တီမာဒါ၊ ဂေါ်ဒွန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက နောက်ဆုံး ၂၃ ကြိမ် တွေ့ဆုံမှုမှာ ဝုဗ်က ၄ ကြိမ်သာ အနိုင်ရခဲ့ပြီး နယူးကာဆယ်က ၁၀ ကြိမ် အနိုင်ရကာ ၉ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ နယူးကာဆယ်က ၄ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ မိုလီနက်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာ‌တော့ တစ်ကြိမ်စီ အနိုင်ရထားပြီး ကျန် ၃ ကြိမ် ကတော့ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် နိုင်ရင် ၄.၀၇ ဆ၊ နယူးကာဆယ် နိုင်ရင်တော့ ၁.၇၃ ဆ၊ သရေ ဆိုရင်တော့ ၃.၆၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ နယူးကာဆယ်က ၁ လုံး သွင်းရင်တောင် ပြန်ခွာမယ့် ကြေးမျိုး ပေးထားပါတယ်။ ဝုဗ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ခြေစွမ်းပိုင်း တိုးတက်လာသလို ကာဆယ်ထက် နားရက်လည်း ပိုရထားပါတယ်။ ဒါပေမယ့်လည်း လူအင်အား ကွာခြားချက်တွေကြောင့် ဝုဗ်တို့ ကာဆယ်ကို ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိပြီး နယူးကာဆယ် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၁-၂ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်