ဇန်နဝါရီ ၁၄ ရက်နေ့ ညနေခင်းအချိန်ထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ဆက်ထိန်းထားဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ပိုလန် လက်ရွေးစင် တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် မချရသေးဘဲ ဆွေးနွေးမှုတွေကို လာမယ့် ရက်ပိုင်း အတွင်း ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ မန်နေဂျာသစ် အဲလ်ဗာရို အာဘီလိုအာက တိုက်စစ်မှူး အန်ဒရစ်ခ်ရဲ့ လိုင်ယွန်နဲ့ အငှားစာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်းချုပ်ဆိုပေးဖို့ ကလပ်ကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာဟာ ယာအို ကန်ဆယ်လိုကို ခေါ်ယူပြီးရင်တောင် နောက်ထပ် ခံစစ် ကစားသမား တစ်ဦး လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ ဖလစ်ခ်က အက်စတွန်ဗီလာ ဗဟိုနောက်ခံလူ ပါအူ တောရက်စ်ကို ခေါ်ယူဖို့ ဘုတ်အဖွဲ့ကို တိုက်တွန်းထားပြီး ဘာစီလိုနာ ကတော့ ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) ပေးချေဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ရိုဒရီရဲ့ မန်ချက်စတာစီးတီးနဲ့ အနာဂတ်က မန်နေဂျာ ပက် ဂွါဒီယိုလာရဲ့ အနာဂတ်နဲ့ ဆက်နွယ်နေပါတယ်။ အကယ်၍ ဂွါဒီယိုလာ အနေနဲ့ နည်းပြ ရာထူး ကနေ နှုတ်ထွက်ခဲ့မယ် ဆိုရင်တော့ ရိုဒရီ ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုဖို့ ဆန္ဒ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား အာဒါ ဂူလာ ကတော့ ပြီးခဲ့တဲ့လက အာဆင်နယ်ရဲ့ ချဉ်းကပ်မှု အသစ် တစ်ခုကို ရရှိခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကလည်း ပြီးခဲ့သည့် ၁၂ လ အတွင်း စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဂူလာ ကတော့ စိတ်မဝင်စားဘဲ ဘာနေဗျူးမှာ စာချုပ်သစ် ချုပ်ဆိုလိုနေကြောင်း သိရပါတယ်။
အသက် ၁၇ နှစ် အရွယ် LDU Quito ကွင်းလယ် ကစားသမား အီဒါဆန် ကာစတီလိုကို ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ကမ်းလှမ်းရဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌဟောင်း ကဲလ်ဒါရွန် ကတော့ အလွန်ဆို နေရာ အစားထိုး ဝင်လာတဲ့ အာဘီအိုလာ တစ်ယောက် များပြားလှတဲ့ အခက်အခဲတွေ ကြုံတွေ့လာရနိုင်ကြောင်း ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ရှုံးခဲ့ပြီးနောက် အလွန်ဆိုကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး ချက်ချင်းဆိုသလို အသင်းရဲ့ ကစားဟောင်း လူငယ် အကယ်ဒမီ နည်းပြ အာဘီအိုလာကို ခေါ်ယူ ခန့်အပ်လိုက်ပါတယ်။ အလွန်ဆိုဟာ ရီးရဲလ်ကို ၃၄ ပွဲသာ ကိုင်တွယ်လိုက်ရပြီး ၎င်းလက်ထက်မှာ နိုင်ပွဲ ၂၄ ပွဲ အထိ ရယူပေးခဲ့ကာ ၄ ပွဲ သရေ ၆ ပွဲ ရှုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
စပါး ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ပေါင် ၃၄.၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂယ်လဟာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ လိုအပ်နေသေးပေမယ့်လည်း အသက် ၂၅ နှစ်အရွယ် ချဲလ်ဆီး ကစားသမားဟောင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ယူဖို့ စပါးက ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။
ဂယ်လာဟာရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီပို့တီဗိုနဲ့ ကစားမယ့် စပိန်ဘုရင့်ဖလား ပွဲစဉ် မတိုင်ခင် အပြောင်းအရွှေ့ကိစ္စ အပြီးသတ် ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ အက်စတွန်ဗီလာဟာ ဂယ်လာဟာကို အငှားနဲ့ ခေါ်ပြီးမှ အပြီးသတ် စာချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် စပါးရဲ့ ကမ်းလှမ်းမှုက အက်တလက်တီကိုမက်ဒရစ်ရဲ့ တောင်းဆိုချက်နဲ့ ကိုက်ညီခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဘန်တန်ကာ တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာ ဖြစ်လို့ ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


