ဇန်နဝါရီ ၁၄ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့ကာလ အတွင်း ယူရို သန်း ၃၀၀ (ပေါင် ၂၆၀.၁ သန်း၊ ဒေါ်လာ ၃၅၀.၂ သန်း) သုံးစွဲဖို့ အသင့်ရှိနေပါတယ်။ ချဲလ်ဆီးဟာ ဒီငွေ ပမာဏနဲ့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ် တို့ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယာယီ နည်းပြ မိုက်ကယ် ကာရစ် ရောက်ရှိလာပြီးနောက် ဒီလမှာ အသင်းကို အင်အား ဖြည့်တင်းဖို့ ရန်ပုံငွေတွေ ထုတ်ပေးဖို့ ရှိကြောင်း သိရပါတယ်။ အဲလ်ဟီလာ ကွင်းလယ်လူ ရူဘင် နီးဗက်စ်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် တစ်ခု ဖြစ်ပြီး ပေါင် ၂၀ သန်း နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှု ခံရတဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်က ယာအို ဂိုးမက်စ်ဟာ နာပိုလီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း သိရပါတယ်။
ဘန် ဝှိုက် ကတော့ အာဆင်နယ်မှာ အချိန် အကန့်အသတ်နဲ့ ကစားနေရတာကြောင့် စိတ်ပျက်နေပေမယ့် ကလပ် ကနေ ထွက်ခွာလိုခြင်းတော့ မရှိကြောင်း သိရပါတယ်။ လက်ရှိမှာ အင်္ဂလန်သားကို အဲဗာတန်နဲ့ မန်ချက်စတာစီးတီးတို့က စိတ်ဝင်စားနေပေမယ့် ဂန်းနားတွေက ဒီဆောင်းရာသီမှာ ဘယ်လို သဘောတူညီချက်နဲ့မှ လက်လွှတ်သွားဖို့ မရှိကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ မန်ချက်စတာစီးတီး၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ စိတ်ဝင်စားမှုကို ရှောင်ရှားဖို့ ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ချဲလ်ဆီး ကတော့ ဝက်စ်ဟမ်းယူနိုက်တက် ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတားကို ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကတော့ သူ့ရဲ့ ဇာတိမြေကို ပြန်ချင်ပေမယ့်လည်း တစ်ဖက် မှာလည်း ဥရောပမှာ ဆက်ရှိနေဖို့ လိုလားနေကြောင်း သိရပါတယ်။
လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ် ဗဟို နောက်ခံလူ မာ့ခ် ဂူဟီ ကတော့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ အခုချိန်ထိ အတည်တကျ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။ မန်စီးတီး ကတော့ အင်္ဂလန်သားကို ချက်ချင်း ခေါ်ယူလိုနေပေမယ့်လည်း အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ မန်နေဂျာ သောမက်စ် ဖရန့်ခ်ကို ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပြီး လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူပေးဖို့ စီစဉ်နေပါတယ်။ ဒီအပြောင်းအရွှေ့ အတွက် စပါး အနေနဲ့ လစ်ဗာပူးလ်ကို အနိုင်ယူဖို့က အရေးကြီးနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။
မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗာ ကိုတော့ ကိုမိုက လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဘုန်းမော်၊ လိဒ်စ်ယူနိုက်တက်၊ ဝက်စ်ဟမ်း တို့ကတော့ လိုက်ပ်ဇစ် ဗဟိုနောက်ခံလူ အဲလ်ချာဒေလီ ဘစ်ရှီယာဗူကို မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


