လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ရာထူးနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် ကောလာဟလတွေသာ ဖြစ်ကြောင်း တုံပြန်လာခဲ့ပါတယ်။ ကလော့ပ် ကတော့ လာလီဂါ ကလပ် နည်းပြ လက်မဲ့ ဖြစ်သွားချိန်တိုင်း နည်းပြသစ် ဖြစ်လာမယ့်သူ အဖြစ် ရေပန်းစားသူတွေထဲမှာ အမြဲတမ်း ပါဝင်လေ့ ရှိသူလည်း ဖြစ်ပါတယ်။
ဂျာမန် လူမျိုး နည်းပြ ယာဂန် ကလော့ပ်ဟာ လစ်ဗာပူးလ်နဲ့ လမ်းခွဲပြီးချိန် ကတည်းက လက်ရှိအချိန်ထိ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ အဖြစ် လုပ်ကိုင်နေသူပါ။ ရီးရဲလ်မက်ဒရစ် ကတော့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ချက်ချင်း လမ်းခွဲခဲ့ပြီး အရန် အသင်း နည်းပြ အဲလ်ဗာရို အာဘီလိုအာကို နည်းပြသစ် အဖြစ် ခန့်အပ်ထားပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး တို့က အာဘီလိုအာကို ရေတို အတွက်သာ စဉ်းစားထားပြီး လာမယ့် နွေရာသီမှာ ထိပ်တန်း နည်းပြသစ် တစ်ဦး အစားထိုး ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေသူတွေထဲမှာ ယာဂန် ကလော့ပ်က ထိပ်ဆုံးက ပါဝင်နေပြီး ဒီအခြေအနေ အပေါ် ကလော့ပ်က ပြတ်ပြတ်သားသားပဲ ငြင်းဆန်ထားခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်က “ကောလာဟလ သတင်းတွေက လှည့်ပတ် သွားလာနေပြီး တစ်ခါတစ်ရံ အခုလို ရောက်လာတယ်လို့ ထင်ပါတယ်။ ခင်ဗျားရဲ့ မေးခွန်း ဘယ်လို ဖြစ်လာသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော့် ဖုန်းကို ခေါ်ဆိုမှု ရှိပေမယ့် မက်ဒရစ် ကတော့ မဟုတ်ပါဘူး (ရယ်မောလျက်)။” လို့ ယာဂန် ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ကစားဟန်နဲ့ တည်ဆောက်ပုံ
အရင်ဆုံး ကလော့ပ်ရဲ့ ကစားဟန်ကို ကြည့်မယ် ဆိုရင် ဂျာမန်သားကြီးက ယာဂန်ဖိအားပေးမှု (Gegenpressing) တနည်းအားဖြင့် ဘောလုံး ဆုံးရှုံးတာနဲ့ ချက်ချင်း ဖိအားပြန်ပေးတဲ့ ကစားဟန်ကို လက်ကိုင်ထားပါတယ်။ အသင်းကို လုပ်အားနှုန်းကောင်းကောင်းနဲ့ စနစ်တကျ တည်ဆောက်တဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ DNA ကတော့ ကြယ်ပွင့် ကစားသမားတွေကို အခြေခံပြီး ပြောရရင် နည်းပြထက် ကစားသမားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုပြီး အားကိုးတဲ့ အသင်း ဖြစ်ပါတယ်။
ဒီအချက် မှာတင် ကလော့ပ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ခံယူချက် မတူတာ တွေ့ရပြီး ကလော့ပ်ရဲ့ “စနစ်ကို အခြေခံပြီး နည်းပြ ဦးဆောင်မှု နောက်လိုက်တဲ့ ဘောလုံး” နဲ့ မက်ဒရစ်ရဲ့ “ကြယ်ပွင့်တွေကို အခြေခံတဲ့ ဘောလုံး”က လုံးဝ မအပ်စပ်တဲ့ အခြေအနေပါ။
ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ဖိအားကြီးမှု
နောက်တစ်ချက်က လာလီဂါ ထိပ်သီး ကလပ်ရဲ့ နည်းပြ ဖိအားကြီးမှု အခြေအနေ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ် မရရင် ဒီနည်းပြ မအောင်မြင်ဘူးလို့ သတ်မှတ်သလို လိဂ် ၂ ပွဲ၊ ၃ ပွဲလောက် ရလဒ် ဆိုးရင်ကို နည်းပြရဲ့ အနာဂတ်က မသေမချာ ဖြစ်လာပါပြီ။ ပြောရရင်တော့ နည်းပြ တစ်ဦးကို အချိန် သိပ်မပေးပဲ အောင်မြင်မှု ခပ်မြန်မြန် လိုချင်တဲ့ အသင်းပါ။
ကလော့ပ် ကတော့ အသင်းကို အချိန်ယူပြီး တည်ဆောက်ချင်သူ၊ ချက်ချင်း အောင်မြင်မှုထက် ရေရှည် အောင်မြင်မှု ကိုသာ ကြည့်တဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ်က ရီးရဲလ်မက်ဒရစ်ရဲ့ ဖိအားကြီးတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်မယ့်သူ မဟုတ်တာ သေချာပါတယ်။
ကလပ်ရဲ့ ယဉ်ကျေးမှုနဲ့ ခံယူချက်
နောက်ပြီး ကလော့ပ်က ကလပ်ရဲ့ ယဉ်ကျေးမှု၊ ပရိသတ်တွေနဲ့ ဆက်နွယ်မှုကို အရမ်း အရေးထားတဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ်က လစ်ဗာပူးလ်လို ပရိသတ် အားပေးမှု ပြင်းထန်ပြီး မိသားစုဆန်တဲ့ ပုံစံကို သဘောကျခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် ကတော့ အောင်မြင်မှု ကသာ အရာရာလို့ သတ်မှတ်ထားတဲ့ အသင်းပါ။ စိတ်ခံစားချက်ထက် ရလဒ်ကိုသာ ကြည့်တဲ့ ကလပ်မှာ ကလော့ပ် အနေနဲ့ ဘယ်လိုမှ အဆင်ပြေမယ် မထင်ပါဘူး။
ကလော့ပ်ရဲ့ မှတ်ချက်ပေး ပြောစကား
နောက်ဆုံး တစ်ချက် ကတော့ ကလော့ပ် ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ် နည်းပြ လုပ်ချင်တယ်လို့ တခါမှ မပြောဖူးပါဘူး။ နောက်ပြီး မက်ဒရစ်က အရမ်းကောင်းတဲ့ ကလပ်ပေမယ့် သူနဲ့ မကိုက်ညီဘူး ဆိုတာကို အရိပ်အမြွက် ထုတ်ပြောဖူးပါတယ်။ အခုလည်း မသိမသာ ငြင်းထားပြီးပါပြီ။
ဒါတွေ ကတော့ ဘောလုံးလောကရဲ့ နာမည်ကျော် နည်းပြကြီး ယာဂင် ကလော့ပ်နဲ့ နာမည်ကျော် ကလပ် ရီးရဲလ်မက်ဒရစ် တို့ရဲ့ မဆုံသောလမ်း ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ အကျဉ်းချုပ်ရမယ် ဆိုရင်တော့ ယာဂင် ကလော့ပ် ရီးရဲလ်မက်ဒရစ်ကို မသွားရခြင်းက ယာဂင် ကလော့ပ် မက်ဒရစ် မသွားတာက နည်းပြ အယူအဆ မကိုက်ညီခြင်း၊ ဖိအားများလွန်းခြင်း၊ ကလပ် ယဉ်ကျေးမှု မတူညီခြင်းနဲ့ ကိုယ်ပိုင် ဘောလုံးအမြင်ကို မကိုက်ညီခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကလော့ပ်ကို ရီးရဲလ်မက်ဒရစ် နည်းပြ အဖြစ် မြင်ရဖို့ စောင့်ဆိုင်းနေမယ့် အစား တခြား ဘယ်သူက ဒီလို စိန်ခေါ်မှု များလွန်းတဲ့ ထိုင်ခုံကို အရဲစွန့် သွားထိုင်မလဲ ဆိုတာပဲ စောင့်ကြည့်သင့်ပါတယ်။
လောလောဆယ်တော့ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာနိုင်သူတွေထဲမှာ မကြာခင်ကမှ ချဲလ်ဆီးနဲ့ လမ်းခွဲထားတဲ့ နည်းပြ အန်ဇို မာရက်စကာက ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


