နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ကွင်း နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့် တက်မယ့် ဖူလ်ဟမ် | အက်ဖ်အေဖလား (ပွဲကြိုသုံးသပ်ချက်)

ဖူလ်ဟမ် – မစ်ဒယ်ဘရော့

အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် မှာတော့ ဖူလ်ဟမ်က ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ကို ခရေဗင်ကော့တေ့ဂျ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဖူလ်ဟမ်တို့ လျှော့တွက်လို့ မရတဲ့ ချန်ပီယံရှစ်က မစ်ဒယ်ဘရော့ကို ကျော်ဖြတ်သွားနိုင်မလား။ ဒါမှမဟုတ် မထင်မှတ်တဲ့ ရလဒ်တွေပဲ ထွက်ပေါ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း တော်တော်လေး တည်ငြိမ်လာပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ ဖူလ်ဟမ်ဟာ ပြီးခဲ့တဲ့ ၅ ပွဲမှာ ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီး တို့ကို အနိုင်၊ လစ်ဗာပူးလ်နဲ့ ပဲလေ့စ်ကို သရေ ကစားခဲ့တာက အားရစရာပါ။ ဖူလ်ဟမ်လို အသင်း အတွက် အက်ဖ်အေဖလားက ဆုဖလား အိမ်မက် အတွက် မျှော်လင့်ချက် တစ်ခု ဖြစ်တာကြောင့် ကျိန်းသေပေါက် အားစိုက်လာမှာ သေချာပါတယ်။ ဒီနေ့ပွဲမှာလည်း ဟယ်ရီ ဝီလ်ဆင်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး ဝေလသားက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု ၁၁ ကြိမ် (၇ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) ရှိလာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ တစ်ရာသီ အတွင်း အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆီ တက်လှမ်းဖို့ တာဆူနေတဲ့ မစ်ဒယ်ဘရော့က နိုင်ပွဲ ပွဲတွေမှာ အယိုအဖိတ် များလာတာ တွေ့ရပါတယ်။ အက်ဖ်အေဖလားမှာ ဆိုရင် အသင်းငယ်တွေက မထင်မှတ်တာတွေ လုပ်ပြတတ်လို့ မစ်ဒယ်ဘရော့တို့ ဖူလ်ဟမ်ကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ပွဲမှာ ဆိုရင် မစ်ဒယ်ဘရော့က ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရထားပြီး ဒီနိုင်ပွဲက အခုပွဲ အတွက် အင်အားတစ်ခု ဖြစ်နေစေမှာ သေချာပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဖူလ်ဟမ် ဘက်က တီတီ၊ ဂျော်ရွှာကင်း၊ ရိုဒရီဂို မူနစ်ဇ် တို့ လွဲချော်မှာ ဖြစ်ပြီး မစ်ဒယ်ဘရော့ ဘက်မှာတော့ လွဲချော်မယ့် ကစားသမား တော်တော်လေး များနေပါတယ်။ ဒီပွဲ ကိုတော့ မစ်ဒယ်ဘရော့က အဲလက်စ် ဘန်ဂူရာ၊ ဂျူန်းစ်၊ ဘရစ်တိန်၊ လီနီဟန်၊ စတရီလက်၊ အက်ဒ်မန်ဆန်၊ ဆီနီ၊ မက်ဂရီး၊ ဒီယန်တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အက်ဖ်အေဖလားမှာ ဆိုရင် အသင်းငယ်တွေက မထင်မှတ်တာတွေ လုပ်ပြတတ်လို့ မစ်ဒယ်ဘရော့တို့ ဖူလ်ဟမ်ကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
နောက်ဆုံး တွေ့ဆုံမှု ၇ ကြိမ်စလုံး မစ်ဒယ်ဘရော့ကို မရှုံးထားတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ် – လန်နို၊ ကူအန်ကာ၊ အန်ဒါဆန်၊ ဒီယော့ပ်၊ ရော်ဘင်ဆင်၊ ကိုင်ယာနေး၊ ဘာ့ဂျ်၊ ကတ်စတန်ဂ်ညီ၊ ဝီလ်ဆင်၊ စမစ် ရိုးဝ်၊ ဟင်မီနက်ဇ်

မစ်ဒယ်ဘရော့ – ဘရိုင်ယန်၊ အေးလင်း၊ မာလန်ဒါ၊ တားဂတ်၊ ဘန်ဂူရာ၊ ဟက်နေး၊ မောရစ်၊ ဆေးလ်ဗာရာ၊ ဝှစ်တိတ်ကာ၊ ဘာ့ဂျ်ဇော့ဂ်၊ ကွန်ဝေး

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၁ ကြိမ်မှာ ဖူလ်ဟမ်က ၅ ကြိမ်နိုင်၊ မစ်ဒယ်ဘရော့က ၂ ကြိမ်နိုင်ပြီး ၄ ကြိမ် သရေကျခဲ့ပါတယ်။ ဖူလ်ဟမ် အိမ်ကွင်း မှာတော့ ၆ ပွဲ ကစားထားပြီး ဖူလ်ဟမ်က ၃ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျကာ မစ်ဒယ်ဘရော့က ၁ ကြိမ် အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ်က နောက်ဆုံး အကြိမ် ဖြစ်ပြီး အဲဒီနောက်ပိုင်း တွေ့ဆုံမှု ၄ ကြိမ်မှာ ဖူလ်ဟမ်က ၂ ကြိမ်နိုင်ကာ၊ ၂ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၁.၅၄ ဆ၊ မစ်ဒယ်ဘရော့ နိုင်ရင် ၄.၆၃ ဆ၊ သရေ ဆိုရင်တော့ ၃.၆၃ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဖူလ်ဟမ်က ၁ လုံး သရေကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ၂.၅၀ က စဖွင့်ထားပါတယ်။ ဖူလ်ဟမ်က လက်ရှိမှာ ပုံစံကောင်း ရနေပြီး ဘယ်အသင်းလာလာ ကျော်ဖြတ်ဖို့ အဆင်သင့် ရှိနေပါတယ်။ လွယ်ကူတဲ့ ပွဲတစ်ပွဲ မဖြစ်နိုင်ပေမယ့် သာမန် ပွဲချိန်အတွင်းမှာပဲ ဖူလ်ဟမ်တို့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်သွားဖို့ သေချာသလောက် ရှိနေပါတယ်။

 

ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၂-၁ မစ်ဒယ်ဘရော့

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်