နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အဆင့် မဲခွဲပွဲရလဒ်တွေ ထွက်ပေါ်လာ

အခုဆိုရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အုပ်စုအဆင့် မဲခွဲပွဲ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ မဲခွဲပွဲ အခမ်းအနား ကိုတော့ ပူးတွဲ အိမ်ရှင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီးတော့ အမေရိကန် သမ္မတ ဒေါ်နယ် ဂျေ ထရန့်ပ်၊ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို အပါအဝင် ပြိုင်ပွဲ ကျင်းပရေး အတွက် တာဝန်ရှိသူတွေနဲ့ နာမည်ကျော်တွေ တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင် စုစုပေါင်း ၄၈ သင်း၊ တစ်အုပ်စုကို ၄ သင်းနဲ့ ၁၂ အုပ်စု ခွဲကာ ကျင်းပမမယ့် ဒီပြိုင်ပွဲ မှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အုပ်စု အဆင့် တွေ့ဆုံမှုတွေ ထွက်ပေါ်လာခဲ့ပြီး လက်ရှိ ချန်ပီယံ အုပ်စုချောင်နေခဲ့တာ တွေ့ရပါတယ်။ အာဂျင်တီးနား ကတော့ အယ်လ်ဂျီးရီးယား၊ သြစတြီးယားနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဂျော်ဒန် တို့နဲ့ တွေ့ဆုံရမှာ ဖြစ်လို့ နောက်တစ်ဆင့် တက်ဖို့ အခက်အခဲ မရှိနိုင်တဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း နာမည်ကြီး အင်္ဂလန် ကတော့ ခရိုအေးရှား၊ ဂါနာ၊ ပနားမား တို့နဲ့ အတူ အုပ်စု L မှာ ကျရောက်နေပြီး အနည်းငယ် ကြပ်တည်းနေတာ တွေ့ရပါတယ်။ 

ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ဘရာဇီးလ် ကတော့ ဒီပြိုင်ပွဲမှ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ဟေတီ၊ အာဖရိက ထိပ်သီး မော်ရိုကို၊ ၁၉၉၈ ကမ္ဘာ့ဖလား အုပ်စုတွင်းမှာ တွေ့ဆုံခဲ့တဲ့ ဥရောပရဲ့ ဝါရင့် နိုင်ငံ လက်ရွေးစင် အသင်း စကော့တလန် စတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလား ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့တဲ့ ဂျာမနီ ကတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသေးငယ်ဆုံး နိုင်ငံ အဖြစ် စံချိန်တင်ခဲ့တဲ့ ကူရာကာအို၊ အာဖရိက ထိပ်သီး အိုင်ဗရီကို့စ်၊ တောင်အမေရိက အသင်း ဖြစ်တဲ့ အီကွေဒေါ တို့နဲ့ ကစားရမှာပါ။ နယ်သာလန် ကလည်း ဂျပန်၊ တူနီးရှားနဲ့ Play off B အဆင့်မှာ ဗိုလ်စွဲမယ့် အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နာမည်ကြီး ဘယ်လ်ဂျီယံ ကတော့ အီဂျစ်၊ အီရန်၊ နယူးဇီလန် တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလား ချန်ပီယံဟောင်း စပိန်က ကိတ်ပ်ဗာဒီ၊ ဆော်ဒီအာရေဗျ၊ ဥရေုဂွေး တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ပြင်သစ် ကတော့ ၂၀၀၂ ကမ္ဘာ့ဖလား အုပ်စုတုန်းက အဖွင့်ပွဲမှာ အရှုံးပေးခဲ့ရတဲ့ ဆီနီဂေါနဲ့ နှစ်ပေါင်း ၂၀ ကျော်အကြာမှာ တစ်အုပ်စုတည်း ပြန်ဆုံနေသလို ဟာလန်းရဲ့ နော်ဝေ အသင်း၊ ပလေးအော့ဖ် ၂ ကနေ တက်ရောက်လာမယ့် အသင်းနဲ့ အတူ ကျနေပါတယ်။

ဒီတော့ လက်တလောမှာ ပြောစရာ ရှိတာက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ရေပန်းအစားဆုံး ဖြစ်နေသလဲ ဆိုတာပါပဲ။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ တတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အင်္ဂလန်

ကမ္ဘာ့ဖလား ပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မယ့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီ ကတော့ ဥဇဘတ်ကစ္စတန်၊ ကိုလံဘီယာနဲ့ inter-confederation play-offs မှာ အနိုင်ရတဲ့ အသင်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ အုပ်စု အခြေအနေအရ ပေါ်တူဂီ အနေနဲ့ အုပ်စု ဒုတိယ မဖြစ်ဖို့တော့ သတိထားရမှာပါ။ အိမ်ရှင် အသင်းတွေ ဖြစ်ကြတဲ့ မက္ကဆီကို၊ ကနေဒါ၊ အမေရိကန် တို့ကလည်း ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် တခြားသော အသင်းတွေထက် စာရင် အနည်းငယ် အုပ်စု ချောင်နေတယ်လို့ သတ်မှတ်လို့ ရပါတယ်။ 

ဒီတော့ လက်တလောမှာ ပြောစရာ ရှိတာက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ရေပန်းအစားဆုံး ဖြစ်နေသလဲ ဆိုတာပါပဲ။ လာမယ့်နှစ် ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန်ဗိုလ်စွဲနိုင်ခြေ ရှိကြောင်း စူပါ ကွန်ပြူတာက ဟောကိန်းထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ မှာ မက်ဆီတို့ အဖွဲ့တွေ ဗိုလ်စွဲခဲ့ကြပြီး ဒီတစ်ခေါက် မှာတော့ စပိန်တို့ ဗိုလ်စွဲနိုင်ခြေက နဂိုကတည်းက မြင့်တက်နေခဲ့တာ ဖြစ်သလို ပြီးခဲ့တဲ့ ယူရို အောင်မြင်မှုတွေက စပိန် တို့ကို ပိုမို ရေပန်းစားလာစေခဲ့ပါတယ်။

အသင်းပေါင်း ၄၈ သင်း ပါဝင်ကစားမယ့် ယခု ကမ္ဘာ့ဖလားမှာ ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်၊ ကူရာကာအို၊ ကိတ်ပ် ဗာဒီတို့လို နိုင်ငံတွေက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်လာကြမှာ ဖြစ်ပြီး အိမ်ရှင်အသင်းတွေကတော့ ရေပန်းစားခြင်း ရှိမနေကြပါဘူး။

စပိန်က ထိပ်ဆုံးမှ ရေပန်းစားနေကာ ပြင်သစ်က ဒုတိယ၊ အဂ်လန်က တတိယ အဆင့် အနေနဲ့ ရေပန်းစားနေပါတယ်။ အာဂျင်တီးနား ကတော့ နံပါတ် ၄ နေရာ မှာသာ ရှိနေကာ ဂျာမဏီ၊ပေါ်တူဂီ၊ ဘရာဇီးလ်၊ ဟော်လန်၊ နော်ဝေ၊ ကိုလံဘီယာ အစရှိသဖြင့် အသီးသီး ရေပန်းစားပါတယ်။

မက်ဆီ နဲ့ ရိုနယ်ဒိုတို့ရဲ့ အကျပိုင်း ရောက်လာမှုတွေကြောင့် အာဂျင်တီးနားနဲ့ ပေါ်တူဂီတို့ အဆင့်ကျဆင်းလာဖွယ် ရှိနေပြီး Goat နှစ်ယောက်ရဲ့ နောက်ဆုံး ကမ္ယာ့ဖလားလည်း ဖြစ်လာနိုင်ပါတယ်။ ကူရာကာအိုကတော့ ယခုမှ ပထမဆုံးအကြိမ် ဝင်ရောက် ကစားခွင့် ရခဲ့တာ ဖြစ်သလို အသေးငယ်ဆုံးသော ကမ္ဘာ့ဖလား ဝင်ခွင့်ရ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဗိုလ်စွဲနိုင်ခြေ ဇီးရိုး ရာခိုင်နှုန်း ရှိနေတဲ့ ဟေတီ ကလည်း ၁၉၇၄ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ပြန်လည် ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်