မန်ချက်စတာစ်ီးတီး နည်းပြ ပပ် ဂွါဒီယိုလာနဲ့ အာလင်း ဟာလန်း ကတော့ ပရီးမီးယားလိဂ် ဇယား ထိပ်က ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေး စကားတွေ ပြောဆိုလာခဲ့ပါတယ်။ ဂွါဒီယိုလာက အာဆင်နယ်ကို ကျော်တက်ဖို့ ခက်ခဲမယ်လို့ ဝန်ခဲ့ခဲ့သလို ဂန်းနားတွေကို အမှီလိုက်နေတဲ့ ချဲလ်ဆီးကို ပိုပြီး အထင်ကြီးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဟာလန်း ကတော့ အာဆင်နယ် အကြောင်း ခေါင်းထဲက ထုတ်ပြီး ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ထားသင့်ကြောင်း အသင်းဖော်တွေကို သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ၅ မှတ် အကွာ ဒုတိယနေရာ ကနေ လိုက်လံ ဖိအားပေးနေတာ ဖြစ်ပါတယ်။ ကြားရက်မှာ ကစားတဲ့ ပွဲကြပ်တွေမှာတော့ ချဲလ်ဆီးက မထင်မှတ်ပဲ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ ၉ မှတ် ကွာဟသွားပြီး ချန်ပီယံ ပြေးလမ်း ကနေ သူ့ဘာသာပဲ သွေဖယ်သွားခဲ့ပါတယ်။
ဂွါဒီယိုလာက ချဲလ်ဆီးတို့ လိဒ်စ်ကို ရှုံးနိမ့်တဲ့ ပွဲမတိုင်ခင်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက ဒီရာသီမှာ အာဆင်နယ်ကို ကျော်တက်ဖို့က ခက်ခဲလိမ့်မယ် ဆိုတဲ့ စကားကို ဆက်လက် ပြောကြားခဲ့ပြီး ချဲလ်ဆီး ကလည်း ဆုဖလား စိန်ခေါ်နိုင်စွမ်း ရှိသူတွေလို့ ချီးကျူးခဲ့ပါတယ်။ ဂွါဒီယိုလာက “အာဆင်နယ်က အရမ်းအားကောင်းပြီး အရမ်း ကျစ်လစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ရမလဲ ဆိုတာ သိပါတယ်။ ကျွန်တော်တို့ အမှတ်တွေ လျော့ကျရင် အရမ်းခက်ခဲသွားလိမ့်မယ် ဆိုတာ သိပါတယ်။ ကျွန်တော် တို့ရဲ့ စိတ်ထဲမှာ အရမ်းခက်ခဲလိမ့်မယ် ဆိုတာကို ထည့်ထားရမှာ ဖြစ်ပေမယ့် တချိန်တည်းမှာပဲ ပရီးမီးယားလိဂ်က အရမ်းပဲ ရှည်လျားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “ကျွန်တော်က ပရီးမီးယားလိဂ်မှာ အသက်အကြီးဆုံး နည်းပြ ဖြစ်လာနိုင်တယ် ဆိုတာ ခင်ဗျားကို ကတိပေးနိုင်ပြီး ပရီးမီးယားလိဂ် ဖလားကို အနိုင်ရဖို့ အတွက် တိုက်ပွဲဝင်ဖို့ ကြိုးစားတဲ့ နေရာမှာ အချိန်အကြာကြီး ဖြတ်သန်းနိုင်ဖို လုံလောက်တဲ့ အတွေ့အကြုံလည်း ရှိပါတယ်။ ပြိုင်ပွဲက အရမ်းပဲ ရှည်လျားပါတယ်။ ချဲလ်ဆီးနဲ့ မာရက်စ်ကာက ကျွန်တော့်ကို ပိုပိုပြီး အထင်ကြီးလာစေပေမယ့် အရမ်းပဲ ရှည်လျားတဲ့ ပြိုင်ပွဲပါ။ ပရီးမီးယားလိဂ်က အရမ်းရှည်လျားပြီး အများကြီး ဖြစ်သွားနိုင်ပါတယ်။”
“ကျွန်တော်တို့ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် ရခဲ့ပြီး အဲဒီထဲက ၄ ကြိမ်၊ ၅ ကြိမ်လောက်က ကျွန်တော်တို့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှ အနောက် ကနေ လိုက်ကစားခဲ့ရတာပါ။ ပရီးမီးယားလိဂ် ဖလားကို အနိုင်ရတဲ့ အသင်းက အဲဒီလတွေ အတွင်းမှာ ကြီးထွားလာတဲ့ အသင်းတွေပဲ ဖြစ်ပြီး ဒါက ကျွန်တော်တို လုပ်ဖို ကြိုးစားနေတဲ့အရာပါ။ ဒဏ်ရာ မရဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြိုင်ပွဲက အရမ်းရှည်လျားလို့ပါ။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်း မှာပဲ ဟာလန်းက “အာဆင်နယ် နိုင်ပွဲတွေ ရယူထားနိုင်တယ် ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိထားပါတယ်။ ဒါပေမယ့် သူတို့ အကြောင်းကို ခေါင်းထဲက ထုတ်ထားဖို့ လိုအပ်ပါတယ်။ သူတို့ အကြောင်း အများကြီး မတွေးနေတာ ကောင်းပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံအပြည့်စိုက်ထားဖို့ လိုပြီး အသင်းလိုက် တိုးတက်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ကျွန်တော် တို့ရဲ့ တစ်ခုထဲသော အာရုံစိုက်ရမယ့် အကြောင်းက ကိုယ့်အကြောင်း ကိုယ်ပဲ ဖြစ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


