နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာအို နီးဗက်စ်ကို ခေါ်ယူချင်နေတဲ့ မန်စီးတီး၊ ဟယ်ရီကိန်းကို လက်လွှတ်သွားမှာ မဟုတ်တဲ့ ဘေယန်မြူးနစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒါဝင် နူညက်ဇ် ကတော့ လစ်ဗာပူးလ်မှာ ပွဲချိန် အကန့်အသတ်နဲ့ ကစားနေရတာကို စိတ်ပျက်လျက် ရှိပြီး လာမယ့် နွေရာသီမှာ အန်းဖီးလ် ကနေ ထွက်ခွာချင်နေကြောင်း သိရပါတယ်။ ဒါကြောင့် သူ့ အတွက် ကမ်းလှမ်းမှုတွေကို အဆက်မပြတ် နားစွင့်လျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

နေမာ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ဒီနွေရာသီမှာ ပြန်လည် ပေါင်းစည်းနိုင်ဖို့ အတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ သူ့ရဲ့ လူမှုဘဝကို ပြင်းပြင်းထန်ထန် ပြောင်းလဲပစ်မယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ကတော့ နေမာကို ပြန်လည် ခေါ်ယူဖို့ သိပ်ပြီး စိတ်ဝင်စားမှု မရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ နေမာရဲ့ အေးဂျင့် ဇဟာဗီ ကတော့ သူ့ရဲ့ ကစားသမား အတွက် ဘေယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ကိုလည်း လိုက်လံ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ်ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားကို ခေါ်ယူချင်ရင်တော့ မန်စီးတီး အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရမှာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်း ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။
ဘေယန်မြူးနစ်မှာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနေတဲ့ ဟယ်ရီကိန်း

ဘိုလော့ဂ်နာ တိုက်စစ်မှူး ဆန်တီယာဂို ကတ်စထရို ကတော့ ဒီနွေရာသီမှာ အာဆင်နယ် ကင်းထောက်တွေရဲ့ မျက်စိကျခြင်း ခံနေရတယ်လို့ သိရပါတယ်။ အာဆင်နယ် ကတော့ ထိပ်တန်းအဆင့် တိုက်စစ်မှူး တစ်ဦး လိုအပ်နေတဲ့ အသင်း ဖြစ်ပြီးတော့ နာမည်ကျော် တိုက်စစ်မှူး များစွာ ကိုလည်း ချိတ်ဆက်လျက် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့်ရာသီမှာ ပြည်တွင်းဖြစ် ဂိုးသမား တစ်ဦး အလိုရှိနေပြီးတော့ အသက် ၂၆ နှစ် အရွယ် ဘလက်ဘန်း ရိုဗာ ဂိုးသမား အင်စလေ ပီယားစ်ကို ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်းတန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ဒီနွေရာသီမှာ ထွက်ခွာခွင့် ပေးသွားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဟယ်ရီကိန်း ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြပါတယ်။

ဂျူဗင်တပ်စ်နဲ့ နယူးကာဆယ်တို့ ကတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အလဲအလှယ် ပြီးတော့ ဆန်ဒရို တိုနာလီကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် ထည့်သွင်းသွားဖို့ ရှိနေကြောင်း Calciomercatoက ဖော်ပြခဲ့ပါတယ်။ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကတော့ အက်စတွန်ဗီလာမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စီးရီးအေ မှာတော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမား ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် ကို ပြန်လည် ပြောင်းရွှေ့ ကစားချင်နေတာ ဖြစ်ပါတယ်။

ဖီယင်နော့ဒ်ရဲ့ ဗဟိုနောက်ခံလူ ဒေးဗစ် ဟန့်ချ်ကို ကတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ အတွက် ပစ်မှတ် ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်