ဘရာဇီးလ် နာမည်ကျော် တိုက်စစ် ကစားသမား နေမာ ဂျူနီယာ ကတော့ လာမည့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဥရောပမှာ ပြန်လည် ကစားဖို့ စီစဉ်လျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် နေမာရဲ့ အေးဂျင့် ဇဟာဗီက သူ့ရဲ့ ကစားသမား အတွက် လာလီဂါ ကလပ် ဘာစီလိုနာ၊ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အပါအဝင် ထိပ်တန်း ကလပ် များစွာနဲ့ ချိတ်ဆက်လျက် ရှိကြောင်းလည်း သိရသည်။
လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပြီးနောက် ဘရာဇီးလ် ကလပ် ဆန်းတို့စ်ကို ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပါတယ်။ ဆန်းတို့စ်ဟာ နေမာရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ စတင်ရာ ကလပ်လည်း ဖြစ်ပြီး ၆ လ စာချုပ်နဲ့ ကစားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေမာက ဆန်းတို့စ်ကို ပြန်လည် ရောက်ရှိချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည် ရရှိနေပြီးတော့ ၇ ပွဲ ကစားရာမှာ ၃ ဂိုး သွင်းပြီး ၃ ဂိုး ဖန်တီးထားပါတယ်။
နေမာ အနေနဲ့ ဆန်းတို့စ်မှာ ခြေစွမ်းပြ ကစားနေတာကြောင့် ၁၇ လကြာ ဝေးကွာနေတဲ့ ဘရာဇီးလ် လက်ရွေးစင် အတွက်လည်း ပြန်လည် ရွေးချယ်ခံထားရပါတယ်။ နေမာဟာ လာမယ့် ဘောလုံး ရာသီ ဥရောပမှာ ပြန်လည် ကစားဖို့ ဆန္ဒရှိနေပြီးတော့ လက်ရှိ မှာတော့ သူ့ရဲ့ အေးဂျင့် ဇဟာဗီက အသင်းဟောင်း ဘာစီလိုနာ၊ ဘေယန်မြူးနစ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

နေမာကို လာလီဂါ အသင်းဟောင်း ဘာစီလိုနာက ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားမှု နည်းပါးနေပေမယ့်လည်း ဘေယန်မြူးနစ် ကတော့ ဘရာဇီးလ်သားကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တခြားသော သတင်း်တွေ အရ ဆိုရင်တော့ နေမာရဲ့ အေးဂျင့် ဇဟာဗီက ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေနဲ့ပါ ချိတ်ဆက်နေပေမယ့်လည်း ကစားသမား ကတော့ အင်္ဂလန်ကို ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားမှု နည်းပါးနေကြောင်း သိရပါတယ်။
နေမာ အဓိက ပြောင်းရွှေ့ ကစားလိုတဲ့ ကလပ် ကတော့ အသင်းဟောင်း ဘာစီလိုနာ ဖြစ်ပြီးတော့ လစာလျှော့ယူဖို့ အတွက်လည်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဆန်းတို့စ် ကတော့ နေမာကို လက်လွှတ်လိုခြင်း မရှိဘဲ စာချုပ်သစ် ချုပ်ဆိုဖို့လည်း အသင့်ရှိနေကြောင်း သိရပါတယ်။
နေမာဟာ ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ ၂၀၀၉ ကနေ ၂၀၁၃ ခုနှစ် အထိ ပွဲပေါင်း ၂၂၀ ကစားကာ ၁၃၄ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အထိ လာလီဂါ ကလပ် ဘာစီလိုနာမှာ ကစားခဲ့ပြီးတော့ ၁၈၆ ပွဲ ကစားကာ ၁၀၅ ဂိုး သွင်းယူခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မှာတော့ နေမာက ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီး ၁၇၃ ပွဲ ကစားကာ ၁၁၈ ဂိုး သွင်းယူခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မှာတော့ နေမာက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာကို ပြောင်းရွှေ့ခဲ့ပြီးတော့ စံချိန်တင် လုပ်ခလစာလည်း ရရှိခဲ့ပေမယ့် နှစ်ရာသီ အတွင်း ၇ ပွဲသာ ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.