ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုဘီ မိန်းနူး ကတော့ လက်ရှိ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှု အတွက်လည်း လမ်းဖွင့်ထားကြောင်း သိရပါတယ်။ အကယ်၍ အင်္ဂလန် ကြယ်ပွင့် အနေနဲ့ အိုးထရက်ဖို့ဒ် ကနေ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့မယ် ဆိုရင်တော့ ကိုးလ် ပါးလ်မားထက် လစာပိုလိုချင်နေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် ကတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဆက်စ်ကို ကိုတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ပယ်ချခံထားရပါတယ်။

ချဲလ်ဆီး ကတော့ ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် ကတော့ အသက် ၂၁ နှစ် အရွယ် ကစားသမား အတွက် ယူရို သန်း ၈၀ (ပေါင် ၆၇ သန်း) သုံးစွဲဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အကယ်၍ လစ်ဗာပူးလ်က သူတို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမား လူးဝစ် ဒီးယက်ဇ်ကို ဘာစီလိုနာထံ ဆုံးရှုံးခဲ့ရမယ် ဆိုရင်တော့ အေစီမီလန်က ရာဖေးလ် လီယောင်နဲ့ အစားထိုးဖို့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ဘာစီလိုနာ ကလည်း ပေါ်တူဂီ တိုက်စစ်မှူးကို စိတ်ဝင်စားနေကြကြောင်း Fichajes က ဖော်ပြထားပါတယ်။
အီဒါဆင်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး ကနေ ထွက်ခွာဖို့ ရှိနေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် ၃ သင်း ဖြစ်တဲ့ အဲလ်ဟီလာ၊ အဲလ်နာဆာ၊ အဲလ် အစ်တီဟတ် တို့က စိတ်ဝင်စားနေပြီး ယူရို သန်း ၃၀ ကနေ ၃၅ သန်း အကြား သုံးစွဲရဖို့ ရှိနေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေကို နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အတွက်တော့ မာတင်နယ်လီကို ရောင်းချပြီး ငွေကြေး တစ်ရပ် ရှာဖွေဖို့တော့ ရည်ရွယ်ချက် မရှိကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ တိုနီ ခရူးစ် လက်သစ် အဖြစ် သတ်မှတ်ခံထားရတဲ့ ဖရန့်ဖတ် ကွင်းလယ်လူ ဟူဂို လာဆင်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ နောက်ထပ် အံ့အားသင့်စရာ အပြောင်းအရွှေ့ သတင်း တစ်ခု ကတော့ ဘာစီလိုနာဟာ လာလီဂါ မဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ အရန် ဂိုးသမား အန်ဒရီ လူနင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူနင်ကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ယူရို သန်း ၄၀ (ပေါင် ၃၃.၆ သန်း) ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.