ဒေးဗစ် မွိုက်စ်က သူ့ အနေနဲ့ အဲဗာတန်ကို ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး ကယ်တင်ဖို့ထက် ဥရောပ ဝင်ခွင့်ရတဲ့ အသင်း ဖြစ်လာအောင် ရည်မှန်းထားတယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အဲဗာတန်ဟာ အခုရာသီ အစပိုင်းမှာ တောက်လျောက် ရုန်းကန်ခဲ့ရပေမယ့် နည်းပြဟောင်း ဒေးဗစ် မွိုက်စ်နဲ့ ပြန်လည် လက်တွဲခဲ့ချိန် မှာတော့ ရလဒ်ပိုင်း တိုးတက်မှုတွေလည်း ရှိနေပါတယ်။
အဲဗာတန်ဟာ ဒေးဗစ် မွိုက်စ် ပြန်လည် ကိုင်တွယ်ချိန်မှာ ၄ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ် ရရှိထားပြီး ပရီးမီးယားလိဂ် မှာ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလား မှာတော့ ဘုန်းမောက် ကိုသာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဗာတန်က တော့တင်ဟမ်ဟော့စပါး၊ ဘရိုက်တန်၊ ပဲလေ့စ် တို့ကို အနိုင်ကစားထားပြီး လစ်ဗာပူးလ်နဲ့ ယူနိုက်တက်ကို သရေ ကစားထားခဲ့တာကို ကြည့်ခြင်း အားဖြင့် ခြေစွမ်းပိုင်းက အားရစရာကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် အဲဗာတန်က မနေ့ညက ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ သရေရခဲ့ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ ပွဲကစားချန် မိနစ် ၇၀ ကျော်အထိ ဘရန့်ဖို့ဒ်ကို အရေးနိမ့်နေခဲ့ပေမယ့် အိုဘရိုင်ယန်ရဲ့ နောက်ကျ ချေပဂိုးနဲ့ သရေ တစ်မှတ် ရခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့ညက ပွဲတွေ အပြီးမှာ အဲဗာတန်က ရမှတ် ၃၂ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်နဲ့တော့ ၁၅ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ် မွိုက်စ်က သူ ကိုင်တွယ်နေတဲ့ အသင်းကို လာမယ့် ရာသီတွေမှာ အဲဗာတန်နဲ့ အတူ ဥရောပ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်ရဖို့ ရည်မှန်းချက်ထားပြီး အသင်းကို တိုးတက်လာစေဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ်က TNT Sports နဲ့ အင်တာဗျူးမှာ “ကျွန်တော်က အသင်းကို တန်းမဆင်းရအောင် ကယ်တင်မယ့်သူ မဖြစ်ချင်ပါဘူး။ ဝက်စ်ဟမ်းမှာ ၃ နှစ်လောက် ဖြတ်သန်းခဲ့တုန်းကလိုပဲ ဥရောပ အတွက် ယှဉ်ပြိုင်တဲ့ မန်နေဂျာ တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်တော့ အဲဗာတန်က ဆိုးရွားတဲ့ အနေအထားမှာ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အောက်ကို ကြည့်မယ့် အစား အထက်ကိုပဲ မျှော်ကြည့်ချင်ပါတယ်။ ဒီနေ့ ပွဲမှာ သရေရလို့ စိတ်ပျက်မိပါတယ်။ ဒီနေ့ အနည်းဆုံး အမှတ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော်တို့ စနေနေ့ (ယူနိုက်တက်နဲ့ ၂ ဂိုးစီ သရေကျ)က ပွဲမှာ အမှတ်တွေ ပိုရခဲ့သင့်ပါတယ်။ ဒီနေ့မှာတော့ အနည်းဆုံး တစ်မှတ်ထက် ပိုပြီး ထိုက်တန်ခဲ့ပါတယ်။ အသင်း ကစားသမားတွေရဲ့ ပထမပိုင်း ကစားပုံကို တကယ် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် အဲဒါ အတွက် ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ “ဒါက တရားမျှတတဲ့ ရလဒ် ဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့ အဲဗာတန်ကို တကယ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အတော်လေး ကောင်းမွန်တဲ့ ပွဲ တစ်ပွဲကို ကစားခဲ့ရပေမယ့် ၂-၀နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ဖို့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲ အပြီးမှာ ဘရန့်ဖို့ဒ် ကတော့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေပြီးတော့ ထိပ်ဆုံး ၁၀ သင်းနဲ့ ၄ မှတ် အကွာမှာ ဆက်လက် ရပ်တည်နေပြီးတော့ အိမ်ကွင်း ပွဲစဉ် ၆ ပွဲမှာ နိုင်ပွဲ မရရှိခဲ့ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.