ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ကတော့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းသွားမှာ ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အပြီးမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
လက်ရှိမှာ နယူးကာဆယ်က အမှတ်ပေးဇယား အဆင့် ၄ နေရာက ရမှတ် ၄၄ မှတ် ရထားတဲ့ မန်စီးတီးနဲ့ ၃ မှတ် ကွာဟနေပြီး လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရုန်းကန်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပွဲ ကစားဖို့ ကျန်ရှိနေပြီးတော့ လစ်ဗာပူးလ်၊ ဘရိုက်တန်၊ မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ အာဆင်နယ် တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။

လက်ရှိမှာ နယူးကာဆယ်ရဲ့ ဘဏ္ဍာရေး အခြေအနေ ကတော့ အဆင်ပြေနေပြီးတော့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့လည်း ကိုက်ညီနေပါတယ်။ ဒါကြောင့် လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင်လည်း အဓိက ကစားသမားတွေကို ရောင်းချမှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အလက်ဇန္တား အိဆက်ခ်နဲ့ ဘရူနို ဂီမာရေးစ် တို့ဟာ အသင်းကြီးတွေ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ဒီကစားသမားတွေကို နယူးကာဆယ် အနေနဲ့ အသင်းမှာ ဆက်ထိန်းဖို့ မလွယ်ကူကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
ပရီးမီးယားလိဂ် ကလပ် အနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အိဆက်ခ်ကို လုံးဝ ရောင်းချဖို့ ဆန္ဒ မရှိပေမယ့် ကစားသမားရဲ့ ဆန္ဒကို တားဆီးနိုင်ခြင်း မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ နယူးကာဆယ်က အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ အထိ အလိုရှိနေတာ ဖြစ်ပြီး လက်ရှိမှာတော့ အိဆက်ခ်ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိရင် သင့်တော်တဲ့ နှုန်းထားနဲ့ ရောင်းထုတ်ပေးရမယ်လို့ နယူးကာဆယ် ဘက်ကို တောင်းဆိုခဲ့ထားခဲ့ပါတယ်။
အဲဒီလို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ချိန် မှာတော့ ပေါင် ၈၃ သန်း (ယူရို သန်း ၁၀၀)နဲ့ ထွက်ခွာခွင့် ပေးရဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟာ လက်ရှိ ရာသီမှာ နယူးကာဆယ် အတွက် တောက်လျောက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြပါတယ်။ အိဆက်ခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၂၃ ပွဲ ကစားကာ ၁၇ ဂိုး သွင်းယူကာ ပြိုင်ပွဲစုံ မှာတော့ ၂၉ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.