နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်မှာ စပါးကို ဂိုးပြတ် ဆုံးမပြီး နှစ်နှစ်ဆက်တိုက် ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းခဲ့တဲ့ လစ်ဗာပူးလ်

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မှာ‌တော့ လစ်ဗာပူးလ်က စပါးကို ၄-၀ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်က ပထမအကျော့ စပါးရဲ့ အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပေမယ့် အန်ဖီးလ် မှာတော့ ဂိုးပြတ် ပြန်လည် အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄-၁ နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လစ်ဗာပူးလ်က ၄-၂-၃-၁ အခင်းအကျင်းကို အသုံးပြုသွားခဲ့ပြီး နူညက်ဇ်ကို အထောင်ထားကာ ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဂက်ခ်ပို တို့နဲ့ ဝန်းရံစေခဲ့ပါတယ်။ ကွင်းလယ်မှာ ဂရာဗန်ဘက်ချ်၊ ကာတစ် ဂျုံးစ် အတွဲအဖက်နဲ့ အတူ ခံစစ်မှာ ဘရက်ဒ်လီ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂိုးမှာ ခယ်လာဟာ ပွဲထွက်ခဲ့ပါတယ်။ စပါး ကလည်း ဒဏ်ရာရ ကစားသမား များပြားနေခဲ့ပေမယ့် အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းနဲ့ ပွဲထွက်လာပြီး ဆွန်၊ ရစ်ချာလီဆင်၊ ကူလူဆက်ဗ်စကီး၊ ဆား၊ ဘန်တန်ကာ၊ ဘစ်ဆူးမား၊ စပန့်စ်၊ ဒေးဗီးစ်၊ ဒန်ဆို၊ ဂရေး၊ ကင်စကီး တို့ ပါဝင်လာခဲ့ပါတယ်။

နယူးကာဆယ် ကတော့ ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး သူတို့ တစ်ကြိမ် တစ်ခါမှ မရရှိဖူးတဲ့ လိဂ်ဖလား အောင်မြင်မှုကို ရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။
ခရာဘောင်ဖလားမှာ တစ်ကြိမ်တစ်ခါမှ အောင်မြင်မှုမရဖူးသေးတဲ့ နယူးကာဆယ်

လစ်ဗာပူးလ်က ပထမအကျော့တုန်းက ရှုံးနိမ့်ထားခဲ့လို့ ဒီနေ့ပွဲမှာ ရလဒ်ကို ပြောင်းပြန် လှန်နိုင်ဖို့ အားထည့် ကစားလာတာ တွေ့ရပါတယ်။ ပွဲချိန် အစောပိုင်းမှာပဲ ဆာလာရဲ့ ပေးပို့မှုကို ဆိုဘို့ဇ်လိုင်း အဆုံးသတ်ခဲ့ပေမယ့် လူကျွံနေလို့ ဦးဆောင်ဂိုး မရခဲ့ပါဘူး။ ဒါပေမယ့် လစ်ဗာပူးလ်တို့ ဧည့်သည် အသင်း ဘက်ကို တရစပ် တိုက်စစ်ဆင်ရင်း ပွဲချိန် ၃၄ မိနစ် မှာတော့ ဆာလာရဲ့ ပေးပို့မှု ကနေပဲ ဂိုးရှေ့မှာ အသင့် ရှိနေတဲ့ ကိုဒီ ဂက်ခ်ပိုက ပိတ်သွင်းခဲ့လို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒုတိယပိုင်း ၅၁ မိနစ် မှာတော့ နူညက်ဇ်ကြောင့် ရတဲ့ ပင်နယ်တီကို မိုဟာမက် ဆာလာက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ လစ်ဗာပူးလ်တို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပြီး လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းပြီး သွင်းဂိုးတွေ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

လစ်ဗာပူးလ် အတွက် အနိုင်သေချာစေမယ့် ဂိုးတွေ ကိုတော့ ဆိုဘို့ဇ်လိုင်းနဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့က သွင်းယူပေးခဲ့ပြီး ပွဲအပြီး မှာတော့ ၄-၀ ရလဒ်နဲ့ လစ်ဗာပူးလ်တို့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဧည့်သည် စပါးက လစ်ဗာပူးလ်ရဲ့ ကစားကွက် အောက်မှာပဲ နစ်မြုပ်နေခဲ့ရပြီး တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် ၅ ကြိမ် ပြုလုပ်ပြီး ဂိုးပေါက် တည့်မှု ကတော့ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ လစ်ဗာပူးလ် ကတော့ စပါး ဂိုးပေါက်ကို ကန်သွင်းမှု ၂၆ ကြိမ်အထိ ရှိခဲ့ကာ ဂိုးပေါက် ၁၀ ကြိမ် တည့်ပြီး သွင်းဂိုး ၄ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါး တိုက်စစ်မှာ ကစားသမားသစ် မက်သီ တဲလ် ၄၅ မိနစ် ဝင်ရောက် ကစားခဲ့ပေမယ့် ဘောလုံး ထိချက် ၁၈ ကြိမ် ရှိခဲ့ပြီး ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ခံစစ် ကစားသမားသစ် ဒန်ဆို ကလည်း Rating အနိမ့်ဆုံး ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ နှစ်နှစ် ဆက်တိုက် ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ၄ နှစ် အတွင်း ၃ ကြိမ် ချန်ပီယံ ဖြစ်ဖို့ လက်တကမ်း အကွာကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ခရာဘောင်ဖလား ဗိုလ်လုပွဲ မှာတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး သူတို့ တစ်ကြိမ် တစ်ခါမှ မရရှိဖူးတဲ့ လိဂ်ဖလား အောင်မြင်မှုကို ရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်