နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက်တေးတားကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး နေရာမှာ ရေရှည် အင်အားဖြည့်တင်းဖို့ ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာက ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ မှာ ကလည်းက တိုက်စစ်မှူးသစ် ရှာဖွေနေခဲ့တာ ဖြစ်ပြီး ကစားသမား အများအပြားကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားခဲ့တာပါ။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ်က ခရစ္စတဲလ်ပဲလေ့စ်က ပြင်သစ် တိုက်စစ်မှူး ဂျင်း ဖီးလစ် မက်တေးတားကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ စပိန် အခြေစိုက် သတင်းမီဒီယာ တစ်ခု ဖြစ်တဲ့ Fichajes ကနေ ဖော်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ လာလီဂါ ကလပ်ရဲ့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးဟာ အသက် ၃၆ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် အသင်း အတွက် အားထားနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ရေရှည် အတွက် လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ စီစဉ်နေရပြီး လာမယ့် နွေရာသီ မှာတော့ မဖြစ်မနေ တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး အများအပြားကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာက လက်ရှိ မှာလည်း ပဲလေ့စ်ရဲ့ ပြင်သစ် တိုက်စစ်မှူး မက်တေးတားကို ချိန်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။ မက်တေးတားဟာ ၂၀၂၁ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် မိန့်ဇ် ကနေ ပဲလေ့စ်ကို အငှားနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ လာလီဂါ ကလပ်ရဲ့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးဟာ အသက် ၃၆ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် အသင်း အတွက် အားထားနေရဆဲ ဖြစ်ပါတယ်။
တိုက်စစ် ကစားသမားသစ် တစ်ဦး ရှာဖွေနေတဲ့ ဘာစီလိုနာ

ပဲလေ့စ်က အသင်း အတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်တေးတားကို အပြီးသတ် ခေါ်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီ ကလည်း သူရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးက ပြီးခဲ့တဲ့ ရာသီက ပဲလေ့စ် အတွက် ပြိုင်ပွဲစုံ ၁၉ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း သွင်းဂိုး ၁၆ ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် မက်တေးတားက ပြင်သစ် အိုလံပစ် အသင်း အတွက်လည်း အရွေးချယ်ခံခဲ့ရပြီး ထပ်မံ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

မက်တေးတားက လက်ရှိ ရာသီမှာလည်း ပဲလေ့စ်အတွက် ပြိုင်ပွဲစုံ ၁၃ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ် သွင်းဂိုးက ၁၀ ဂိုး အထိ ရှိထားပါတယ်။ လက်ရှိမှာ ပြင်သစ်သားကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အပါအဝင် လာလီဂါ ကလပ် ဘာစီလိုနာ ကပါ ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။ မက်တေးတားဟာ ၂၀၂၆ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဘာစီလိုနာတို့ သတင်းတွေ ထွက်နေတဲ့ အတိုင်း ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ် ကတော့ အသင်းမှာ မက်တေးတား အပြင် အသင်းခေါင်းဆောင် နောက်ခံလူ ဂူဟီ၊ ကွင်းလယ် တိုက်စစ် ကစားသမား အီးဇီးနဲ့ ကွင်းလယ် ခံစစ် ကစားသမား ဝှာတန် တို့ကိုပါ လာမယ့် နွေရာသီမှာ လက်လွှတ်ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ် ဘာစီလိုနာက မက်တေးတား အပြင် ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ မူနော့ဇ် ကိုပါ စိတ်ဝင်စားနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်