ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီမှာ ညာနောက်ခံလူကို ထရန့် အလက်ဇန္တား အာနိုးလ်ကို လက်မလွှတ်ရရေး အတွက် အတတ်နိုင်ဆုံး ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေသေးကြောင်း သိရပါတယ်။
အာနိုးလ်ဟာ လာမယ့် နွေရာသီမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတာကြောင့် လစ်ဗာပူးလ် ဘက်က နောက်ဆုံး အနေနဲ့ စိတ်ခံစားမှု ဆိုင်ရာ ချိတ်ဆက်မှုတွေကို အသုံးချပြီး စွဲဆောင်ဖို့ စီစဉ်နေတာ ဖြစ်ကြောင်း စပိန် သတင်းဌာန တစ်ခု ဖြစ်တဲ့ AS က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အလက်ဇန္တား အာနိုးလ် ကတော့ လာမယ့် ဇွန်လမှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာပါ။ ဒါကြောင့် အာနိုးလ်က မာဆေးလ်ဆိုက်ဒ် ကလပ်မှာ သူ့ရဲ့ နောက်ဆုံး ရာသီကို ဖြတ်သန်းပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ စပိန် ဘီလူးတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အင်္ဂလန် ညာနောက်ခံလူ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး ကမ်းလှမ်းမှုတွေလည်း အများအပြား ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာနိုးလ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ဖို့ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရထားပြီး ဖြစ်ပေမယ့် လစ်ဗာပူးလ် ကတော့ မျှော်လင့်ချက်ကို လက်လွှတ်မခံသေးပါဘူး။ AS ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ အာနိုးလ် အတွက် ငွေကြေးပိုင်းနဲ့ ကမ်းလှမ်းနိုင်မှု မိုင်ကုန်သွားပြီ ဖြစ်တာကြောင့် သူ့ရဲ့ ငယ်ဘဝ ကလပ် ဖြစ်တယ် ဆိုတဲ့ အချက်ကို အခြေခံပြီး စိတ်ပိုင်းဆိုင်ရာအရ တွန်းအားပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်သာ ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် တို့မှာ အောင်မြင်မှု ရရှိခဲ့ရင်တော့ အာနိုးလ် အနေနဲ့ အသင်းမှာ ဆက်နေသွားဖွယ် ရှိကြောင်းလည်း AS က ဖော်ပြပါတယ်။
![လစ်ဗာပူးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ် မှာလည်း ခြေစွမ်းပြပြီး ရလဒ်တွေ ကောင်းမွန်နေပါတယ်။](https://olahragamania.com/wp-content/uploads/2025/02/Trent-Alexander-Arnold-leaves-the-game-Bournemouth-vs-Liverpool-Premier-League-2024-25.jpg)
လစ်ဗာပူးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ် မှာလည်း ခြေစွမ်းပြပြီး ရလဒ်တွေ ကောင်းမွန်နေပါတယ်။ တခြား ပြည်တွင်း ပြိုင်ပွဲတွေ ဖြစ်တဲ့ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ အတွက် မျှော်လင့်ချက် ရှိနေသလို အက်ဖ်အေဖလား မှာလည်း ချန်ပီယံလမ်းကြောင်း ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ တချို့သော သတင်းတွေ မှာတော့ အာနိုးလ်က လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လုပ်ခလစာ အပြင် ပွဲထွက် ကစားခွင့်နဲ့ ပတ်သတ်လို့ ၉၀ ရာခိုင်နှုန်း သဘောတူညီမှု ရရှိထားပြီး လက်မှတ်ထိုးဖို့သာ ကျန်ရှိတော့ကြောင်း ဖော်ပြလျက် ရှိပါတယ်။
အာနိုးလ်ဟာ လစ်ဗာပူးလ် အတွက် ပွဲပေါင်း ၃၄၁ ပွဲ ကစားထားပြီး ၂၁ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် အင်္ဂလန်သားက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရရှိထားပါတယ်။ ဒါ့အပြင် အာနိုးလ်က နည်းပြသစ် အာနေး ဆလော့တ် လက်အောက် မှာလည်း အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ဒီရာသီ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံမှာ ၃၁ ပွဲ ကစားပြီး ၂ ဂိုးသွင်းကာ ၇ ဂိုး ဖန်တီးပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.